Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


မနက်စာ ကြက်ဥစားခြင်း၏ ကောင်းကျိုးများ

Unicode


မနက်စာ ကြက်ဥစားခြင်း၏ ကောင်းကျိုးများ


တစ်နေ့ကြက်ဥတစ်လုံးစားခြင်းရဲ့ အကျိုးကျေးဇူးကဘာတွေလဲ။ သင်သိပါသလား။

 

တစ်နေ့ ကြက်ဥတစ်လုံးစားခြင်းသည် မှတ်ဉာဏ်ကောင်းစေရုံ၊ အမြင်အာရုံ  ကာကွယ်နိုင်ရန် အကျိုးသက်ရောက်စေရုံသာမက ခန္ဓာကိုယ်အလေးချိန် လျော့ကျမှု့ကိုလည်း အထောက်အကူ  ပြုစေပါတယ်။

 

တချို့လူတွေက နေ့တိုင်းကြက်ဥစားခြင်းသည် ခန္ဓာကိုယ်ထဲရှိ ကိုလက်စတောလ်(cholesterol) မြင့်မားစေနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။ လူအများစုဟာ  မနက်စာမှာ ကြက်ဥစားခြင်းသည် ကောင်းကျိုး အများကြီးရှိတာကို မသိကြပါဘူး။

 

ပရိုတင်းဓာတ် (protein)  ဖြည့်ဆည်းပေးခြင်း

 

ပရိုတင်းဓာတ်သည် သက်ရှိအတွက် မရှိမဖြစ် လိုအပ်သော အာဟာရဓာတ် တစ်မျိုးဖြစ်တယ်။ ဆန်ပြုတ်တို့ ပေါင်မုန့်တို့တွင်ပါဝင်တဲ့ ပရိုတင်းဓာတ်နှင့် နှိုင်းယှဉ်ပါက ကြက်ဥတွင် ပါဝင်သော ပရိုတင်းဓာတ်သည် အမိုင်နို အက်စစ် (amino acid) ကို အထောက် အကူပြုစေပြီး လူ့ခန္ဓာကိုယ်တွင်လိုအပ်သော အမိုင်နိုအက်စစ်နှင့် ဖွဲ့စည်းထားပါတယ်။

 

ဇီဝနည်းပညာဘက်မှအနေဖြင့် အစားအစာအားလုံးတို့၏ အကောင်းဆုံးအရာတစ်ခုဖြစ်တယ်။

 

ထို့အပြင် ကြက်ဥတွင်ပါဝင်သော ပရိုတင်းဓာတ်သည် ဆန်ပြုတ်နှင့်ပေါင်မုန့်တို့တွင် ပါဝင်သော ပရိုတင်းဓာတ်ထက် စုတ်ယူအသုံးချမှု့အားပိုကောင်းပါတယ်။

 


ပြည့်ဝမှု ရှိနေခြင်း

 

ကြက်ဥသည် ခန္ဓာကိုယ်တွင်လိုအပ်သော ပရိုတင်းဓာတ်ဖြည့်ဆည်းပေးရုံသာမက အစာအိမ်ခြေဖျက်မှု့အားကို လျော့ချပေးစေသည့်အတွက် အစာစားပြီး ဗိုက်ပြည့်နေမှု့ကို ကြာရှည်ခံနိုင်ပါတယ်။

 

လေ့လာတွေ့ရှိချက်အရ မနက်စာ ကြက်ဥပါဝင်စားသုံးခြင်းသည် လူတို့၏ဗိုက်ကို ပြည့်တင်းစေသည့်အပြင် ကြက်ဥတွင်ပါဝင်သော ပရိုတင်းဓာတ်နှင့် အဆီဓာတ်သည် ခန္ဓာကိုယ်အားအင်ကို ထိန်းထားနိုင်သောကြောင့် ဗိုက်ပြည့်နေသည့်အချိန်ကို ပိုမိုကြာရှည် စေပါတယ်။

 

Read More >>>>>   စင္ကာပူၿမိဳ႕ ကုန္ပစၥည္းလက္လီေဈးႏႈန္းမ်ားႏွင့္ ေဈးကြက္သတင္းအခ်က္အလက္မ်ား

 


ကိုယ်အလေးချိန်လျော့ကျမှု့ကိုအထောက်အကူပြုခြင်း

 

မနက်စာကြက်ဥစားခြင်းသည် နေ့လယ်စာနှင့် တစ်နေ့လုံးရဲ့ ကယ်လိုရီ (caloric) စားသုံးမှု့ ပမာဏကို လျော့ကျစေသောကြောင့် ခန္ဓာကိုယ်အလေးချိန်ကို ထိန်းချုပ်နိုင်ပါတယ်။

 

လေ့လာတွေ့ရှိချက်အရ မနက်စာကို ကာဗွန်ဟိုက်ဒရိုက် (carbonhydrate) ပါဝင်သော အစားအစာများကို အဓိကစားသုံးသူတွေနဲ့ နှိုင်းယှဉ်ကြည့်ပါက မနက်စာ ကြက်ဥ စားသုံးသူများရဲ့ ကိုယ်အလေးချိန်ဟာ 56%လျော့ကျနေကြောင်း တွေ့ရှိရပါတယ်။ ထို့အပြင် ထိုသူတို့၏ အားအင်ဟာလည်း ပြည့်ဝနေကြပါတယ်။

 

မှတ်ဉာဏ်အားကောင်းမွန်စေခြင်း

 

ကြက်ဥအတွင်း အဝါနှစ်သည် လက်စီတင်ဓာတ် (lecithin) အပြည့်အဝ ပါဝင်ရုံ သာမက sterol ဓာတ်ဖြစ်သော ကယ်လ်ဆီယံ (calcium)၊ ဖောလ်စဖောလ်ရက် (phosphorus)၊ သံဓာတ် (iron)၊ ဗီတာမင်A (vitamin A)၊ ဗီတာမင်D (vitamin D) အပြင် ဗီတာမင်B အုပ်စု (vitamin B group) များလည်း ပါဝင်ပါတယ်။

 

ကြက်ဥတွင်ပါဝင်သော ကရိုရင်း (choline ဗီတာမင်B အုပ်စုတွင် ပါဝင်သော ဓာတ် တစ်မျိုး) သည် ဦးနှောက်အာရုံကြော အားကောင်းမွန်စေခြင်းတွင် မရှိမဖြစ် အရာတစ်မျိုး ဖြစ်တယ်။

 

 တစ်ပြိုင်နက်တည်းမှာလည်း အာရုံကြောဆဲလ် အမှေးပါးများတွင် သက်ရောက်မှု ရှိပြီး မှတ်ဉာဏ်အား ကောင်းမွန်စေသည့်အပြင် အာရုံစူးစိုက်မှုအားလည်း ကောင်းမွန် စေနိုင်တယ်။

 

ထို့ကြောင့် ဦးနှောက်အသုံးများသော လုပ်ငန်းခွင်လူများနှင့် ကျောင်းသား၊ သူများ အနေဖြင့် မနက်စာတွင် ကြက်ဥတစ်လုံးစားပေးခြင်းသည် မှတ်ဉာဏ် ပိုမိုကောင်းမွန် လာစေနိုင်တယ်။

 


နိုးကြားမှု့အားကောင်းခြင်း

 

ကြက်ဥတွင်ပါဝင်သော အမိုင်နိုအက်စစ် (amino acid) သည် လူတို့၏နိုးကြားမှုကို အားကောင်းစေရုံသာမက တုံ့ပြန်မှု့ကို ချက်ချင်းလုပ်ဆောင်နိုင်ရန် အကျိုးပြုသည်။

 

ထို့ကြောင့် ကားမောင်းသမား (driver) တွေအနေဖြင့် မနက်စာတိုင်း ကြက်ဥစားပေးခြင်းဖြင့် အန္တရာယ် ကင်းစွာ မောင်းနှင်နိုင်မှု အကျိုးသက်ရောက်စေနိုင်တယ်။

 

အမြင်အာရုံကာကွယ်နိုင်ခြင်း

 

ကြက်ဥအဝါအနှစ်သည် အန်တီအောက်ဆီဒက် (antioxidant) ဖြစ်သော လူတင်းဓာတ် (lutein) နှင့် ဇီအတင်းဓာတ် (zeaxanthin) ပါဝင်သောကြောင့် မျက်စိအား ခရမ်းလွန် ရောင်ခြည်ဒဏ် ထိခိုက်မှုမှ ကာကွယ်ပေးစေနိုင်ပါတယ်။

 

Source: Facebook

 

 

 

မနက္စာ ၾကက္ဥစားျခင္း၏ ေကာင္းက်ိဳးမ်ား

 

တစ္ေန႔ၾကက္ဥတစ္လုံးစားျခင္းရဲ႕ အက်ိဳးေက်းဇူးကဘာေတြလဲ။ သင္သိပါသလား။

 

တစ္ေန႔ ၾကက္ဥတစ္လုံးစားျခင္းသည္ မွတ္ဥာဏ္ေကာင္းေစရုံ၊ အျမင္အာရုံ  ကာကြယ္ႏိုင္ရန္ အက်ိဳးသက္ေရာက္ေစရုံသာမက ခႏၶာကိုယ္အေလးခ်ိန္ ေလ်ာ႔က်မႈ႕ကိုလည္း အေထာက္အကူ  ျပဳေစပါတယ္။

 

တခ်ိဳ႕လူေတြက ေန႔တိုင္းၾကက္ဥစားျခင္းသည္ ခႏၶာကိုယ္ထဲရိွ ကိုလက္စေတာလ္(cholesterol) ျမင္႔မားေစႏိုင္တယ္လို႔ စိုးရိမ္ေနၾကပါတယ္။ လူအမ်ားစုဟာ  မနက္စာမွာ ၾကက္ဥစားျခင္းသည္ ေကာင္းက်ိဳး အမ်ားႀကီးရိွတာကို မသိၾကပါဘူး။

 

ပရိုတင္းဓာတ္ (protein)  ျဖည့္ဆည္းေပးျခင္း

 

ပရိုတင္းဓာတ္သည္ သက္ရိွအတြက္ မရိွမျဖစ္ လိုအပ္ေသာ အာဟာရဓာတ္ တစ္မ်ိဳးျဖစ္တယ္။ ဆန္ျပဳတ္တို႔ ေပါင္မုန္႔တို႔တြင္ပါဝင္တဲ့ ပရိုတင္းဓာတ္ႏွင္႔ ႏႈိင္းယွဥ္ပါက ၾကက္ဥတြင္ ပါဝင္ေသာ ပရိုတင္းဓာတ္သည္ အမိုင္ႏို အက္စစ္ (amino acid) ကို အေထာက္ အကူျပဳေစၿပီး လူ႔ခႏၶာကိုယ္တြင္လိုအပ္ေသာ အမိုင္ႏိုအက္စစ္ႏွင္႔ ဖြဲ႔စည္းထားပါတယ္။

 

ဇီဝနည္းပညာဘက္မွအေနျဖင္႔ အစားအစာအားလုံးတို႔၏ အေကာင္းဆုံးအရာတစ္ခုျဖစ္တယ္။

 

ထို႔အျပင္ ၾကက္ဥတြင္ပါဝင္ေသာ ပရိုတင္းဓာတ္သည္ ဆန္ျပဳတ္ႏွင္႔ေပါင္မုန္႔တို႔တြင္ ပါဝင္ေသာ ပရိုတင္းဓာတ္ထက္ စုတ္ယူအသုံးခ်မႈ႔အားပိုေကာင္းပါတယ္။


ျပည့္ဝမႈ ရိွေနျခင္း

 

ၾကက္ဥသည္ ခႏၶာကိုယ္တြင္လိုအပ္ေသာ ပရိုတင္းဓာတ္ျဖည့္ဆည္းေပးရုံသာမက အစာအိမ္ေျခဖ်က္မႈ႔အားကို ေလ်ာ႔ခ်ေပးေစသည့္အတြက္ အစာစားၿပီး ဗိုက္ျပည့္ေနမႈ႔ကို ၾကာရွည္ခံႏိုင္ပါတယ္။

 

ေလ႔လာေတြ႔ရိွခ်က္အရ မနက္စာ ၾကက္ဥပါဝင္စားသုံးျခင္းသည္ လူတို႔၏ဗိုက္ကို ျပည့္တင္းေစသည့္အျပင္ ၾကက္ဥတြင္ပါဝင္ေသာ ပရိုတင္းဓာတ္ႏွင္႔ အဆီဓာတ္သည္ ခႏၶာကိုယ္အားအင္ကို ထိန္းထားႏိုင္ေသာေၾကာင္႔ ဗိုက္ျပည့္ေနသည့္အခ်ိန္ကို ပိုမိုၾကာရွည္ ေစပါတယ္။

 


ကိုယ္အေလးခ်ိန္ေလ်ာ႔က်မႈ႕ကိုအေထာက္အကူျပဳျခင္း

 

မနက္စာၾကက္ဥစားျခင္းသည္ ေန႔လယ္စာႏွင္႔ တစ္ေန႔လုံးရဲ႕ ကယ္လိုရီ (caloric) စားသုံးမႈ႔ ပမာဏကို ေလ်ာ႔က်ေစေသာေၾကာင္႔ ခႏၶာကိုယ္အေလးခ်ိန္ကို ထိန္းခ်ဳပ္ႏိုင္ပါတယ္။

 

ေလ့လာေတြ႔ရိွခ်က္အရ မနက္စာကို ကာဗြန္ဟိုက္ဒရိုက္ (carbonhydrate) ပါဝင္ေသာ အစားအစာမ်ားကို အဓိကစားသုံးသူေတြနဲ႔ ႏိႈင္းယွဥ္ၾကည့္ပါက မနက္စာ ၾကက္ဥ စားသုံးသူမ်ားရဲ႕ ကိုယ္အေလးခ်ိန္ဟာ 56%ေလ်ာ႔က်ေနေၾကာင္း ေတြ႕ရိွရပါတယ္။ ထို႔အျပင္ ထိုသူတို႔၏ အားအင္ဟာလည္း ျပည့္ဝေနၾကပါတယ္။

 

Read More >>>>>   စင္ကာပူၿမိဳ႕ ကုန္ပစၥည္းလက္လီေဈးႏႈန္းမ်ားႏွင့္ ေဈးကြက္သတင္းအခ်က္အလက္မ်ား

မွတ္ဥာဏ္အားေကာင္းမြန္ေစျခင္း

 

ၾကက္ဥအတြင္း အဝါႏွစ္သည္ လက္စီတင္ဓာတ္ (lecithin) အျပည့္အဝ ပါဝင္ရုံ သာမက sterol ဓာတ္ျဖစ္ေသာ ကယ္လ္ဆီယံ (calcium)၊ ေဖာလ္စေဖာလ္ရက္ (phosphorus)၊ သံဓာတ္ (iron)၊ ဗီတာမင္A (vitamin A)၊ ဗီတာမင္D (vitamin D) အၿပင္ ဗီတာမင္B အုပ္စု (vitamin B group) မ်ားလည္း ပါဝင္ပါတယ္။

 

ၾကက္ဥတြင္ပါဝင္ေသာ ကရိုရင္း (choline ဗီတာမင္B အုပ္စုတြင္ ပါဝင္ေသာ ဓာတ္ တစ္မ်ိဳး) သည္ ဦးေႏွာက္အာရုံေၾကာ အားေကာင္းမြန္ေစျခင္းတြင္ မရိွမျဖစ္ အရာတစ္မ်ိဳး ျဖစ္တယ္။

 

 တစ္ၿပိဳင္နက္တည္းမွာလည္း အာရုံေၾကာဆဲလ္ အေမွးပါးမ်ားတြင္ သက္ေရာက္မႈ ရိွၿပီး မွတ္ဥာဏ္အား ေကာင္းမြန္ေစသည္႔အျပင္ အာရုံစူးစိုက္မႈအားလည္း ေကာင္းမြန္ ေစႏိုင္တယ္။

 

ထို႔ေၾကာင္႔ ဦးေႏွာက္အသုံးမ်ားေသာ လုပ္ငန္းခြင္လူမ်ားႏွင္႔ ေက်ာင္းသား၊ သူမ်ား အေနျဖင္႔ မနက္စာတြင္ ၾကက္ဥတစ္လုံးစားေပးျခင္းသည္ မွတ္ဥာဏ္ ပိုမိုေကာင္းမြန္ လာေစႏိုင္တယ္။

 


ႏိုးၾကားမႈ႔အားေကာင္းျခင္း

 

ၾကက္ဥတြင္ပါဝင္ေသာ အမိုင္ႏိုအက္စစ္ (amino acid) သည္ လူတို႔၏ႏိုးၾကားမႈကို အားေကာင္းေစရုံသာမက တုံ႔ျပန္မႈ႔ကို ခ်က္ခ်င္းလုပ္ေဆာင္ႏိုင္ရန္ အက်ိဳးျပဳသည္။

 

ထို႔ေၾကာင္႔ ကားေမာင္းသမား (driver) ေတြအေနျဖင္႔ မနက္စာတိုင္း ၾကက္ဥစားေပးျခင္းျဖင္႔ အႏၲရာယ္ ကင္းစြာ ေမာင္းႏွင္ႏိုင္မႈ အက်ိဳးသက္ေရာက္ေစႏိုင္တယ္။

 

အျမင္အာရုံကာကြယ္ႏိုင္ျခင္း

 

ၾကက္ဥအဝါအႏွစ္သည္ အန္တီေအာက္ဆီဒက္ (antioxidant) ျဖစ္ေသာ လူတင္းဓာတ္ (lutein) ႏွင္႔ ဇီအတင္းဓာတ္ (zeaxanthin) ပါဝင္ေသာေၾကာင္႔ မ်က္စိအား ခရမ္းလြန္ ေရာင္ျခည္ဒဏ္ ထိခိုက္မႈမွ ကာကြယ္ေပးေစႏိုင္ပါတယ္။

 

Source: Facebook

Read times Last modified on Thursday, 06 February 2020 16:36
Rate this item
(1 Vote)