Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သလဲသီးစာပေးခြင်း၏ အကျိုးကျေးဇူးများ

Unicode ျဖင့္ဖတ္ရန္

သလဲသီးစာပေးခြင်း၏ အကျိုးကျေးဇူးများ


 သလဲသီးကို စားပေးခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူး (၉)မျိုးကို ရရှိမှာဖြစ်ပါတယ်။

၁။ နှလုံးရောဂါကို ကာကွယ်ပေးခြင်း


သလဲသီးဟာ Polyphenol နဲ့ Anti-Atherogenic ဓာတ်တွေ များပြားစွာ ပါဝင်ပါတယ်။ ဒါကြောင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်သလို နှလုံးသွေးကြောကျဉ်းခြင်းကိုလည်း မဖြစ်စေပါဘူး။


Agar ကျောက်ကျောထုတ်လုပ်ငန်းပေါင်း ၈ ခုကိုရှာရန်နှိပ်ပါ။


၂။ သွေးဖိအားကို လျှော့ချပေးခြင်း


သလဲသီးကို နေ့စဉ်စားသုံးပေးရင် သွေးဖိိအားမမှန်ကန်ခြင်း၊ သွေးပေါင်ချိန် ရုတ်တရက်မြင့်တက်ခြင်း စတာတွေကို လျော့ချပေးနိုင်ပါတယ်။ အထူးသဖြင့် သလဲသီးမှာ ဗီတာမင် C ဓာတ် ပါဝင်တာကြောင့် သွေးနဲ့ပတ်သက်တဲ့ ရောဂါတွေကို နိုင်နင်းပါတယ်။


၃။ အဆစ်ရောင်ရောဂါကို ပျောက်ကင်းစေခြင်း


အလုပ်အရမ်းပင်ပန်းလို့ အဆစ်အမြစ်ရောင်ရမ်းနာကျင်ခြင်း၊ ရေရှည် ညောင်းညာကိုက်ခဲ့ ရောဂါတွေအတွက် သလဲသီးကို ယုံကြည်စွာ စားသုံးပေးတာနဲ့ သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။ သလဲသီးမှာ အဆစ်မြစ်ရောင်ရမ်းကိုက်ခဲခြင်းကို သက်သာစေနိုင်တဲ့ Antioxidant တွေ များစွာ ပါဝင်ပါတယ်။

၄။ သွေးအားနည်းရောဂါကို ကုသပေးနိုင်ခြင်း


သွေးအားနည်းရောဂါဖြစ်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ သွေးအားနည်း ရောဂါသမားတွေအတွက် သင့်တော်တဲ့ သစ်သီးဖြစ်ပါတယ်။


Candy သကြားလုံးထုတ်လုပ်ငန်းပေါင်း ၄၀ ခုကိုရှာရန်နှိပ်ပါ။


၅။ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ခြင်း


သလဲသီးမှာ ကင်ဆာရောဂါ အမျိုးမျိုးကို ကာကွယ်ပေးနိုင်တဲ့ Antioxidant တွေ များပြားစွာ ပါဝင်ပါတယ်။ သလဲသီးကနေ ကာကွယ်နိုင်တဲ့ ကင်ဆာရောဂါတွေကတော့ ဆီးကြိတ်ကင်ဆာ ရင်သာကင်ဆာ၊အဆုပ်ကင်ဆာ အရေအပြားကင်ဆာတို့ပဲ ဖြစ်ပါတယ်။


၆။ မှတ်ဉာဏ်ကို တိုးတက်စေနိုင်ခြင်း


သလဲသီးကို နေ့စဉ်စားသုံးပေးပါက ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးပြီး မှတ်ဉာဏ်ကို တိုးတက်စေပါတယ်။ ဒါ့အပြင် အသက်အရွယ်ကြောင့်ဖြစ်တဲ့ အယ်လ်ဇိုင်းမား ရောဂါနဲ့ ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ အတိတ်မေ့ရောဂါတွေကိုလည်း ပျောက်ကင်းစေနိုင်တဲ့ Polyphenol ဓာတ်တွေ သလဲသီးမှာ ပါဝင်ပါတယ်။


၇။ အရေအပြားကို ချောမွတ်လှပစေခြင်း


ဆံပင်​သန်​​စေတယ်​။ ဆံပင်​ကျွတ်​သူများအတွက်​အထူး​ကောင်​းမွန်​​စေတယ်​။ ဗီတာမင် C ကြွယ်ဝစွာပါဝင်တဲ့ သလဲသီးဟာ အရေအပြား ကျန်းမာရေးကိုလည်း အထောက်အကူ ပြုပေးပါတယ်။ သွေးသားကို သန့်စင်စေပြီး အဖုအပိမ့်ကင်းတဲ့ အသားအရေကို ပေးစွမ်းနိုင်ပါတယ်။

သလဲသီးမှာ အသားအရည်ကောင်းမွန်အောင် ထိန်းညှိပေးတဲ့ အာဟာရဓာတ်များ၊ သတ္တုဓာတ်များနှင့်အရည်ဓာတ်တို့ ပါဝင်သောကြောင့် UV နဲ့ အပူဒဏ်တို့မှ ကာကွယ်ပေးပါတယ် အသားအရည်စိုပြေလှပစေ ပါတယ်။ အသားယားယံခြင်းနှင့် ခြောက်သွေ့တဲ့ အသားအရည်တို့ကို သက်သာပျောက်ကင်း စေပါတယ်။


၈။ ခံတွင်းအနံဆိုးကို ပျောက်စေနိုင်ခြင်း


သလဲသီးမှာ Pomegranate ဓာတ်လည်း ပါဝင်တာကြောင့် ခံတွင်းပိုင်း ရောဂါတွေဖြစ်တဲ့ သွားကို်က်၊ သွားနာ၊ သွားပဲ့ သွားအတွင်းပိုင်းပိုးစားခြင်းစတာတွေကိုဖယ်ရှားပေးနိုင်ပြီး ခံတွင်းအနံ့ဆိုးမှုကိုလည်း ထိရောက် စွာ ကာကွယ်နိုင်ပါတယ်။

Read More >>>>>  သင့် အသည်းကို သန့်ရှင်းစေတဲ့ မန်ကျည်းဖျော်ရည်


၉။ သန္ဓေသားကို ကျန်းမာစေခြင်း


ကိုယ်ဝန်ဆောင် မိခင်တွေ သလဲသီးကို စားပေးပါက ဗိုက်ထဲမှာရှိတဲ့ သန္ဓေသားကို ကျန်းမာစေပါတယ်။ ဒါ့အပြင် မိခင်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေကို ကာကွယ်ပေးပြီး၊ မွေးရာပါနှလုံးရောဂါဖြစ်ခြင်း ကိုလည်း ကြိုတင်ကုသပေးနိုင်စွမ်း ရှိပါတယ်။

Credit: မူရင်းရေးသားသူ

 

 

သလဲသီးစားေပးျခင္း၏ အက်ဳိးေက်းဇူးမ်ား

 

 သလဲသီးကို စားေပးျခင္းျဖင့္ ေအာက္ပါ အက်ိဳးေက်းဇူး (၉)မ်ိဳးကုိ ရရွိမွာျဖစ္ပါတယ္။

 

၁။ ႏွလုံးေရာဂါကုိ ကာကြယ္ေပးျခင္း


သလဲသီးဟာ Polyphenol နဲ႕ Anti-Atherogenic ဓာတ္ေတြ မ်ားျပားစြာ ပါ၀င္ပါတယ္။ ဒါေၾကာင့္ ႏွလုံးေရာဂါကုိ ကာကြယ္ေပးႏုိင္သလုိ ႏွလုံးေသြးေၾကာက်ဥ္းျခင္းကိုလည္း မျဖစ္ေစပါဘူး။

 

Agar ေက်ာက္ေက်ာထုတ္လုပ္ငန္းေပါင္း ၈ ခုကိုရွာရန္ႏွိပ္ပါ။


၂။ ေသြးဖိအားကို ေလွ်ာ့ခ်ေပးျခင္း


သလဲသီးကုိ ေန႕စဥ္စားသုံးေပးရင္ ေသြးဖိိအားမမွန္ကန္ျခင္း၊ ေသြးေပါင္ခ်ိန္ ႐ုတ္တရက္ျမင့္တက္ျခင္း စတာေတြကို ေလ်ာ့ခ်ေပးႏုိင္ပါတယ္။ အထူးသျဖင့္ သလဲသီးမွာ ဗီတာမင္ C ဓာတ္ ပါ၀င္တာေၾကာင့္ ေသြးနဲ႕ပတ္သက္တဲ့ ေရာဂါေတြကို ႏုိင္နင္းပါတယ္။


၃။ အဆစ္ေရာင္ေရာဂါကုိ ေပ်ာက္ကင္းေစျခင္း


အလုပ္အရမ္းပင္ပန္းလုိ႕ အဆစ္အျမစ္ေရာင္ရမ္းနာက်င္ျခင္း၊ ေရရွည္ ေညာင္းညာကုိက္ခဲ့ ေရာဂါေတြအတြက္ သလဲသီးကုိ ယုံၾကည္စြာ စားသုံးေပးတာနဲ႕ သက္သာ ေပ်ာက္ကင္းေစႏုိင္ပါတယ္။ သလဲသီးမွာ အဆစ္ျမစ္ေရာင္ရမ္းကိုက္ခဲျခင္းကို သက္သာေစႏုိင္တဲ့ Antioxidant ေတြ မ်ားစြာ ပါ၀င္ပါတယ္။

 

၄။ ေသြးအားနည္းေရာဂါကုိ ကုသေပးႏုိင္ျခင္း


ေသြးအားနည္းေရာဂါျဖစ္ျခင္းတုိ႕ကုိ ကာကြယ္ေပးႏုိင္ပါတယ္။ ေသြးအားနည္း ေရာဂါသမားေတြအတြက္ သင့္ေတာ္တဲ့ သစ္သီးျဖစ္ပါတယ္။

 

Candy သၾကားလံုးထုတ္လုပ္ငန္းေပါင္း ၄၀ ခုကိုရွာရန္ႏွိပ္ပါ။


၅။ ကင္ဆာေရာဂါကုိ ကာကြယ္ေပးႏုိင္ျခင္း


သလဲသီးမွာ ကင္ဆာေရာဂါ အမ်ိဳးမ်ိဳးကို ကာကြယ္ေပးႏုိင္တဲ့ Antioxidant ေတြ မ်ားျပားစြာ ပါ၀င္ပါတယ္။ သလဲသီးကေန ကာကြယ္ႏုိင္တဲ့ ကင္ဆာေရာဂါေတြကေတာ့ ဆီးႀကိတ္ကင္ဆာ ရင္သာကင္ဆာ၊အဆုပ္ကင္ဆာ အေရအျပားကင္ဆာတုိ႔ပဲ ျဖစ္ပါတယ္။


၆။ မွတ္ဉာဏ္ကို တုိးတက္ေစႏုိင္ျခင္း


သလဲသီးကုိ ေန႕စဥ္စားသံုးေပးပါက ဦးေႏွာက္ဖြံ႕ၿဖိဳးမႈကို အားေပးၿပီး မွတ္ဉာဏ္ကို တုိးတက္ေစပါတယ္။ ဒါ့အျပင္ အသက္အရြယ္ေၾကာင့္ျဖစ္တဲ့ အယ္လ္ဇုိင္းမား ေရာဂါနဲ႕ ထိခိုက္ဒဏ္ရာေၾကာင့္ျဖစ္တဲ့ အတိတ္ေမ့ေရာဂါေတြကိုလည္း ေပ်ာက္ကင္းေစႏုိင္တဲ့ Polyphenol ဓာတ္ေတြ သလဲသီးမွာ ပါ၀င္ပါတယ္။


၇။ အေရအျပားကို ေခ်ာမြတ္လွပေစျခင္း


ဆံပင္​သန္​​ေစတယ္​။ ဆံပင္​က်ြတ္​သူမ်ားအတြက္​အထူး​ေကာင္​းမြန္​​ေစတယ္​။ ဗီတာမင္ C ၾကြယ္၀စြာပါ၀င္တဲ့ သလဲသီးဟာ အေရအျပား က်န္းမာေရးကိုလည္း အေထာက္အကူ ျပဳေပးပါတယ္။ ေသြးသားကို သန္႕စင္ေစၿပီး အဖုအပိမ့္ကင္းတဲ့ အသားအေရကို ေပးစြမ္းႏိုင္ပါတယ္။

သလဲသီးမွာ အသားအရည္ေကာင္းမြန္ေအာင္ ထိန္းညွိေပးတဲ့ အာဟာရဓာတ္မ်ား၊ သတၱဳဓာတ္မ်ားႏွင့္အရည္ဓာတ္တို႔ ပါ၀င္ေသာေၾကာင့္ UV နဲ႔ အပူဒဏ္တို႔မွ ကာကြယ္ေပးပါတယ္ အသားအရည္စိုေျပလွပေစ ပါတယ္။ အသားယားယံျခင္းႏွင့္ ေျခာက္ေသြ႕တဲ့ အသားအရည္တို႔ကို သက္သာေပ်ာက္ကင္း ေစပါတယ္။


၈။ ခံတြင္းအနံဆုိးကုိ ေပ်ာက္ေစႏုိင္ျခင္း


သလဲသီးမွာ Pomegranate ဓာတ္လည္း ပါ၀င္တာေၾကာင့္ ခံတြင္းပုိင္း ေရာဂါေတြျဖစ္တဲ့ သြားကို္က္၊ သြားနာ၊ သြားပဲ့ သြားအတြင္းပုိင္းပုိးစားျခင္းစတာေတြကိုဖယ္ရွားေပးႏုိင္ၿပီး ခံတြင္းအနံ႕ဆုိးမႈကိုလည္း ထိေရာက္ စြာ ကာကြယ္ႏုိင္ပါတယ္။

 

Read More >>>>>  သင့္ အသည္းကို သန္႔ရွင္းေစတဲ့ မန္က်ည္းေဖ်ာ္ရည္


၉။ သေႏၶသားကုိ က်န္းမာေစျခင္း


ကုိယ္၀န္ေဆာင္ မိခင္ေတြ သလဲသီးကို စားေပးပါက ဗုိက္ထဲမွာရွိတဲ့ သေႏၶသားကုိ က်န္းမာေစပါတယ္။ ဒါ့အျပင္ မိခင္ကတစ္ဆင့္ ကူးစက္ႏုိင္တဲ့ ေရာဂါေတြကို ကာကြယ္ေပးၿပီး၊ ေမြးရာပါႏွလုံးေရာဂါျဖစ္ျခင္း ကိုလည္း ႀကိဳတင္ကုသေပးႏုိင္စြမ္း ရွိပါတယ္။

 

Credit: မူရင္းေရးသားသူ

 

 

 

Read 4236 times Last modified on Monday, 17 February 2020 14:52
Rate this item
(1 Vote)