Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာ့ရိုးရာ အစားအစာပြပွဲ ပုဂံလောကနန္ဒာဘုရားမှာ ပြုလုပ်မည်

ပုဂံဟိုတယ်ဇုန်အပါအ၀င် ဟိုတယ်ဇုန်ငါးခုမှာ ရိုးရာအစားအစာတွေကို ချက်ပြုတ်ပြသမယ့် မြန်မာ့ရိုးရာ

အစားအစာပြပွဲကို ပုဂံဒေသ လောကနန္ဒာဘုရားမှာ ပြုလုပ်သွားမယ်လို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရပါတယ်။

 

အစားအစာပြပွဲ ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကို ဇွန်လ ၂၂ ရက်နေ့က ၀န်ကြီးဌာနနဲ့အတူ ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရီးသွားနှင့် ဟိုတယ်လုပ်ငန်းအသင်းအဖွဲ့များ ပူးပေါင်းကျင်းပခဲ့ကြပါတယ်။

 

ယင်းပွဲကို သြဂုတ်လ ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ ကျင်းပသွားမှာဖြစ်ကြောင်း သိရပါတယ်။

 

Read more >>>> ဒညင်းသီးနဲ့ ပုစွန်ခြောက်ငါးပိချက်

 

လက်ရှိဆွေးနွေးမှုများအရ ဇုန်ငါးဇုန်မှ ရိုးရာအစားအစာများကို ပြခန်း ၂၀ နဲ့ ပြင်ဆင်ချက်ပြုတ်ခင်းကျင်းပြသရန် စီစဉ်ထားကြောင်း သိရပါတယ်။

 

ယင်းပွဲသည်  Green Season ကာလခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် အထောက်အပံ့ဖြစ်သလို မြန်မာ့ရိုးရာ အစားအစာတွေကို ပြည်တွင်းပြည်ပခရီးသွား ဧည့်သည်များထံသို့ မြှင့်တင်ကြော်ငြာခြင်းနဲ့ သန့်ရှင်းသပ်ယပ်စွာ ချက်ပြုတ်ပြင်ဆင်ခြင်းကို ပြသလိုခြင်း ရည်ရွယ်ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိရပါတယ်။

 

မြန်မာ့ရိုးရာ အစားအစာပြပွဲကို ပုဂံဒေသ၏ အစည်ကားဆုံး ဘုရားပွဲတော်များထဲက တစ်ခုအပါအ၀င်ဖြစ်ကြောင်း သိရပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 11:57
Rate this item
(3 votes)