Food & Health



ညဘက်တွေ အိပ်မပျော်ရင် ဒီလိုအစားအစာတွေကိုစား

အမေရိကန်နဲ့ သိပ္ပံပညာရှင်များ သုတေသနပြုချက်များအရ နွားနို့ ထဲမှာ သွေးရည်ကြည်ဓာတ် ပေါင်းစပ်ပါဝင်တဲ့ အမိုင်နိုအက်စစ် ထရစ်ပ်တိုဖန်း (Tryptophan)ရယ်၊ မော်ဖင်းတစ်မျိုးနဲ့ တူညီတဲ့ သဘာဝမော်ဖင်းဓာတ်ရယ် ပါဝင်နေတယ်လို့ ဆိုပါတယ်။


အဲဒီဓာတ်နှစ်မျိုးလုံးဟာ စိတ်ငြိမ်စေပြီး အိပ်ပျော်စေတယ်လို့ သိရပါတယ်။ ဒါကြောင့်ညစဉ် နွားနို့ သောက်ခြင်းဟာ အိပ်မပျော်နိုင်မှုကို တွန်းလှန်နိုင်တယ်လို့ ဆိုပါတယ်။


အိပ်မပျော်နိုင်တဲ့လူတွေက အိပ်ရာမဝင်ခင်မှာ အချိုရည်တစ်ခွက်၊ ဒါမှမဟုတ် နွားနို့ ပူပူတစ်ခွက်၊ ဒါမှမဟုတ် ပေါင်မုန့် တစ်ချပ်၊ ဒါမှမဟုတ် ဆိတ်ဆန်ပြုတ်တစ်ခွက် စားသောက်လိုက်ပြီးမှ အိပ်ရာဝင်ရင် အိပ်မပျော်တဲ့ဒဏ်ကို မခံရတော့ဘဲ ကောင်းကောင်းအိပ်ပျော်သွားတယ်လို့ သိရပါတယ်။

 

Prepared/Ready Made Food အရံသင့်အစားအစာဆိုင်ပေါင်း ၂၉ ခုရှာရန်နှိပ်ပါ။

 

အဲဒီလိုဖြစ်ရတာကတော့ အဲဒီအစားအစာတွေထဲမှာ ဦးနှောက်ကြီးထဲကနေ 5-Hydroxytrgptamine ကိုများများပေါက်ပွားစေပြီး လူကိုငိုက်မျဉ်းလာစေတယ်။

 

နွားနို့မှာကျတော့ အာရုံကြောများ တက်ကြွမှုလှုံ့ ဆော်တဲ့ဓာတ်ကို ထိန်းချုပ်ပေးတဲ့ဓာတ်ပါရှိနေတာကြောင့် စိတ်လှုပ်ရှားမှု၊ စိတ်ထွေပြား မတည်ငြိမ်မှုဖြစ်တဲ့ အခါမျိုးမှာ နွားနို့ ခွက်ကြီးတစ်ခွက်စာ သောက်လိုက်ရင် စိတ်ငြိမ်သွားတတ်ပါတယ်။

 

လူတွေစိတ်မတည်ငြိမ်တာ၊ စိတ်မရှည်စိတ်တို စိတ်ဆတ်၊ စိတ်ဆိုးလွယ်တတ်တာတွေဟာ စိတ်နဲ့ ဆိုင်တဲ့အနှောင့်အယှက်ကြောင့်မဟုတ်ဘဲ အာဟာရမလုံလောက်မှုရဲ့ အကြောင်းကြောင့်ဖြစ်ပါတယ်။

 

Agar  ကျောက်ကျောထုတ်လုပ်ငန်းပေါင်း ၈ ခုကိုရှာရန်နှိပ်ပါ။

 

ဖြေရှင်းရမယ့်နည်းလမ်းကတော့ အစားအသောက်တွေရဲ့ အတွဲအဖက်တွေကို ပြုပြင်ပြောင်းလဲပေးရမှာဖြစ်ပါတယ်။

 

ဦးနှောက်အားကောင်းပြီး သွေးလည်ပတ်မှု သွက်လက်စေမယ့် အစာအာဟာရများဖြစ်တဲ့ နွားနို့ ၊ နို့ ထွက်ပစ္စည်းများ၊ ငါးများ၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ သစ်ကြားသီး နဲ့ ဆန်တွေဖြစ်ကြပါတယ်။

 

အထူးသဖြင့် နံနက်နဲ့ ညမှာ နွားနို့ တစ်ခွက်စီသောက်ပေးသင့်ပါတယ်။ အဲဒီလိုဆိုရင်တော့ စိတ်ဓာတ်အခြေအနေဟာ ပြုပြင်တိုးတက် ကောင်းမွန်လာပါလိမ့်မယ်။

 

Read More >>>>>   ဝမ်းမှန်ချင်ရင် ဒီအစားအစာတွေကိုစားလိုက်ပါ

 

Credit: မောင်မောင်လှိုင်(အပ်စိုက်ကု)

Read times Last modified on Tuesday, 10 September 2019 12:40
Rate this item
(1 Vote)