Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဘယ်လိုလုပ်ရင် အစားစာတွေက ကျန်းမာရေးနဲ့ ညီညွှတ်မှာလဲ

Unicode

ဘယ်လိုလုပ်ရင် အစားစာတွေက ကျန်းမာရေးနဲ့ ညီညွှတ်မှာလဲ


ကျန်းမာရေး နှင့် ညီညွှတ်ဖို့ဆိုတာ အစားစာအသောက်တွေနဲ့ သက်ဆိုင်ပါတယ်။

 

ဒါကြောင့် ဘယ်လို အစားအစာတွေဟာ ကျန်းမာရေး နဲ့ ညီညွှတ်စေမှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

 

နေရာတိုင်မှာ ဘက်တီးရီးယားတွေဟာ အလွယ်တကူ နဲ့ ကောင်းစွာပေါက်ပွားနိုင်ပါတယ်။ ဒါကြောင့် အစားအစာတွေ ကို အဆင့်ဆင့်ပြုလုပ်တဲ့ အခါတွေမှာ ဘက်တီးရီးယားတွေ မဖြစ်ပွား သေချာဂရုစိုက်ဖို့ လိုပါတယ်။ အစားအစာတွေကို ပြင်ဆင်တာ၊ ချက်ပြုတ်တာ၊ ခင်းကျင်းတာ၊ သိုလှောင်တာ စတဲ့ နေရာတွေမှာ စနစ်တကျနဲ့ သန့်ရှင်းမှုရှိရပါမယ်။ ဒါြ့ပင် အသုံးပြုတဲ့ အိုး၊ ခွက်၊ ပန်းကန်၊ အသုံးဆောင် ပစ္စည်းတွေကိုလဲ သေချာစွာ သန့်စင်ဆေးကြောဖို့လည်း လိုအပ်ပါတယ်။

 

Read More >>>>>  အစာေခ်ဖ်က္မႈေကာင္းတဲ့ ပန္းေဂၚဖီစိမ္းကို စားၾကရေအာင္

 

အစားအစာတွေကို ချက်ပြုတ်တဲ့အခါမှာ ဘက်တီးရီးယားတွေ မဝင်အောင် မသန့်ရှင်းတာတွေ ဝင်ရောက်မှု မရှိအောင် ဂရုစိုက်ဖို့ လိုပါတယ်။ စားကြွင်း၊ စားကျန်များ၊ အမှိုက်များကိုလည်း စွန့်ပစ်တဲ့အခါတွေမှာ သေချာစွာ ခွဲခြားပြီးတော့ စွန့်ပစ်ခြင်းကို ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ အသား နဲ့ ငါး တွေမှာ ကပ်ပါးပိုးကောင်းများနှင့် တခြားသော ပိုးမွှားများ ကင်းဝေးအောင်လို့ သေချာချက်ပြုတ်ပြီးမှ စားသောက်သင့်ပါတယ်။

 

အသား နှင့် ငါးတွေကို တချို့တွေမှာ အစိမ်းစားတာတွေ ရှိလာပါတယ်။ ၎င်းတို့ကို အစိမ်းစားခြင်းဖြင့် ပိုးမွှားတွေ၊ ဘက်တီးရီးယားတွေဟာ ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားနိုင်တာကြောင်း အသား နှင့် ငါးတို့ကို သေချာစွာ ချက်ပြုတ်ပြီးမှ စားသင့်ပါတယ်။ တို့စရာအဖြစ်စားလေ့ရှိတဲ့ အသီးတွေနဲ့ အရွက်တွေ မှာ ဓာတ်မြေသြဇာတွေ၊ဓာတုဗေဒ ပစ္စည်းတွေကို အသုံးပြုတာ ရှိကောင်း ရှိနိုင်ပါတယ်။ ဒီလိုမျိုး ဓာတ်မြေသြဇာတွေ၊ ဓာတုဗေဒ ပစ္စည်းတွေ ကပ်ညှိတာမျိုးမရှိရလေအောင် အသီးအရွက်တွေကို ရေထဲမှာ ၁၀ မိနစ်လောက် စိမ်ပေးခြင်းတွေကို ပြုလုပ်ပြီးမှသာ စားသုံးပေးသင့်ပါတယ်။

 

ဆီသွတ်ဗူးတွေကို အသုံးပြုမယ်ဆိုရင် ပထမဆုံးအနေဖြင့် ပန်းကန်ထဲ ပြောင်းထည့်ပြီးမှ စားသုံးပေးသင့်ပါတယ်။ ဆီသွတ်ဗူးများကို ရေနွေးအိုးတွင်ထည့်၍ နွေးခြင်း၊ မီးအပူပေးခြင်း တို့ကို မပြုလုပ်ပေးသင့်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဗူးခွံမှာ ပါဝင်နိုင်တဲ့ ခဲတွေ၊ ပြဒါးတွေ၊ တခြား ဓာတ်သတ္တုဓာတ်တွေ မိမိစားသောက်မယ့်အစားအစာထဲမှာ ပျော်ဝင်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဆီသွတ်ဗူးတွေကို စားသံုံးတာဘဲ ဖြစ်ဖြစ်၊ အသုံးပြုဖို့ဘဲ ဖြစ်ဖြစ် ဝယ်ယူတဲ့အခါမှာ အက်ကွဲမှု၊ ပိန်ချိုင့်မှု၊ သံချေးတက်မှု၊ သတ်မှတ်ထားတဲ့ သက်တမ်းမကုန်ဆုံးတာမျိုးတွေ သေချာ ဂရုစိုက်ပြီး အသုံးပြုဖို့ လိုအပ်ပါတယ်။

 

နောက်ဆုံးအနေဖြင့် အစားအစာများကို ချက်ပြုတ်သူများ အပြင်ပါဝင် စားသောက်မည့်သူများလည်း လက်ကို သေချာ ဆေးကြောဖို့ လိုအပ်ပါတယ်။ အလွယ်တကူမမြင်နိုင်တဲ့ ရောဂါပိုးတွေဟာ လက်မှာ အမြဲကပ်ညှိနေတတ်ပါတယ်။ ဒါကြောင့် လက်ကို သေသေချာချာ ဆေးကြောမှသာလျှင် မမြင်ရတဲ့ ရောဂါပိုးတွေဟာ လက်ကနေတစ်ဆင့် ခန္ဓာကိုယ်ထဲကို မဝင်ရောက်နိုင်မှာဖြစ်ပြီး ဝမ်းပျက်၊ ဝမ်းလျော၊ တုပ်ကွေး အစားအဆိပ်သင့်တာတွေကို ကာကွယ်ပြီးသား ဖြစ်နိုင်မှာပါ။ ဒါကြောင့် လက်ကိုဆပ်ပြာနဲ့ သေချာဆေးကြောဖို့လည်း လိုအပ်ပါတယ်။

 

Source: ဒေါက်တာ မင်းထင်အောင်

 

 

 

ဘယ္လိုလုပ္ရင္ အစားစာေတြက က်န္းမာေရးနဲ႔ ညီညႊတ္မွာလဲ

 

က်န္းမာေရး ႏွင့္ ညီညႊတ္ဖို႔ဆိုတာ အစားစာအေသာက္ေတြနဲ႔ သက္ဆိုင္ပါတယ္။

 

ဒါေၾကာင့္ ဘယ္လို အစားအစာေတြဟာ က်န္းမာေရး နဲ႔ ညီညႊတ္ေစမွာလဲ ဆိုတာနဲ႔ ပတ္သက္ၿပီး ေဖာ္ျပေပးသြားမွာ ျဖစ္ပါတယ္။

 

ေနရာတိုင္မွာ ဘက္တီးရီးယားေတြဟာ အလြယ္တကူ နဲ႔ ေကာင္းစြာေပါက္ပြားႏိုင္ပါတယ္။ ဒါေၾကာင့္ အစားအစာေတြ ကို အဆင့္ဆင့္ျပဳလုပ္တဲ့ အခါေတြမွာ ဘက္တီးရီးယားေတြ မျဖစ္ပြား ေသခ်ာဂရုစိုက္ဖို႔ လိုပါတယ္။ အစားအစာေတြကို ျပင္ဆင္တာ၊ ခ်က္ျပဳတ္တာ၊ ခင္းက်င္းတာ၊ သိုေလွာင္တာ စတဲ့ ေနရာေတြမွာ စနစ္တက်နဲ႔ သန္႔ရွင္းမႈရွိရပါမယ္။ ဒါျ့ပင္ အသံုးျပဳတဲ့ အိုး၊ ခြက္၊ ပန္းကန္၊ အသံုးေဆာင္ ပစၥည္းေတြကိုလဲ ေသခ်ာစြာ သန္႕စင္ေဆးေၾကာဖို႔လည္း လိုအပ္ပါတယ္။

 

Read More >>>>>  အစာေခ်ဖ်က္မႈေကာင္းတဲ့ ပန္းေဂၚဖီစိမ္းကို စားၾကရေအာင္

 

အစားအစာေတြကို ခ်က္ျပဳတ္တဲ့အခါမွာ ဘက္တီးရီးယားေတြ မဝင္ေအာင္ မသန္႔ရွင္းတာေတြ ဝင္ေရာက္မႈ မရွိေအာင္ ဂရုစိုက္ဖို႔ လိုပါတယ္။ စားၾကြင္း၊ စားက်န္မ်ား၊ အမိႈက္မ်ားကိုလည္း စြန္႕ပစ္တဲ့အခါေတြမွာ ေသခ်ာစြာ ခြဲျခားၿပီးေတာ့ စြန္႕ပစ္ျခင္းကို ျပဳလုပ္ေပးဖို႔ လိုအပ္ပါတယ္။ အသား နဲ႔ ငါး ေတြမွာ ကပ္ပါးပိုးေကာင္းမ်ားႏွင့္ တျခားေသာ ပိုးမႊားမ်ား ကင္းေဝးေအာင္လို႔ ေသခ်ာခ်က္ျပဳတ္ၿပီးမွ စားေသာက္သင့္ပါတယ္။

 

အသား ႏွင့္ ငါးေတြကို တခ်ိဳ႕ေတြမွာ အစိမ္းစားတာေတြ ရွိလာပါတယ္။ ၎တို႔ကို အစိမ္းစားျခင္းျဖင့္ ပိုးမႊားေတြ၊ ဘက္တီးရီးယားေတြဟာ ခႏၶာကိုယ္ထဲ ဝင္ေရာက္သြားႏိုင္တာေၾကာင္း အသား ႏွင့္ ငါးတို႔ကို ေသခ်ာစြာ ခ်က္ျပဳတ္ၿပီးမွ စားသင့္ပါတယ္။ တို႔စရာအျဖစ္စားေလ့ရွိတဲ့ အသီးေတြနဲ႔ အရြက္ေတြ မွာ ဓာတ္ေျမၾသဇာေတြ၊ဓာတုေဗဒ ပစၥည္းေတြကို အသံုးျပဳတာ ရွိေကာင္း ရွိႏိုင္ပါတယ္။ ဒီလိုမ်ိဳး ဓာတ္ေျမၾသဇာေတြ၊ ဓာတုေဗဒ ပစၥည္းေတြ ကပ္ညွိတာမ်ိဳးမရွိရေလေအာင္ အသီးအရြက္ေတြကို ေရထဲမွာ ၁၀ မိနစ္ေလာက္ စိမ္ေပးျခင္းေတြကို ျပဳလုပ္ၿပီးမွသာ စားသံုးေပးသင့္ပါတယ္။

 

ဆီသြတ္ဗူးေတြကို အသံုးျပဳမယ္ဆိုရင္ ပထမဆံုးအေနျဖင့္ ပန္းကန္ထဲ ေျပာင္းထည့္ၿပီးမွ စားသံုးေပးသင့္ပါတယ္။ ဆီသြတ္ဗူးမ်ားကို ေရေႏြးအိုးတြင္ထည့္၍ ေႏြးျခင္း၊ မီးအပူေပးျခင္း တို႔ကို မျပဳလုပ္ေပးသင့္ပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ ဗူးခြံမွာ ပါဝင္ႏိုင္တဲ့ ခဲေတြ၊ ျပဒါးေတြ၊ တျခား ဓာတ္သတၱဳဓာတ္ေတြ မိမိစားေသာက္မယ့္အစားအစာထဲမွာ ေပ်ာ္ဝင္သြားႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဆီသြတ္ဗူးေတြကို စားသံံုးတာဘဲ ျဖစ္ျဖစ္၊ အသံုးျပဳဖို႔ဘဲ ျဖစ္ျဖစ္ ဝယ္ယူတဲ့အခါမွာ အက္ကြဲမႈ၊ ပိန္ခ်ိဳင့္မႈ၊ သံေခ်းတက္မႈ၊ သတ္မွတ္ထားတဲ့ သက္တမ္းမကုန္ဆံုးတာမ်ိဳးေတြ ေသခ်ာ ဂရုစိုက္ၿပီး အသံုးျပဳဖို႔ လိုအပ္ပါတယ္။

 

ေနာက္ဆံုးအေနျဖင့္ အစားအစာမ်ားကို ခ်က္ျပဳတ္သူမ်ား အျပင္ပါဝင္ စားေသာက္မည့္သူမ်ားလည္း လက္ကို ေသခ်ာ ေဆးေၾကာဖို႔ လိုအပ္ပါတယ္။ အလြယ္တကူမျမင္ႏိုင္တဲ့ ေရာဂါပိုးေတြဟာ လက္မွာ အၿမဲကပ္ညွိေနတတ္ပါတယ္။ ဒါေၾကာင့္ လက္ကို ေသေသခ်ာခ်ာ ေဆးေၾကာမွသာလွ်င္ မျမင္ရတဲ့ ေရာဂါပိုးေတြဟာ လက္ကေနတစ္ဆင့္ ခႏၶာကိုယ္ထဲကို မဝင္ေရာက္ႏိုင္မွာျဖစ္ၿပီး ဝမ္းပ်က္၊ ဝမ္းေလ်ာ၊ တုပ္ေကြး အစားအဆိပ္သင့္တာေတြကို ကာကြယ္ၿပီးသား ျဖစ္ႏိုင္မွာပါ။ ဒါေၾကာင့္ လက္ကိုဆပ္ျပာနဲ႔ ေသခ်ာေဆးေၾကာဖို႔လည္း လိုအပ္ပါတယ္။

 

Source: ေဒါက္တာ မင္းထင္ေအာင္

Read times Last modified on Monday, 03 February 2020 14:50
Rate this item
(0 votes)