Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


Bubble Teaနှင့် ကျန်းမာရေး

Bubble Teaနှင့် ကျန်းမာရေး Google

လက်ဖက်ရည်ဟာ အရသာကောင်းပြီး လူကြိုက်များတဲ့သောက်စရာတစ်မျိုးဖြစ်ပါတယ်။

 

တိုးတက် လာတဲ့ခေတ်ကြီးထဲမှာ လူငယ်တွေသာမက တော်တော်များများသောလူတွေဟာ Bubble Tea ကို နှစ်ခြိုက်စွာသောက်သုံးလာကြပါတယ်။

 

Bubble Tea ဆိုတာဘာလဲ

 

၁၉၈၀ ဝန်းကျင်လောက်ကတည်းက တရုတ်နှင့်ထိုင်ဝမ်နိုင်ငံတွေမှာ စတင်ခေတ်စားလာခဲ့ပြီး လူကြိုက်များတဲ့ အစားအစာတစ်ခုဖြစ်လာခဲ့တာလို့ သိရပါတယ်။ ၎င်းBubble teaဟာ black tea၊ green tea၊ white tea စတာတွေကို နွားနို့ဖြင့်ပေါင်းစပ်ပြီး အနက်ရောင် Tapiocaအလုံးများ၊ သစ်သီး ဂျယ်လီများဖြင့် ရောစပ်ကာ သောက်ချင်စဖွယ် အရသာများ ဖန်တီးထားတာပဲ ဖြစ်ပါတယ်။

 

ဒါ့အပြင် Bubble teaကို ပင်မှည့်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ ချင်း(ဂျင်း)၊ ချောကလပ်၊ ကီဝီသီး အစရှိသည့် သစ်သီး သစ်ဥ အဆီနှစ် အရသာတွေဖြင့်လည်း သောက်သုံးနိုင်ပါတယ်။

 

ပူပြင်းလှသော ရာသီဥတုမှာ စိတ်ကိုလန်းဆန်းစေသော ခံစားချက် အပြင် ချိုမြိန် အေးမြသည့် နှစ်လိုဖွယ် အရသာရှိခြင်းကြောင့် နောက်ပိုင်းမှာ လူငယ်များ အလွန် သောက်သုံးလာကြပါတယ်။

 

သို့သော်လည်း အရာရာတိုင်းမှာ ကောင်းကျိုးနဲ့ဆိုးကျိုးဆိုတာ ဒွန်တွဲလျက်ရှိပါတယ်။ ဒါ့ကြောင့် ၎င်းBubble Teaနဲ့ ပတ်သက်ပြီး ကျန်းမာရေးအရ စမ်းသပ်ချက်မှ ကောင်းကျိုးနှင့်ဆိုးကျိုးအချို့ကို မျှဝေပေးလိုက်ပါတယ်။

 

Is bubble tea healthy? - 9Coach

 

Bubble Teaရဲ့ ကောင်းကျိုးများ

 

Bubble Teaမှာ ပါဝင်တဲ့ green tea, black tea နှင့် white teaတို့မှာ သကြားဓာတ် နှင့် ကဖိန်းဓာတ်များ ပါဝင်ပါတယ်။ green teaက ခန္တာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို အဓိက အားကောင်းစေသည့်အပြင် ခန္ဓာကိုယ်ကို အထောက်အကူပြုတဲ့ ဓာတ်ပစ္စည်းများစွာ ပါဝင်နေပါတယ်။

 

ဒါ့အပြင် green teaကို လတ်ဆတ်တဲ့ သစ်သီးတွေ၊ ဂျယ်လီတွေနဲ့ အရသာအမျိုးမျိုးထည့်ပြီး သောက်သုံးခြင်းက ခန္တာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင်စီ ထောက်ပံ့ပေးပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကို ပိုအားကောင်းစေပါတယ်။

 

သကြားဓာတ်လွန်ကဲပြီး အချိုဓာတ်များတဲ့ အစားအစာ နှင့် ကယ်လိုရီများသော အစားအစာတွေက ကျန်းမာရေးတွက်မကောင်းပေမယ့် တခါတရံမှာတော့ စိတ်ကြည်စေတဲ့အတွက် စားသုံးပေးရန်လိုအပ်ပါတယ်။ ထို့ကြောင့် သကြားပါဝင်မှုကို ၅၀% အောက်ထားပြီး မှာယူသောက်သုံးခြင်းက သင့်ခန္တာကိုယ်ရဲ့ အစာချေစနစ်ကို အထာက်အကူဖြစ်စေပါတယ်။

 

Bubble Teaရဲ့ ဆိုးကျိုးများ

 

More than 100 bubble tea balls found stuck in girl's body | Metro News

 

နို့မှာပါဝင်တဲ့ ဓာတ်အချို့က ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီတက်စေပြီး ၎င်းBubble Teaကို အမြဲတမ်းသောက်သုံးနေမယ်ဆိုရင် ကိုယ်အလေးချိန်တက်ခြင်း၊ ဝိတ်ချဖို့ခက်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

 

အစာကြေဖို့နည်းနည်းခက်တာကြောင့် အစာမကြေ၊ရင်ပြည့်ရင်ကယ် ဖြစ်လေ့ရှိသူတွေ လျှော့သောက်သင့်ပါတယ်။

 

ဒါ့အပြင် ခန္ဓာကိုယ်ကနေ သံဓာတ်စုပ်ယူမှုနှေးကွေးစေတာကြောင့် သွေးနီဥအားနည်းတာကိုဖြစ်စေနိုင်ပါတယ်။ အဲ့ဒီကတဆင့် သွေးအားနည်းရောဂါကိုဖြစ်စေနိုင်တာကြောင့် bubble teaသောက်တဲ့ သူတွေက သံဓာတ်အားဖြည့်ဆေးသောက်ဖို့ ပိုပြီးလိုအပ်ပါတယ်။

 

bubble teaမှာပါတဲ့ အနက်ရောင် Tapiocaအလုံးလေးတွေက အစာအိမ်အတွက် အစာချေဖျက်ဖို့ကို ခက်ခဲစေပါတယ်။

 

၎င်းရဲ့ နောက်ဆက်တွဲအကျိုးက အစာမကြေညှက်ပဲ အစာအိမ်လမ်းကြောင်းပိတ်ကာ အသက်သေဆုံးစေနိုင်တဲ့အထိ ဖြစ်နိုင်တယ်လို့ သိရပါတယ်။

 

ထို့အပြင် ကော်ဖီလိုပဲ ကဖင်းဓာတ်ပါဝင်မှုမြင့်မားတာကြောင့် အိပ်ပျော်ဖို့ခက်တဲ့သူ၊ ခေါင်းကိုက်တတ်တဲ့သူ၊ ရင်တုန်တတ်တဲ့သူ၊ ခေါင်းမူးတတ်တဲ့သူတွေလျှော့သောက်သင့်ပါတယ်။

 

အစားတစ်လုတ်အတွက်နဲ့ သင့်ရဲ့ကျန်းမာရေးကို အထိမခိုက်ခံဖို့ တိုက်တွန်းထားကြပါတယ်။

 

By Myanmar Food Guide

Read times
Rate this item
(0 votes)