Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ပန်းသီး၏ အကျိုးကျေးဇူးများ

ပန်းသီးကို တစ်နေ့ တစ်လုံးစားလျှင် ဆရာဝန်ပင်မလိုဟု အနောက်တိုင်း ဆိုရိုးရှိပါတယ်။

သို့ရာတွင် ပန်းသီးမှရရှိသော ကောင်းကျိုးများကိုမူ တိကျစွာ မပြောနိုင်ပေ။ အောက်တွင် ပန်းသီး စားသုံးခြင်း ၏ အကျိုးကျေးဇူးများကို ဖော်ပြပေးလိုက်ပါတယ်။

 

ဆီးချိုသွေးချိုကို ထိန်းညှိပေးခြင်း

လူ့ခန္ဓာကိုယ်ရှိ ဂလာကျူတိုးနစ်အက်စစ်ကို ပန်းသီး တွင်ပါဝင်သည့် Pectin ဒြပ်ပေါင်း က အထောက်အပံ့ပေးခြင်းဖြင့် ဆီးချိုသွေးချိုကို ထိန်းညှိပေးပါတယ်။

 

ကိုယ်အလေးချိန် တက်မလာအောင် ကာကွယ်နိုင်ခြင်း

ကိုယ်အလေးချိန် လျှော့နေစဉ် အချိန်အတွင်း ပန်းသီး သို့မဟုတ် သစ်တော်သီး သုံးလုံးစားသော အမျိုးသမီး များသည် မစားသော အမျိုးသမီးများထက် ကိုယ်အလေးချိန် ကျနှုန်း ပို၍မြန်ဆန်ကြောင်းကို ဘရာဇီး သုတေသီ တို့က လေ့လာချက်အနေဖြင့် ဖော်ပြထားပါတယ်။

 

အရိုး ကိုကာကွယ်ခြင်း

Flavanoid ဒြပ်ပေါင်း သည် သွေးဆုံးပြီး အမျိုးသမီး များ၏ အရိုး သိပ်သည်းဆကို မြင့်မားစေသည်ဟု ပြင်သစ်သုတေသီများက ဆိုပါတယ်။ ယင်း ဒြပ်ပေါင်းသည် ပန်းသီး ၌သာပါရှိပါတယ်။ ထို့အပြင် ပန်းသီး တွင်ပါသည့် Boron ဒြပ်ပေါင်းသည်လည်း အရိုးများကို ခိုင်မာစေကြောင်း သိရပါတယ်။

 

ပန်းနာ ရင်ကျပ် ရောဂါ မှကာကွယ်ခြင်း

မကြာသေးမီက လေ့လာစမ်းသပ်ချက်အရ ပန်းသီး ဖျော်ရည် ကို နေ့စဉ် သောက်သုံးသော ကလေးများသည် တစ်လတစ်ကြိမ်သာ သောက်သော ကလေး များထက်ပန်းနာဝေဒနာခံစားရမှုမှလျော့နည်းစေသည်ဟု သိရပါတယ်။

ကိုယ်ဝန်ဆောင်မိခင်လောင်းများ၌ ပန်းသီး များများ စားသုံးသူများနှင့်ပန်းသီး မစားသောသူများကို နှိုင်းယှဉ်ကြည့်ပါက မွေးဖွားလာသော ကလေးများတွင် ပန်းသီး စားသုံးမှုများသော မိခင်၏ ကလေး၌ ပန်းနာရင်ကျပ် ရောဂါ ဖြစ်ပွားမှုနည်းပါးကြောင်း တွေ့ရသည်ဟုဆိုပါတယ်။

 

အယ်လ်ဇိုင်းမား ရောဂါ မှ ကာကွယ်ခြင်း

အမေရိကန်နိုင်ငံ Cornell တက္ကသိုလ် မှ သိပ္ပံပညာရှင် များ၏ ကြွက် များ နှင့်စမ်းသပ်ချက်အရ ပန်းသီးတွင်ပါဝင်သော quercetin ဒြပ်ပေါင်းသည် ဦးနှောက်ဆဲလ်များရှိ Free radical များ ပျက်စီးခြင်းမှ ကာကွယ်ပေးပါတယ်။ ယင်းသည် အယ်လ်ဇိုင်းမား ရောဂါ ဖြစ်ပွားမှုလျော့ကျစေသည်ဟု ဆိုကြောင်း သိရပါတယ်။

 

ကိုလက်စထရော ကျဆင်းစေခြင်း

တစ်နေ့လျှင် ပန်းသီး နှစ်လုံးစားသုံးပါက သွေးတွင်း အဆီဓာတ် ကို ၁၆ ရာခိုင်နှုန်းအထိ လျော့နည်းစေနိုင်ကြောင်း သိရပါတယ်။

 

အဆုတ် ကင်ဆာ ဖြစ်ပွားခြင်းမှ ကာကွယ်ခြင်း

သုတေသီများ၏ လေ့လာချက်အရ ပန်းသီး စားသုံးသောသူ ၁ဝဝဝဝ တွင် အဆုတ်ကင်ဆာဖြစ်ပွားမှု ၅ဝ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

 

ရင်သား ကင်ဆာ ဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း

Cornell တက္ကသိုလ် မှ စမ်းသပ်ချက်အရ တစ်နေ့ ပန်းသီးတစ်လုံးနှုန်း အကျွေးခံရသော ကြွက်များတွင် ရင်သားကင်ဆာဖြစ်ပွားမှု ၁၆ ရာခိုင်နှုန်း ကာကွယ်ကြောင်း တွေ့ရသည်ဟုဆိုသည်။ အဆိုပါကြွက်များကို တစ်နေ့ ပန်းသီးသုံးလုံးကျွေးသောအခါ ၃၉ ရာခိုင်နှုန်း အထိ ကာကွယ်ကြောင်း၊ တစ်နေ့ခြောက်လုံးအထိကျွေးလျှင် ၄၄ ရာခိုင်နှုန်း ကာကွယ်စေကြောင်း စမ်းသပ်တွေ့ရှိရကြောင်း သိရပါတယ်။

 

အူမကြီး ကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးခြင်း

အဆိုပါတက္ကသိုလ်၏ လေ့လာချက်အရ ပန်းသီး ဖျော်ရည် တိုက်ကျွေးခဲ့သော ကြွက်များ၌ အူမကြီး ကင်ဆာ ဖြစ်ပွားမှုမှ ၄၃ ရာခိုင်နှုန်းအထိ ကာကွယ်မှုပေးကြောင်း လေ့လာတွေ့ရှိရသည်။ ပန်းသီးရှိ Pectin ဒြပ်ပေါင်းသည် အူလမ်းကြောင်းတစ်လျှောက်ရှိ အစာခြေစနစ်ကို အထောက်အကူပြုရုံမက အူမကြီးကင်ဆာဖြစ်ပွားမှုကို ထိန်းချုပ်ပေးသည်။

 

အသည်းကင်ဆာဖြစ်ပွားမှုလျော့နည်းစေခြင်း

ပန်းသီး အခွံပါ ရောကြိတ်ထားသည့် ဖျော်ရည်သောက်သုံးပါက အသည်းကင်ဆာဖြစ်ပွားမှုကို ၅၇ ရာခိုင်နှုန်းအထိ ကာကွယ်ပေးပါတယ်။

 


 

Read times Last modified on Tuesday, 18 September 2018 11:37
Rate this item
(5 votes)