Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ငှက်ပျောသီးစားခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးများ

အစာလည်းဆေး ဆေးလည်းအစာဆိုတဲ့အတိုင်း သဘာဝအသီးအနှံတွေဟာ ရောဂါကာကွယ်ဖို့နှင့် ကျန်းမာကြံ့ခိုင်စေဖို့ များစွာအထောက်အကူပြုကြောင်း လူတိုင်းသိရှိပြီးဖြစ်ပါတယ်။

 

သဘာဝအသီးအနှံတစ်မျိုးဖြစ်တဲ့ ငှက်ပျောသီးဟာ အရသာပြည့်ဝပြီး၊ များပြားတဲ့ antioxidant တွေကြောင့် လူတိုင်းနှစ်သက်တဲ့စားစရာဖြစ်သလို ကျန်းမာရေးအတွက် များစွာအကောက်အကူပြုစေပါတယ်။

 

မှည့်နေတဲ့ငှက်ပျောသီးမှာ ကင်ဆာရောဂါကို တိုက်ဖျက်နိုင်တဲ့ antioxidants တွေများပြားစွာပါဝင်တာကြောင့် တစ်ရက်ကိုငှက်ပျောသီးမှည့် နှစ်လုံးခန့်နေ့စဉ်စားသုံးခြင်းဖြင့် ရောဂါအများစုကို ကာကွယ်ကြောင်း အစရှိတဲ့ အချက်များကို အောက်တွင်ဖော်ပြပေးလိုက်ပါတယ်။

 

ငှက်ပျောသီးဟာ စိတ်ကျရောဂါကို တိုက်ဖျက်ပေးခြင်း
ကျွန်တော်တို့ရဲ့ ဦးနှောက်ထဲမှာ serotonin ပမာဏနိမ့်ကျလာတာနဲ့အမျှ စိတ်ဓါတ်ကျခြင်းကို ခံစားကြရပါတယ်။ ဒီအတွက် ငှက်ပျောသီးမှာပါဝင်တဲ့ များပြားတဲ့ tryptophan ပမာဏဟာ ဦးနှောက်ထဲက serotonin အဖြစ်သို့ပြောင်းလဲစေပြီး စိတ်ကျရောဂါလက္ခဏာတွေကို သက်သာရာရစေဖို့ ကူညီပေးပါတယ်။

 

စွမ်းအင်တွေကို ပိုမိုရရှိစေခြင်း
ငှက်ပျောသီးမှာ fructose, glucose နဲ့ sucrose လို့ခေါ်တဲ့ သဘာဝသကြားဓါတ်သုံးမျိုးနဲ့ အမျှင်ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ အဆိုပါစွမ်းအင်ရင်းမြစ်တွေက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့စွမ်းအင်တွေကို တိုးပွားအောင်မြှင့်တင်ပေးပြီး ငှက်ပျောသီးမှည့်နှစ်လုံးဟာ မိနစ် ၉၀ လေ့ကျင့်ခန်းလုပ်ဖို့အတွက် စွမ်းအင်ကိုလုံလောက်စေပါတယ်။


ဝိတ်ကျဖို့အတွက် ကူညီပေးခြင်း
ဝိတ်ချနေတဲ့သူတွေအတွက် ငှက်ပျောသီကအကောင်းဆုံးစားစရာတစ်ခုလည်း ဖြစ်ပါတယ်။ ငှက်ပျောသီးနှစ်လုံးမှာ ကယ်လိုရီ ၁၀၀ ခန့်သာပါဝင်ပြီး အမျှင်ဓါတ် ၃ပေါင်ခန့် ပါဝင်တာကြောင့် ဗိုက်ပြည့်သလိုခံစားရပြီး ကယ်လိုရီနည်းပါးတာကြောင့် ၀ိတ်တက်ခြင်းကိုကာကွယ်ပေးပါတယ်။

 

ဦးနှောက်ကို ကောင်းမွန်စေခြင်း
ငှက်ပျောသီးဟာ စွမ်းအင်တွေကိုဖြည်းညင်းစွာ ထုတ်လွှတ်ပေးနေတာကြောင့် ဦးနှောက်အတွက် သတိပေးချက်တွေကိုအချိန်ကြာမြင့်စွာ ရရှိစေပါတယ်။ ဒါတွေအပြင် ပိုတက်စီယမ် နဲ့ မဂ္ဂနီစီယမ် မြင့်မားစွာပါဝင်ခြင်းကလည်း ဦးနှောက်ကို ဦးတည်ပြီးကာကွယ်ပေးပါတယ်။

 

ဟော်မုန်းကို ဟန်ချက်ညီအောင်ကူညီပေးခြင်း
ငှက်ပျောသီးမှာ ပိုတက်စီယမ်နဲ့ B6 ဗီတာမင်ကြွယ်ဝစွာ ပါဝင်တာကြောင့် ဟော်မုန်းထုတ်လွှတ်မှုအတွက် အကောင်းဆုံးရင်းမြစ်တစ်ခုဖြစ်ပြီး ဟော်မုန်းဟန်ချက်ကို ထိန်းညှိပေးပါတယ်။

 

ရင်ပူသက်သာစေခြင်း
ငှက်ပျောသီးဟာ အစာချေမှုကို ကူညီပေးပြီး ပိုတက်စီယမ်ကြွယ်ဝစွာ ပါဝင်တာကြောင့် အစာအိမ်အက်ဆစ်ထွက်မှုကို လျော့ချပေးနိုင်ပြီး နှစ်ခုစလုံးက ရင်ပူသက်သာအောင် ကူညီပေးနိုင်ပါတယ်။

 

သွေးဖိအားကို လျော့ကျစေခြင်း
သုတေသနပြုသူတွေက ငှက်ပျောသီးကို တစ်နေ့နှစ်လုံးစားရုံနဲ့ သွေးဖိအားကို ၁၀% ထိလျော့ကျစေကြောင်း ပြသခဲ့ပါတယ်။ သူ့မှာပါတဲ့ မြင့်မားတဲ့ပိုတက်စီယမ်နဲ့ ဆိုဒီယမ်အနည်းဆုံးပါဝင်ခြင်းက သွေးဖိအားဆိုင်ရာ ပြဿနာများကို ကူညီပေးပါတယ်။

 

သွေးရဲ့ကျန်းမာရေးကို ကောင်းစေခြင်း
ငှက်ပျောသီးဟာ သံဓါတ်ကြွယ်ဝစွာပါဝင်တာကြောင့် သွေးကိုကောင်းမွန်စေပြီး သွေးအားနည်းရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် B6 ကြွယ်ဝတာကြောင့် သွေးဖြူဥထုတ်လုပ်မှုကို အားပေးကြောင်း သိရှိရပါတယ်။

 

အရိုးတွေကို ကောင်းမွန်စေတဲ့အပြင် ငှက်ပျောသီးမှာပါတဲ့ အာဟာရဓါတ်တွေဟာ ကယ်လစီယမ်စုပ်ယူမှုကို အားပေးတာကြောင့် သန်မာတဲ့အရိုးတွေကို တည်ဆောက်နိုင်ဖို့ မရှိမဖြစ်အာဟာရတစ်ခုဖြစ်ပါတယ်။

Source: Health

Read times
Rate this item
(1 Vote)