Food & Health
နွေရာသီမှာ ရင်အေးစေမယ့် သခွားသီးဖျော်ရည်
သခွားသီးကို ဖျော်ရည်လုပ်သောက်ကြတာ နည်းပါတယ်။ မြန်မာပြည်မှာတော့ သခွားသီးကို အလှအပရေးရာအတွက် သုံးကြပြီး တို့စရာအဖြစ် စားကြတာများပါတယ်။
သခွားသီးဟာ လူကြိုက်များသလို ကျန်းမာရေးနဲ့ ညီညွတ်တာကြောင့်လည်း စားသုံးသူများပါတယ်။ သခွားသီးဖျော်ရည်တစ်ခွက်မှာဗီတာမင်နဲ့ သတ္တုဓာတ်ပါဝင်မှုများပြီး သင့်ကျန်းမာရေးနဲ့ သင့်ခန္ဓာကိုယ်ကို ကျန်းမာလှပစေမှာပါ။
ရေဓာတ်ပြန်ဖြည့်တာ မြန်ဆန်ခြင်း
တစ်နေ့ကို သခွားသီးဖျော်ရည် တစ်ခွက်ပုံမှန်သောက်ပေးရင် ကုန်ခန်းနေတဲ့ ရေဓာတ်ကို ပြန်လည် ဖြည့်ဆည်းပေးမှာ ဖြစ်ပြီး အသားအရေ ခြောက်သွေ့တာတွေ မဖြစ်စေဖို့ ကူညီပါတယ်။ ရင်အေးစေပြီး ကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးနိုင်ပါတယ်။
ကိုယ်အလေးချိန်ကျစေခြင်း
သခွားသီးဖျော်ရည်မှာ ကယ်လိုရီပါဝင်မှုနည်းပြီး ကိုယ်အလေးချိန်ကျဖို့ ကူညီပေးပါတယ်။ သင့်ရဲ့ ခါးသွယ်သွယ်လေးကိုလည်း နဂိုအတိုင်းဖြစ်စေမှာပါ။
အအေးမိဖျားနာခြင်းကို သက်သာစေခြင်း
ဗီတာမင် C ပါဝင်မှုများတဲ့အတွက် ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဒါ့ကြောင့် အအေးမိ နှာစေး ဖျားနာခြင်းကို သက်သာစေပါတယ်။ ဦးနှောက်ဆဲလ်ကိုလည်း ဖွံ့ဖြိုးစေပါတယ်။
အသားအရေပိုလှခြင်း
သခွားသီးဖျော်ရည်ကို သောက်ပေးတာဟာ သင့်အသားအရေကို ကျန်းမာ စိုပြေစေတဲ့ အကျိုးကျေးဇူးကိုရရှိစေမှပါ။
Collagen ပါဝင်မှုများပြီး သင့်အသားအရေကို နုပျိုစေပါတယ်။ ပုံမှန်သောက်ပေးခြင်းဖြင့် အသားအရေ စိုပြေပြီး လှပစေမှာပါ။
Read More >>>>> နေ့စဉ် အသီးအရွက်သုပ်တစ်မျိုးမျိုးကို စားကြပါစို့
သွေးလွန်ရောဂါကိုကာကွယ်ပေးခြင်း
ဗီတာမင် K ပါဝင်ပြီး ပျက်စီးနေတဲ့ ဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးပါတယ်။ သွေလွန်ခြင်းကို ထိန်းပေးနိုင်သလိုပဲ သွေးကြောပိတ်ဆို့ခြင်း သွေးခဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။
ဆံကေသာကို ပိုပြီးလှပစေခြင်း
ဆံကေသာအလှအတွက် သခွားသီးဖျော်ရည်ကို သုံးနိုင်ပါတယ်။ ဆံကေသာကို သန်စွမ်းကျန်းမာစေပါတယ်။ ဗီတာမင်နဲ့ အာဟာရဓာတ်တွေပါဝင်လို့ သင့်ဆံကေသာကို နူးညံ့တောက်ပြောင်စေပါတယ်။
ဦးနှောက်ကျန်းမာရေးကောင်းမွန်ခြင်း
သခွားသီးဟာ သင့်ဦးနှောက်ရဲ့ ဆက်သွယ်မှုကို လှုံ့ဆော်ပေးပါတယ်။ ဗီတာမင် B5 ပါဝင်လို့ ဖြတ်ထိုးဥာဏ်ကောင်းစေပြီး သင့်ဦးနှောက်လုပ်ဆောင်မှုကို ကောင်းမွန်စေပါတယ်။
ကင်ဆာရောဂါကို ကာကွယ်နိုင်ခြင်း
သခွားသီး ဖျော်ရည်ဟာ သခွားသီး တစ်လုံးလုံးမှာပါတဲ့ အာဟာရဓာတ်တွေ အားလုံး ပါဝင်တဲ့အတွက် ခုခံစွမ်းအားတွေ မြင့်တက်စေနိုင်ပြီး ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို သေစေနိုင်ပါတယ်။
ကင်ဆာကြောင့် ဖြစ်စေမယ့် ဓာတ်တွေကို လျှော့ချပေးနိုင်တဲ့အပြင် လူတွေအတွက် လိုအပ်ပြီး ကောင်းမွန်တဲ့ ပိုးမွှားတွေကို အားပေးပါတယ်။