Food & Health
သင့်ခန္ဓာကိုယ်မှာ ဗိုက်ဆာတဲ့အခါ ဘယ်လိုတွေခံစားရမလဲ
ကျွန်ုပ်တို့ ဗိုက်ဆာတဲ့အခါ တစ်ယောက်နှင့် တစ်ယောက်အပြုအမူတွေ မတူညီကြပါ။ အချို့က ဗိုက်ဆာရင်ဒေါသထွက်တတ်ကြပြီး အချို့က ဘာမှပြောချင်စိတ်မရှိဘဲ နေကြပါတယ်။
ဗိုက်ဆာရင် ဒေါသထွက်တဲ့သူကို အများဆုံးတွေ့ဖူးပါတယ်။ ဗိုက်ဆာခြင်းက အရွယ်ရောက်တဲ့သူများရဲ့ စိတ်အခြေအနေကို သက်ရောက်မှုလည်း ဖြစ်စေနိုင်ပါတယ်။ ထို့ကြောင့် ဗိုက်ဆာတဲ့အခါ ဘာတွေဖြစ်လာနိုင်လဲဆိုတဲ့အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
အစားအစာကို အဆက်မပြတ်စားချင်လာခြင်း
Dietလုပ်ဖို့ကြိုးစားတဲ့အခါ၊ ကယ်လိုရီကို ဖြတ်တောက်လိုက်တဲ့အခါ လူတော်တော်များများက ဗိုက်ဆာတဲ့အခြေအနေကို ရောက်သွားကြပါတယ်။ သင်ဗိုက်ဆာလာလို့ အစားအစာတစ်ခုစားတဲ့အခါ အဆက်မပြတ်စားချင်စိတ် ဖြစ်ပေါ်လာပါလိမ့်မယ်။ သင့် ခန္ဓာကိုယ်တွင် အစာ စားချင်စိတ်ဖြစ်ပေါ်စေတဲ့ စနစ်များစွာရှိတဲ့အတွက် ဝိတ်ချနေတာကိုလဲ ဂရုမစိုက်နိုင်တော့ဘဲ ခဏခဏအစားကို စားမိသွားနိုင်ပါတယ်။
သွေးထဲမှ ဂလူးကို့ဓာတ်များ လျော့နည်းသွားခြင်း
သင် ဗိုက်ဆာလာတဲ့အခါ ပထမဆုံးဖြစ်လာမည့် အရာက အရင်စားခဲ့တဲ့ အာဟာရဓာတ်များက ကုန်လုနီးပါးဖြစ်လာပါတယ်။ သင့်ခန္ဓာကိုယ်က အရေးပေါ်အခြေအနအတွက် အာဟာရဓာတ်သိုလှောင်ထားပေမဲ့လည်း မလုံလောက်တဲ့အတွက် ထပ်စားချင်စိတ်ဖြစ်ပေါ်စေပါတယ်။ ဂလူးကို့ဓာတ်က သင့်ခန္ဓာကိုယ်နှင့် ဦးနှောက်အတွက် စွမ်းအင်ဖြစ်ပါတယ်။ သွေးအတွင်းမှ သကြားဓာတ်များ အရမ်းနည်းသွားမယ်ဆိုရင် သင့်ဦးနှောက်ရဲ့ လုပ်ဆောင်ချက်များနှေးကွေးလာမှာဖြစ်ပါတယ်။ အာရုံစူးစိုက်ချင်စိတ်မရှိဘဲ ဒေါသထွက်လာမှာဖြစ်ပါတယ်။
စိတ်ရှုပ်ထွေးလာခြင်း
သိုလှောင်ထားတဲ့ ကလူးကို့ဓာတ်များ ကန့်သတ်လိုက်တဲ့အခါ သင့်ဦးနှောက်က စိတ်ဖိစီးစေတဲ့ ဟော်မုန်းများ ထုတ်လွှင့်ဖို့ အချက်ပြလာပါလိမ့်မယ်။ ဒီဟော်မုန်းများက အီပင်ဖရင်းနှင့် ကောတီဆို တို့ဖြစ်ပါတယ်။ ဒီဟော်မုန်းများက သင်ကို အပြင်ထွက်ပြီး အစားအစာသွားဝယ်အောင် လှုပ်ဆော်ပေးပါလိမ့်မယ်။ ၎င်းအပြင် သင့်ကို စိတ်ဖိစီးမှု ဖြစ်စေပြီး စိတ်ရှုပ်လာပါလိမ့်မယ်။
လူတိုင်းအပေါ် အမြင်မကြည်ဘဲ ဒေါသထွက်လာခြင်း
တစ်စုံတစ်ယောက်ဗိုက်ဆာလာတဲ့အခါ အစာ စားချင်စိတ်က များနေတဲ့အတွက် အမြင်မကြည်တော့ဘဲ ဒေါသထွက်လာတတ်ပါတယ်။ သွေးအတွင်းမှ သကြားဓာတ်များလျော့နည်းသွားပြီး ဒေါသထွက်လာရခြင်းဖစ်ပါတယ်။
Source:Mingalarbar Morning