Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


တစ်နေ့တာ စားသုံးသင့်တဲ့ဗီတာမင်ဒီ ကြွယ်ဝတဲ့အစားအစာများ

လူခန္ဓာကိုယ်တွင် ဗီတာမင်ဒီဓာတ်က အရမ်းအရေးကြီးတဲ့အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

 

အရိုးကို သာမန်စေပြီး သွားကိုလဲ ကောင်းမွန်စေပါတယ်။ ဗီတာမင်ဒီချို့တဲ့ခြင်းက ဆီးချိုရောဂါ၊ သွေးဖိအားများခြင်း၊ ကင်ဆာရောဂါ၊ အဆစ်ရောင်ရောဂါကဲ့သို့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ဖြစ်စေနိုင်ပါတယ်။

 

ဗီတာမင်ဒီရဲ့ အရေးကြီးဆုံးလုပ်ဆောင်ချက်က အရိုးအတွင်းသို့ ကယ်စီယံဓာတ်စုပ်ယူတဲ့နေရာမှာ ကူညီပေးပါတယ်။ ထို့ကြောင့် သင် တစ်နေ့တာစားသုံးသင့်တဲ့ ဗီတာမင်ဒီဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို ဖော်ပြပေးလိုက်ရပါတယ်။

 

နွားနို့
နွားနို့တွင် ဗီတာမင်ဒီပါဝင်ပြီး နွားနို့တစ်ခွက်က တစ်နေ့တာဗီတာမင်ဒီလိုအပ်ချက်ရဲ့ ၂၀ရာခိုင်နှုန်းကို ထောက်ပံ့ပေးမှာဖြစ်ပါတယ်။ သင့်ကိုယ်အလေးချိန်နှင့်ပတ်သတ်ပြီး စိုးရိမ်မှုမဖြစ်ဘဲ တစ်နေ့တာစားတဲ့အစားအစာတွင် နွားနို့ပါဝင်သင့်ပါတယ်။

 


ချိစ်
ချိစ်ကို ဗီတာမင်ဒီဓာတ်ရရှိဖို့အတွက်စားပေးသင့်ပါတယ်။ တစ်နေ့တာ ချိစ်ကို စားပေးမယ်ဆိုရင် ဗီတာမင်ဒီလိုအပ်ချက်ကို ၁၀ရာခိုင်နှုန်းထောက်ပံ့ပေးပါလိမ့်မယ်။

 


လိမ္မော်ဖျော်ရည်
လတ်ဆတ်တဲ့လိမ္မော်ဖျော်ရည်တစ်ခွက်က သင့်ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဗီတာမင်ဒီပါဝင်ရုံသာမက ဗီတာမင်အေဓာတ်လဲ ကြွယ်ဝစွာပါဝင်ပါတယ်။ ၎င်းအပြင် အမြင်အာရုံကောင်းစေပြီး ကင်ဆာဖြစ်ပွားမှုကိုလဲ လျော့နည်းစေပါတယ်။

 

ကြက်ဥ
ကြက်ဥတွင် ဆံသားနဲ့လက်သည်းတွေကို ကောင်းမွန်စေတဲ့ ဇင့်စ်ဓာတ်၊ သံဓာတ်၊ပရိုတိန်း၊ဗီတာမင်ဒီ၊ဗီတာမင်အေနှင့် ဗီတာမင်ကေကဲ့သို့ အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်ပါတယ်။ ကြည်ဥတစ်လုံးက ဗီတာမင်ဒီလိုအပ်ချက်မှုကို ၈ရာခိုင်နှုန်းထောက်ပံ့ပေးနိုင်ပါတယ်။

 

ငါး
ဆော်လမွန်ငါး၊ တူနာငါးတွေက ဗီတာမင်ဒီချို့တဲ့သူတွေစားသင့်တဲ့ အစားအစာဖြစ်ပါတယ်။ ဗီတာမင်ဒီ ကြွယ်ဝရုံသာမက နှလုံးကျန်းမာစေတဲ့ အိုမီဂါသရီးအက်ဆစ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။


Credit:  MM

 

Read times
Rate this item
(1 Vote)