Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုယ်ခံအားကို မြင့်တက်စေတဲ့ ကြက်သွန်နီ သံပရာဆမ်း

အလွန်ရိုးရှင်းပြီး လုပ်ရလွယ်ကူတဲ့ မီးဖိုချောင်ထဲက ကျန်းမာရေးနဲ့ပတ်သက်တဲ့ ဆေးနည်းတစ်မျိုးကို ဖော်ပြပေးလိုက်ပါတယ်။  

 

-  ကြက်သွန်နီကို ဖင်ဖြတ်၊ ခေါင်းဖြတ်၊ အခွံခွါပါ။

 

-  အကွင်းလိုက် လှီးထားပါ။ ရေမဆေးပါနဲ့။

 

-  ကြက်သွန်နီပေါ်ကို သံပရာသီးညှစ်ထည့်ပါ။

 

-  ချိုတဲ့အရသာပေါ်လာပါမည်။ မွန်တဲ့အနံ့များ ပျောက်သွားမည်။

 

-  ယင်းကြက်သွန်နီသံပုရာဆမ်းကို မကြာခဏ စားပေးပါ။ ထမင်းနှင့်လည်းကောင်း၊ အခြားအစားအစာများနှင့်လည်းကောင်း တွဲစားနိုင်ပါသည်။

 

ဒီနည်းကတော့ ထမင်းစားခါနီး ၂ မိနစ်အတွင်း အလွယ်တကူ ပြုလုပ်၍ စားသုံးနိုင်တဲ့ အလွယ်နည်း ဖြစ်ပါတယ်။

 

ဒီထက်ပိုအချိန်ပေးပြီး လုပ်နိုင်ပါက ကြက်သွန်နီကို ပါးပါးလှီး၍ သံပရာသီးညှစ်ထည့်၊ ဆား၊ ငရုတ်သီးစိမ်းတို့ကို အနည်းငယ်စီထည့်၍ ကြက်သွန်နီသုပ်ကို လုပ်၍ စားသုံးနိုင်ပါသည်။ ကြက်သွန်နီစားပြီး ပါးစပ်မနံအောင် မြေပဲဆန် ၃ စေ့ခန့် ၀ါးစားပါ။ ပြီးလျှင် ဖန်ရည်ရေနွေးကြမ်းဖြင့် ပလုတ်ကျင်းပါ။

 

ကြက်သွန်နီသံပရာဆမ်းကို စားသုံးပေးခြင်းဖြင့်

 

- ကိုယ်ခံအားကို မြင့်တက်စေမည်။

 

- လေထဲတွင်ကူးစက်နိုင်သော တုပ်ကွေးစသည့်ရောဂါများကို ကာကွယ်ပေးနိုင်သည်။

 

- ပိုးမွှားများကို သေစေနိုင်ပါသည်။

 

- ဆီးချိုသွေးချိုရောဂါများကို သက်သာစေပါသည်။

 

- ဂျိုင်းနံ့ဆိုးသူများ၊ ခံတွင်းနံ့ဆိုးသူများကို သက်သာစေပါသည်။

 

- အိမ်ထောင်သည်များအတွက် ခွန်အားကို တိုးပွါးစေပါသည်။

 

- ရင်ပူခြင်း၊ ရေငတ်ခြင်းများကို သက်သာပျောက်ကင်းစေပါသည်။

 

- ခန္ဓာကိုယ်မှာ ပိုလျှံနေတဲ့ အဆီများကိုလည်း လျှော့ချပေးနိုင်ပါသည်။

 

Source: Wunyan

Read times Last modified on Monday, 28 January 2019 16:32
Rate this item
(1 Vote)