Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အစားအစာတွေမှာ ပါဝင်သည့် သင်မသိသေးသော ဗီတာမင်ဘီရဲ့ အကျိုးကျေးဇူးများ

သင့်ရဲ့ ကျန်းမာရေးကို ထိန်းသိမ်းရန် ဗီတာမင်ဘီဟာ အလွန်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။ ဗီတာမင်ဘီ ကြွယ်ဝသောအစားအစာများကို နေ့စဉ်အစားအစာတွေမှာ ထည့်သွင်းစားသုံးသင့်ပါတယ်။

 

ဗီတာမင်ဘီက သင်ရဲ့ ဦးနှောက်အာရုံကြောနှင့် ကိုယ်ခံစွမ်းအားစနစ်ကို ပိုမိုအားကောင်းစေခြင်း အပြင် အစာခြေခြင်းကိုလည်း ပိုမိုကောင်းမွန်စေပါတယ်။ ဗီတာမင်ဘီက Coronavirusရောဂါ ကူးစက်မှုကို တစ်ထောင့်တစ်နေရာမှ ကာကွယ်ပေးနိုင်ပြီး ကျန်းမာစွာနေထိုင်နိုင်ဖို့ ကူညီပေးပါသည်။

 

သုတေသနပြုချက်များအရ ဗီတာမင်ဘီ ကြွယ်ဝမှု၊ ဗီတာမင်စီ၊ ဗီတာမင်ဒီနှင့် ဗီတာမင်အီးတို့လိုမျိုး ဗီတာမင်များများ ပါဝင်တဲ့ အစားအစာတွေက သင်ရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို အားကောင်းစေပြီး ရောဂါကူးစက်မှုဒဏ်ကို ခုခံပေးတယ် လို့ဆိုပါတယ်။

 

Coronavirus (SARS-CoV-2)ကူးစက်ရောဂါက ယခုအခါလူပေါင်း ၁၆,၅၁၄,၅၀၀ဦးကို ကူးစက်ခဲ့ပြီး ကမ္ဘာတစ်ဝှမ်းလုံးမှာ အနည်းဆုံး လူပေါင်း၆၅၄,၄၇၇ဦး သေဆုံးခဲ့ပါတယ်။

 

COVID-19ဗိုင်းရပ်စ်ကို ယူပစ်သလိုပျောက်အောင် ကုသနိုင်ခြင်း မရှိသေးတာကြောင့် မျှတပြီး ဗီတာမင်တွေကြွယ်ဝတဲ့အစားအစာများကို စားသုံးခြင်းအားဖြင့် ကျန်းမာသောလူနေမှုပုံစံကို ထိန်းသိမ်းထားနိုင်ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ရန် အလုံခြုံဆုံးနည်းလမ်း ဖြစ်ပါတယ်။

 

အိန္ဒိယရဲ့ စားနပ်ရိက္ခာလုံခြုံမှုနှင့် စံနှုန်းသတ်မှတ်ချက်အာဏာပိုင်(Food Safety and Standards Authority of India (FSSAI))က ဦးနှောက်အာရုံကြောစနစ်နှင့်ကိုယ်ခံစွမ်းအားကိုမြှင့်တင်ရန် ဗီတာမင်ဘီကြွယ်ဝတဲ့ အပင်အခြေခံသောအစားအစာများ(ဥပမာ-ဟင်းနုနွယ်၊ဆလတ်ရွက် စသဖြင့်)ကို သင်ရဲ့ နေ့စဉ်အစားအစာတွေနဲ့ အတူစားသုံးရန် တိုက်တွန်း အကြံပြုခဲ့ပါတယ်။

 

ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဗီတာမင်ဘီရဲ့ အကျိုးကျေးဇူးက ဘာတွေဖြစ်နိုင်မလဲ။

 

အခြေခံအားဖြင့် ဗီတာမင်ဘီမှာ ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ်ကို ထိန်းသိမ်းရန် မရှိမဖြစ်လိုအပ်သော ဗီတာမင်ရှစ်မျိုး ပါဝင်ပါတယ်။ ၎င်းဗီတာမင်တွေကတော့ thiamin(B1)၊ riboflavin(B2)၊ niacin(B3)၊ pantothenic acid(B5)၊ pyridoxine(B6)၊ biotin(B7)၊ folic acid သို့မဟုတ် folate(B9) နှင့် cobalamin(B12)တို့ ဖြစ်ပါတယ်။

 

ဗီတာမင်ဘီက သင်ရဲ့ ကိုယ်ခံစွမ်းအားစနစ်အားကောင်းစေပြီး ရောဂါကူးစက်မှုအန္တရာယ်မှ ကာကွယ်ပေးနိုင်ပါသည်။သွေးနီဥကြီးထွားမှုကို အထောက်အကူပြုပါသည်။ဗီတာမင်ဘီက အာရုံကြောနှင့် ကျန်းမာသော ဦးနှောက်လုပ်ဆောင်မှုအတွက် ကူညီပေးပါသည်။

 

ဒါ့အပြင် ဗီတာမင်ဘီက နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကိုတိုးမြှင့်ပေးပါသည်။ ဗီတာမင်ဘီက ခန္ဓာကိုယ်စွမ်းအင်ထုတ်လွှတ်မှုကို မြှင့်တင်ပေးခြင်း၊ အစာခြေခြင်း၊ ကြွက်သားတွေအတွက်ကောင်းခြင်း၊ ဟော်မုန်းများနှင့်ကိုလက်စထရောထုတ်လုပ်မှုကို အထောက်အကူပြုခြင်း စတာတွေကို ပံ့ပျိုးပေးပါတယ်။

 

မိခင်နို့တိုက်ကျွေးခြင်းအတွက် ကောင်းမွန်စေပြီး သန္ဓေသားလောင်းများအတွက် ဗီတာမင်ဘီက သန္ဓေသား ဦးနှောက်ဖွံ့ဖြိုးမှုကို အထောက်အကူပြုသည့်အပြင် မွေးရာပါ ကိုယ်လက်အင်္ဂါ၊ဦးနှောက်ချို့ယွင်းမှုအန္တရာယ်ကို လျော့နည်းစေပါတယ်။ ၎င်းဗီတာမင်တွေက အမျိုးသားတွေရဲ့ testosterone ဟော်မုန်းဓာတ်ကို တိုးစေပါတယ်။

 

ဗီတာမင်ဘီ ပါဝင်သော အစားအစာများ

 

ဟင်းနုနွယ်ရွက်၊ တရုတ်မုန်လာ အစိမ်းရောင်၊ ဂေါ်ဖီထုပ်အနွယ်ဝင် အရွက်တစ်မျိုး(collards) နှင့် ဆလတ်တစ်မျိုး(romaine)စတဲ့ အရွက်များတဲ့ အစိမ်းရောင်ဟင်းသီးဟင်းရွက်တွေက folic acid သို့မဟုတ် folate (B9)အမြင့်ဆုံးပါဝင်တဲ့ ရင်းမြစ်များထဲမှ တစ်ခုဖြစ်ပါတယ်။

 

ဥတွေက သင့်ဆံပင်၊ အသားအရေ၊ လက်သည်းနှင့်ဆံပင်ကျန်းမာရေးအတွက် အရေးပါပြီး အကောင်းဆုံးသော biotinရင်းမြစ်(ဗီတာမင်ဘီအုပ်စုထဲပါဝင်ပြီး အစားအစာမှ ခန္ဓာကိုယ်အတွက် စွမ်းအင်ပြောင်းလဲပေးသော ဓာတ်)တစ်ခုဖြစ်ပါတယ်။ ကြက်ဥတစ်လုံးရဲ့ အနှစ်နဲ့ အဖြူရောင်အကာက biotin ၃၃ရာခိုင်နှုန်း ထောက်ပံ့ပေးပါတယ်။

 

ပဲပင်များ၊ပဲအမျိုးမျိုးက ဖောလစ်အက်ဆစ် ပါဝင်မှု မြင့်မားသည့် အပြင် အပင်များမှ အခြားဗီတာမင်များဖြစ်သော Thiamine၊ riboflavin၊ pantothenic acid နှင့် pyridoxineတို့ကိုပါ ထောက်ပံ့ပေးပါတယ်။ ဖောလိတ်က မွေးရာပါ ကိုယ်လက်အင်္ဂါနှင့် ဦးနှောက်ချို့ယွင်းမှုအန္တရာယ်ကို လျော့နည်းစေပါတယ်။

 

သစ်ကြားသီးက ဗီတာမင်များ၊ ဓာတ်သတ္တုများနှင့်ကြေးနီ၊ ဖော့စဖရပ်၊ ဖောလိတ်၊ pyridoxine၊ မန်းဂနိစ်၊ ဗီတာမင်အီး တို့များစွာ ပါဝင်ပါတယ်။

 

ဆော်လမွန်မှာ omega-3 fatty acids နှင့် riboflavin၊ niacin၊ B6 နှင့် B12 အပါအ၀င် ဘီဗီတာမင် များစွာပါရှိပါသည်။ သို့သော် အာဟာရဓာတ်ကြွယ်ဝတဲ့ ငါးတွေက ပရိုတင်းဓာတ်မြင့်မားသော်လည်း မာကျူရီပါဝင်မှု နည်းပါးပါသည်။

 

သင်ရဲ့ ကိုယ်ခံအားစနစ်ကို အထောက်အကူပြုရန်၊ ကျန်းမာရေးကို တိုးတက်စေရန်နှင့် COVID-19ရောဂါ အပါအဝင် တခြားကူးစက်ရောဂါအန္တရာယ်ကို လျှော့ချနိုင်ရန်အတွက် ဗီတာမင်ဘီ အလုံအလောက်ပါ၀င်သည့် ကျန်းမာသော အစားအစာရင်းမြစ်အမျိုးမျိုးကို သေချာစားသုံးသင့်ပါတယ်။

 

Source:Times Now

 

Read times
Rate this item
(1 Vote)