Food & Health



Indomie ခေါက်ဆွဲခြောက်ထုပ် ကင်ဆာ ဘေးကင်းကြောင်း ထုတ်လုပ်သူက ကြေညာချက် ထုတ်ပြန်

Indomie ခေါက်ဆွဲခြောက်ထုပ် ကင်ဆာ ဘေးကင်းကြောင်း ထုတ်လုပ်သူက ကြေညာချက် ထုတ်ပြန်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 Indomie အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်  ထုတ်လုပ်သူ Indofood သည် ကင်ဆာအန္တရာယ် ရှိခြင်းကြောင့် ထိုင်ဝမ်နှင့် မလေးရှားရှိ ၎င်း၏ ထုတ်ကုန်များကို ပြန်လည်သိမ်းဆည်းမှုအပေါ် တုံ့ပြန်သည့် ကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။

.

မလေးရှားနှင့် ထိုင်ဝမ်ရှိ ကျန်းမာရေးအရာရှိများသည် Indomie ၏ "အထူးကြက်သား" အရသာ ခေါက်ဆွဲခြောက်ထုပ်တွင် ကင်ဆာ ဖြစ်ပွားစေတတ်သော ဓာတ်ပေါင်းတစ်မျိုးဖြစ်သည့် ethylene oxide ကို တွေ့ရှိခဲ့ကြောင်း ကြေညာခဲ့ကြသည်။

.

 Ethylene oxide သည် ဆေးဘက်ဆိုင်ရာကိရိယာများနှင့် ဟင်းခတ်အမွှေးအကြိုင်များကို ပိုးသတ်ရန်အတွက် အသုံးပြုသော အရောင်မဲ့ အနံ့မရှိသော ဓာတ်ငွေ့ဖြစ်သည်။ ကင်ဆာ ဖြစ်ပွားစေတတ်သော ဓာတုပစ္စည်းနှင့် ပတ်သက်နေသည်။

.

ထိုင်ဝမ်တွင် ဖြန့်ဖြူးရောင်းချနေသော အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ်များကို ကျပန်းစစ်ဆေးပြီးနောက်  ကြက်သားအရသာ Indomie အပါအဝင် အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် နှစ်မျိုးတွင် ethylene oxide ကို တွေ့ရှိခဲ့ကြောင်း တိုင်ပေမြို့တော်ရှိ ကျန်းမာရေးဌာနမှ ပြောကြားခဲ့သည်။

 ထိုကြေညာချက် ထွက်ပေါ်ခဲ့ပြီး နာရီပိုင်းအကြာတွင် မလေးရှားတွင်လည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

.

မလေးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ်ကတည်းက အမှတ်တံဆိပ်အမျိုးမျိုးမှ အသင့်ပြုတ်စား ခေါက်ဆွဲခြောက်ထုပ် နမူနာ ၃၆ ခုကို စစ်ဆေးခဲ့ကြောင်း၊ နမူနာ ၁၁ မျိုးတွင် ethylene oxide ပါဝင်နေသည်ကို ‌ေတွ့ရှိခဲ့ကြောင်း ကြေညာချက် ထုတ်ပြန်သည်။

ဝန်ကြီးဌာနက ၎င်းသည် ထိရောက်စွာ အရေးယူမှုများ ပြုလုပ်ခဲ့ကြောင်းနှင့် ကျန်းမာရေး ထိခိုက်စေသည့် ထုတ်ကုန်များကို ပြန်လည်သိမ်းဆည်းခဲ့ကြောင်း ပြောကြားခဲ့သည်။

 

"၎င်းခေါက်ဆွဲခြောက်ထုပ် နှစ်မျိုးတွင် ethylene oxide ပါဝင်နှုန်းသည် ခွင့်ပြုထားသည့် စံချိန်စံညွှန်းထက် ကျော်လွန်နေသဖြင့် သက်ဆိုင်ရာ လုပ်ငန်းများသည် ဈေးကွက်ထဲမှ အဆိုပါ ခေါက်ဆွဲခြောက်ထုပ်များ ချက်ချင်းပြန်သိမ်းရန် ညွှန်ကြားထားသည်" ဟု ထိုင်ဝမ်မှ ကြေညာချက်တွင် ဖော်ပြထားသည်။

.

 စွပ်စွဲချက်အပေါ် တုံ့ပြန်သည့် ကြေညာချက်ကို Indofoods ဒါရိုက်တာဘုတ်အဖွဲ့ဝင် Taufik Wiraatmadja က ထုတ်ပြန်ခဲ့သည်။

 ခေါက်ဆွဲများကို စံချိန်စံညွှန်း ထောက်ခံချက် ရရှိထားပြီး နိုင်ငံတကာ အစားအသောက် ဘေးကင်းရေး စည်းမျဉ်းများနှင့်အညီ ထုတ်လုပ်ထားသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Codex Standard for Instant Noodles နှင့်အညီ ထုတ်လုပ်ထားကြောင်း၊ အင်ဒိုနီးရှား FDA မှ ပြဋ္ဌာန်းထားသည့် စံများကိုလည်း လိုက်နာကြောင်း၊ ခေါက်ဆွဲခြောက်များကို ကမ္ဘာ့နိုင်ငံအသီးသီးသို့  တင်ပို့ရောင်းချနေသည်မှာ နှစ်ပေါင်း ၃၀ ကျော်ပြီဖြစ်ကြောင်း ကြေညာချက်တွင် ရှင်းပြထားသည်။ 

Source thecable

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Tuesday, 02 May 2023 01:18
Rate this item
(0 votes)