Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


လေဖြတ်ခြင်းကို ကာကွယ်နိုင်သည့် ရေနွေးကြမ်း

 ရေနွေးကြမ်းကို ကျွန်ုပ်တို့ မြန်မာလူမျိုးများငယ်စဉ်ကတည်း ကသောက်ခဲ့ကြသည်။ နေရာတိုင်း အိမ်တိုင်းမှာ ရေနွေးကြမ်းဝိုင်းရှိခဲ့သည်။ ဧည့်သည်လာလျှင်  ရေနွေးကြမ်း အရင်ချ ပေးသည်။ ရေနွေးကြမ်းကို မြန်မာတို့ ဘာကြောင့် သောက်ခဲ့ရသနည်း။


လျှာ တွင်အရသာတွေ့သည်မှာ မွေးကတည်းက၊ လူမှန်းစသိကတည်းက အဖိုး၊ အဘတို့နှင့်သောက်ခဲ့သော 'အခါးရည်' လည်းကောင်း၊ 'အဖန်ရည်'ဟုလည်းကောင်း ခေါ်ကြသည့် ရေနွေးကြမ်းကိုသာကြိုက်ပါသည်။

 

တကယ်တော့ ထမင်းစားပြီးလျှင် သို့မဟုတ် အစာများများ စားပြီးလျှင် အချိုရည်သောက်သူနှင့်  ရေနွေးကြမ်းသောက် သူတို့မှာ ကျန်းမာရေးရှုထောင့်မှကြည့်လျှင် အစာအိမ်သက်တမ်းရှည်မှု မတူညီကြပါ။


ပူလိုက်အေးလိုက်ဖြစ်ပါများလျှင် အစာအိမ်ပျက်စီးသည်။

 

အစာအိမ်ပျက်စီးလျှင် ရောဂါ တစ်ခုခုရမည်မှာ သေချာသည် ရနိုင်သောရောဂါများမှာ-


(၁)အစာမကြေရောဂါ


(၂)အစာအိမ်ရောင်ရောဂါ


(၃) အချဉ်ပြန်ရောဂါ


(၄)အစာအိမ်အချဉ်ပေါက်ရောဂါ


(၅) အစာအိမ်အနာပေါက်ခြင်း


(၆) အစာအိမ်ကင်ဆာ စသော ရောဂါများဖြစ်နိုင်လေသည်။


အနောက်တိုင်းဆေးပညာများတွင် မကြာသေးမီကမှ ဖတ်လိုက်ရသည်မှာ အစာစားပြီး အချိုရည် နှင့်သံဗူးများ၊ ဂက်စ်ပါသော အချိုရည်သောက်သုံးလေ့ရှိသူများမှာ စားထားသမျှထဲမှ အဆီဖတ်များကို အေးပြီးခဲအောင်ပလုပ် လိုက်သဖြင့် ချေဖျက်ရန်ခက်ခဲပြီး 'ဆီးချို'ရောဂါဖြစ်ဖို့ လမ်းစ ဖြစ်လာနိုင်သည်။

 

ထို့အပြင် ထို အက်ဆစ်ဖတ်များကိုအဟာရအဖြစ် အူသိမ်မှစုပ်ယူရာမှ သွေးကြော များအတွင်း ရောက်ရှိပြီး သွေးတွင်းအဆီ ထုတက် လာလေသည်။

 

သွေးတွင်း အဆီထုတက်လာသူများမှာ သွေးကြောကျဉ်းရောဂါ၊ နှလုံးရောဂါများ ခံစားရလေ့ရှိပြီး အခန့်မသင့်သော တစ်နေ့တွင် အဆီခဲ ပတ်ထွက်မျောပါသွားပြီး ဦးနှောက်အတွင်းသို့ ရောက်ရှိပြီး ရုတ်တရက် မူးပြီးလဲကျခြင်း၊ ဦးနှောက်အတွင်း သွေးခဲပိတ်၍ ကိုယ်တစ်ခြမ်း မလှုပ်ရှားနိုင်ခြင်း၊ လေဖြတ်ခြင်းများ ပါဖြစ်နိုင်သည်။


ရေနွေးကြမ်းနှင့်ပတ်သက်ပြီး ပြန်လည် ကောက်ချက်ချ ရမည်ဆိုလျှင် ကျေးလက်တောရွာများတွင်၊ မြို့ ကြီးပြကြီးများ၌နေထိုင်သူများလောက် လေဖြတ်သူမများရခြင်း အကြောင်းအရင်းများတွင် ရေနွေးကြမ်းသောက်သောဓလေ့သည်လည်း တစ်ခုအပါအဝင်ဖြစ်နိုင်ပါသည်။


တရုတ်ပြည်မှ ရှေးနှစ်ပေါင်းများစွာ(အေဒီ-၆ဝဝ)ကျော်ကတည်းက ဆူပွက်သော ရေနွေးထဲသို့ သစ်ရွက်ကြွေကျရာမှ စတင်ခဲ့သော လက်ဖက်ခြောက်ခတ်သောက်သောဓလေ့ကြောင့် အာရှနှင့် အရှေ့ တောင်ဥရောပနိုင်ငံများတွင် အစာအိမ်နှင့်အူမကြီး ကင်ဆာဖြစ်သူ နည်းပါးသည်။

 

ဥရောပနိုင်ငံများမှာ အဖြစ်များသော ကင်ဆာသည် အရှေ့ တောင် အာရှရှိ  ရေနွေးကြမ်း သောက်သောနိုင်ငံများတွင် ဖြစ်ပွားမှုရာ နှုန်းနည်းသည်ကို လေ့လာတွေ့ရှိကြသည်။

 

လေဖြတ်ခြင်းသည် လူမသေသော်လည်း ဘဝဆုံးရသော ရောဂါမျိုးဖြစ်သည်။ စီးပွားရေးအရလည်း မိသားစုတစ်ခုလုံး ငွေကုန်ကြေးကျများပြီး နှစ်ရှည်လများထိခိုက်စေသောရောဂါ ဖြစ်သည်။ လေမဖြတ်အောင်ကြိုတင်ရှောင်ကြဖို့လိုသည်။


သင် လေဖြတ်ခြင်းမှကာကွယ်သော ဆေးတစ်ခွက်ကို သောက်လိုလျှင် အစာစားပြီးတိုင်း  ရေနွေးကြမ်း  တစ်ခွက်သောက်ပါ။

 

အစာစားပြီးတိုင်း အချိုရည်၊ ရေခဲရည် သောက်သည်ထက်  ရေနွေးကြမ်း  သောက်သည်က အစာလည်းကြေ၊ ဆီးချိုသွေးတိုး ရောဂါကိုလည်း ကာကွယ်ပြီး သွေးတွင်းအဆီကျ စေသည့်အပြင် လေဖြတ်ခြင်းမှလည်း ကာကွယ်နိုင်သည့် ငွေကုန်ကြေး ကျနည်းသော ဆေးကောင်းဖြစ်ကြာင်းရေးသားလိုက်ရပါသည်။

 

Ref:Mg Mandalay

Read times Last modified on Thursday, 23 May 2019 15:46
Rate this item
(0 votes)