Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အိပ်ခါနီးအချိန် လုံးဝမစားသင့်တဲ့ အစားအသောက်များ

ကိုယ်အလေးချိန်ချဖို့ ကြိုးစားနေသူတွေအတွက် ညဘက် အိပ်ရာဝင်ခါနီးမှာ လုံးဝမစားသင့်တဲ့ အစားအသောက်တွေ ရှိပါတယ်။

 


တီဗွီကြည့်နေရင်း စာအုပ်ဖတ်ရင်း ဖုန်းကစားနေခြင်းကနေ စားလိုက်မိတဲ့ မုန့်တွေက ကျန်းမာရေးကို ထိခိုက်နေတာမျိုးတွေ ဖြစ်လာနိုင်တဲ့အတွက်ကြောင့် ညဘက် လုံးဝမစားသင့်တဲ့ အစားအသောက်များကို အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

အာလူးကြော်

ညဘက် မိုးချူပ်ပြီ ဆိုတာနဲ့ မစားသင့်တဲ့ အထဲမှာ အာလူးကြော်က ထိပ်ဆုံးမှာရှိနေပါတယ်။ ကိုယ်အလေးချိန်ကို တိုးစေတဲ့ အပြင် အဆီများတဲ့ အစားအစာဖြစ်တာကြောင့် အိပ်စက်ခြင်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

 

Read More >>>>>  ထမင်းမြိန်စေမယ့် ငရုတ်သီးဆားထောင်း


အရက်

အိပ်ခါနီးမှာ အရက်သောက်ခြင်းဟာ ကောင်းမွန်တဲ့ အိပ်စက်ခြင်းကို မဖြစ်စေနိုင်ပါဘူး။ ဝိုင်တစ်ခွက်လောက် သောက်တာက ကောင်းကောင်းအိပ်ပျော်တယ်ဆိုပေမယ့် သောက်တာ နည်းနည်းများသွားတာနဲ့ အမျှ ပိုပြီးအိပ်ရ ခက်နိုင်ပါတယ်။ အရက်သောက်ထားခြင်းကြောင့် မကြာခဏ အိပ်ရာက နိုးစေပြီး မနက်ထတဲ့ အခါတွေမှာလည်း ခေါင်းကိုက်ခြင်းနဲ့ အရက်နာကျခြင်း စတာတွေ ဖြစ်စေနိုင်ပါတယ်။


ငရုတ်သီး

ငရုတ်သီးကို ညအိပ်ခါနီးတွေမှာ မစားစေချင်တာကတော့ အကြောင်း ၂မျိုးရှိပါတယ်။ ပထမတစ်ခုက ငရုတ်သီးစားတာကြောင့် အစာချေ စနစ်မှာ ပြဿနာတွေ ရှိနိုင်ပြီး ဝမ်းဗိုက်နာကျင်တာတွေ ဖြစ်တတ်ပါတယ်။ နောက်တစ်ခုကတော့ ငရုတ်သီးဟာ အိပ်ပျော်စေတဲ့ စိတ်ကို မဖြစ်စေဘူးလို့ ဆိုပါတယ်။

 

Ref: Reader Digest

Read times
Rate this item
(1 Vote)