Event & Exhibition

×

Warning

JUser: :_load: Unable to load user with ID: 540


မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ်ကျင်းပပြုလုပ်ခဲ့တဲ့ Hansik ကိုရီးယားအစားအစာအချက်အပြုတ်ပြိုင်ပွဲ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားနိုင်ငံသံရုံး မှ ဦးစီး၍ ကိုရီးယားအစားအစာဟင်းချက်ပြိုင်ပွဲ (Hansik Contest in Myanmar 2019 Preliminary) ကို


သြဂုတ်လ (၃) ရက်  နေ့လည် ၃ နာရီ က ရန်ကုန်မြို့ ၊ ကျွန်းတောလမ်းရှိ Junction Square တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်၊

 

အဆိုပါ ပြိုင်ပွဲဟာ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ်ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် ကိုရီးယားအစားအစာ ယဉ်ကျေး မှုကို အသုံးပြုပြီး မြန်မာနိုင်ငံနှင့် တောင်ကိုရီးယား
နိုင်ငံနှစ်နိုင်ငံကြား ပိုမိုချစ်ကြည်ရင်းနှီး လာစေရန်ရည်ရွယ်သည့်အပြင် မြန်မာနိုင်ငံအတွင်း ကိုရီးယားအစားအစာကိုကောင်းမွန်စွာချက်ပြုတ်နိုင် သူတို့ ၏ အရည်အသွေးကောင်းများကို ပိုမိုတိုးမြှင့်ပေးနိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

korea cooks

 

" ကျွန်တော်တို့ ကိုရီးယားသံရုံးအနေနဲ့ အခုလိုမျိုး မြန်မာနိုင်ငံမှာပထမဆုံးအကြိမ်အဖြစ် ဒီပွဲကို ကျင်းပနိုင်ခဲ့တဲ့အတွက် အထူးပဲ ဝမ်းသာ ဂုဏ်ယူမိပါတယ်။ မြန်မာနိုင်ငံက ကိုရီးယားအစားအစာကို အရမ်းကြိုက်နှစ်သက်ကြပြီး ကျွမ်းကျွမ်းကျင်ကျင် ချက်ပြုတ်နိုင်တာကို တွေ့ရတဲ့အတွက် အင်မတန်ဝမ်းသာမိပါတယ် " ဟုမြန်မာနိုင်ငံဆိုင်ရာတောင်ကိုရီးယား သံအမတ် H.E.Lee Sang-Hwa က ပြောကြားခဲ့ ပါတယ်။

 

Read More >>>>>   နေထိုင်မကောင်းတဲ့သူတွေ စားသင့်တဲ့ ငါးရံ့ဆန်ပြုတ်

 

Hansik ကိုရီးယားအစားအစာအချက်အပြုတ်ပြိုင်ပွဲကို အရှေ့တောင်အာရှ အတွင်းရှိ အိမ်နီးချင်းနိုင်ငံ များဖြစ်သော ထိုင်းနိုင်ငံ၊ လာအို၊ ဗီယက်နမ်၊ စင်္ကာပူ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ တို့အပြင် တရုတ် ၊ အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ နှင့် အခြား ကမ္ဘာတစ်ဝန်းရှိ နိုင်ငံ ၁၀ နိုင်ငံကျော်တွင်နှစ်စဉ်နှစ်တိုင်း ကျင်းပပြုလုပ်လေ့ရှိကြောင်းသိရပါတယ်။

 

#Myanmar Food Industry Directory (WWH)

Read times Last modified on Sunday, 04 August 2019 08:29
Rate this item
(1 Vote)