Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကလီစာများ စားသုံးခြင်း၏ အကျိုးကျေးဇူးများ

အရင်ခေတ်ကဆိုရင် ဆိတ်ကလီစာတို့၊ ကြက်အသည်းအမြစ်တို့၊ အမဲကလီစာတို့၊  ဝက်ကလီစာ တို့ အတော်လေး ချက်စားလေ့ရှိကြပါတယ်။

နောက်ပိုင်း uric acid ကိုကြောက်ပြီး မစားကြတော့ပါ။ အမှန်ဆို uric acid တက်တဲ့ အဓိက အကြောင်းရင်းက fructose သကြားဖြစ်ပါတယ်။


ကျွန်မတို့ ငယ်ငယ်တုန်းက အမေ က အိမ်မှာ ကလီစာဟင်း ချက်ကြွေးလေ့ရှိပါတယ်။ uric acid တွေလဲ မတက်ခဲ့ပါဘူး။ တစ်ပတ် တစ်ခါလောက် တော့မှန်မှန် စားခဲ့ရပါတယ်။

 

ချက်စားသင့်တဲ့အကြောင်းတွေကတော့  အာဟာရဓာတ်တွေနဲ့ ပြည့်စုံလို့ ဖြစ်ပါတယ်။ အသားဟင်းထက် အာဟာရပိုပြီး ပြည့်စုံပါတယ်။ သတ္တုဓာတ်များ ဖြစ်ကြတဲ့ Iron, Phosphorus, copper, magnesium, iodine စသည်ဖြင့် ပါပါတယ်။

Read More >>>>>  စပျစ်သီးဖျော်ရည်၏ ကျန်းမာရေး စွမ်းပကား

 

B vitamins B1 B2 B6 folic acid and B12 တွေ လဲ ပါပါတယ်။ အဆီမှာ ပြော်နိုင်တဲ့ Vitamins A D E K တွေလဲ အများကြီး ပါပါတယ်။ ကောင်းတဲ့ အဆီဓာတ်များဖြစ်တဲ့ EPA, DHA တွေလဲ ပါ ပါတယ်။

 

Vitamin C ဆိုရင် အသည်းမှာ အများကြီး ပါပါတယ်။ အမဲ အသည်းဟာ အလွန် အာဟာရဓာတ်တွေ နဲ့ ပြည့်စုံပါတယ်။ Glutamine လို့ခေါ်တဲ့ဓာတ်တွေ လဲပါပါတယ်။ ဒီဓာတ်ဟာ ပျက်စီးနေတဲ့ အူနံရံကို ပြန်ပြင်နိုင်စွမ်း ရှိပါတယ်။

 
Source : Dr. Daw Khin Nwe Win

Read times Last modified on Thursday, 14 March 2019 11:15
Rate this item
(1 Vote)