Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစားအစာများ

Unicode

ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစားအစာများ

ကမ္ဘာပေါ်မှာ ကျန်းမာရေးနဲ့အညီညွတ်ဆုံး အစားအစာအများစုဟာ သာမန်မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များမှ ရရှိနိုင်တဲ့ ဗီတာမင်၊ သတ္ထုဓာတ်နဲ့အာဟာရဓာတ်တွေကြွယ်ဝတဲ့ စားသောက်စရာများ ဖြစ်ပါတယ်။


ရှောက်သီး

***  ရှောက်သီးတစ်လုံးမှာ ဗီတာမင်စီဓာတ် ၁၀၀ ရာခိုင်နှုန်းအထက် ပိုမိုပါဝင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ HDL ကိုလက်စထရော ပမာဏကို မြှင့်တင်ပေးနိုင်ပြီး အရိုးအဆစ်တွေ ကြံ့ခိုင်သန်မာစေပါတယ်။

***  ရှောက်သီးမှာ ပါဝင်တဲ့ flavonoid ဓာတ်တစ်မျိုးက ကင်ဆာဆဲလ်တွေကြီးထွားမှုကို တားဆီးပေးနိုင်ကာ ရောင်ရမ်းနာကျင်ခြင်းကိုလည်း တိုက်ဖျက်ပေးနိုင်ပါတယ်။


ပန်းဂေါ်ဖီစိမ်း

***  ပန်းဂေါ်ဖီစိမ်း ရိုးတံတစ်ခုမှာ ဗီတာမင်ကေဓာတ် ရဲ့ ၁၀၀ ရာခိုင်နှုန်း နှင့် ဗီတာမင်စီဓာတ် ၂၀၀ ရာခိုင်နှုန်းလောက် ပါဝင်ပါတယ်။

***  ထိုဗီတာမင်ဓာတ်နှစ်မျိုးလုံးဟာ အရိုးအဆစ်တွေကိုသန်မာစေတဲ့အာဟာရဓာတ်တွေ ဖြစ်ကာ၊ ကင်ဆာဆဲလ်တို့ကြီးထွားမှုကို ရပ်တန့်နိုင်ပါတယ်။

 

Read More >>>>>  စိမ္းလန္းစိုေျပမွာ ျပဳလုပ္မယ္႔ ျပည္ေထာင္စုေန႔အထိမ္းအမွတ္ ေစ်းေရာင္းပြဲေတာ္


နို့မပါဝင်တဲ့ ချောကလက်အနက်

***  ချောကလက်အနက်စားပေးခြင်းက သွေးပေါင်ချိန်ကို ထိန်းညှိပေးပါတယ်။

*** ကိုကိုးမှုန့်မှာ ပါဝင်တဲ့ flavonoid (ဖလေဗာနွိုက်) နှင့် anti-oxidiants များ ကြွယ်ဝခြင်းကြောင့် မကောင်းတဲ့ LDL ကိုလက်စထရောတွေကို လျှော့ချပေးနိုင်ကာ HLD ကိုလက်စထရောပမာဏကို မြင့်တက်စေပါတယ်။


အာလူး

*** အာလူးတစ်ဥမှာ သွေးနီဥဆဲလ်တွေကိုထုတ်လုပ်ရာမှာ လိုအပ်တဲ့ ဖော်လစ်အက်စစ် ၆၆ မိုက်ခရိုဂရမ်ပါဝင်ပြီး အာလူးနွယ်ဝင် ကန်စွန်းဥမှာတော့ ကင်ဆာကိုတိုက်ဖျက်နိုင်ကာ၊ ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြှင့်တင်ပေးနိုင်တဲ့ ဗီတာမင်အေဓာတ်တစ်နေ့တာ လိုအပ်တာထက် ရှစ်ဆ ပိုမိုပါဝင်ပါတယ်။

***  နှလုံးနဲ့ သွေးကြောရောဂါတွေ မဖြစ်ပွားအောင် ကာကွယ်နိုင်ပြီး ကာဗိုဟိုက်ဒရိတ်၊ ပရိုတင်း၊ ကယ်လ်ဆီယမ်၊ နိုင်ယာစင်၊ ဗီတာမင်စီ နဲ့ ဗီတာမင်ဘီ အုပ်စု စတာတွေ ကြွယ်ဝစွာ ပါဝင်တယ်။


ဆယ်လ်မွန်ငါး

*** Omega-3 fatty acid ပေါကြွယ်ဝတဲ့ငါးမျိုးဖြစ်ပြီး စိတ်ဓာတ်ကျခြင်း၊ နှလုံးရောဂါနဲ့ကင်ဆာဖြစ်နိုင်ခြေတို့ကို လျော့ကျစေပါတယ်။


သစ်ကြားသီး

***  အခွံမာသီးတွေထဲမှာ သစ်ကြားသီးက omega-3 fatty acid အကြွယ်ဝဆုံးဖြစ်ပြီး Omega-3 acid ဟာ ကင်ဆာကို တိုက်ဖျက်နိုင်သလို  နေရောင်ခြည်ကြောင့်ပျက်စီးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။


ထောပတ်သီး

***  ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီဓာတ်တွေပါရှိပြီး ကိုလက်စထရောပမာဏကို ၂၂ ရာခိုင်နှုန်းအထိ လျှော့ချ ပေးနိုင်ပါတယ်။

***  ထောပတ်သီးတစ်လုံးမှာ ဖော်လစ်အက်ဆစ် ၄၀ ရာခိုင်နှုန်းလောက်ပါဝင်ကာ နှလုံးရောဂါရနိုင်ခြေကိုလည်း နည်းစေပါတယ်။


ကြက်သွန်ဖြူ

***  ကြက်သွန်ဖြူကတော့ အစာအဆိပ်သင့်ပိုး E.coli စတဲ့ ဘက်တီးရီးယားကြီးထွားမှုကို ဟန့်တားပေးနိုင်သလို ကိုလက်စထရောနဲ့သွေးပေါင်ချိန်တို့ကိုလည်း ကျစေနိုင်ပါတယ်။


ဒေါက်ခွ

***  ဒေါက်ခွရွက်မှာ မျက်စိကျန်းမာရေးကိုကောင်းစေတဲ့ Lutein နဲ့zeaxanthin ဆိုတဲ့ anti-oxidants နှစ်မျိုး ပါဝင်ကာ ကင်ဆာကို တိုက်ဖျက်နိုင်ပါတယ်။


ပဲအမျိုးမျိုး

***  ပဲတောင့်ရှည်မျိုးနွယ်တွေဖြစ်တဲ့ ပဲနီကလေး၊ ပဲစိမ်းတောင့်တွေကို တစ်ပတ် လေးကြိမ်စားပေးခြင်းဖြင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို၂၂ ရာခိုင်နှုန်း လျော့ကျစေပါတယ်။

*** ရင်သားကင်ဆာဖြစ်နိုင်ခြေကိုလည်း လျော့ကျစေနိုင်ပါတယ်။

 

Ref: primarymed.com
Source: bago health

 

 

 

 

က်န္းမာေရးနဲ႕အညီညြတ္ဆုံး အစားအစာမ်ား

ကမၻာေပၚမွာ က်န္းမာေရးနဲ ့အညီညြတ္ဆုံး အစားအစာအမ်ားစုဟာ သာမန္မီးဖုိေခ်ာင္သုံး ဟင္းသီးဟင္းရြက္မ်ားမွ ရရွိႏုိင္တဲ့ ဗီတာမင္၊ သတၳဳဓာတ္နဲ ့အာဟာရဓာတ္ေတြၾကြယ္ဝတဲ့ စားေသာက္စရာမ်ား ျဖစ္ပါတယ္။

 

ေရွာက္သီး

***  ေရွာက္သီးတစ္လုံးမွာ ဗီတာမင္စီဓာတ္ ၁၀၀ ရာခုိင္ႏႈန္းအထက္ ပိုမုိပါ၀င္ၿပီး ခႏၶာကိုယ္အတြက္ အက်ိဳးျပဳတဲ့ HDL ကိုလက္စထေရာ ပမာဏကို ျမွင့္တင္ေပးႏုိင္ၿပီး အရိုးအဆစ္ေတြ ႀကံ႕ခုိင္သန္မာေစပါတယ္။

***  ေရွာက္သီးမွာ ပါဝင္တဲ့ flavonoid ဓာတ္တစ္မ်ိဳးက ကင္ဆာဆဲလ္ေတြႀကီးထြားမႈကို တားဆီးေပးႏုိင္ကာ ေရာင္ရမ္းနာက်င္ျခင္းကိုလည္း တုိက္ဖ်က္ေပးႏုိင္ပါတယ္။

 

ပန္းေဂၚဖီစိမ္း

***  ပန္းေဂၚဖီစိမ္း ရုိးတံတစ္ခုမွာ ဗီတာမင္ေကဓာတ္ ရဲ႕ ၁၀၀ ရာခုိင္ႏႈန္း ႏွင့္ ဗီတာမင္စီဓာတ္ ၂၀၀ ရာခုိင္ႏႈန္းေလာက္ ပါဝင္ပါတယ္။

***  ထိုဗီတာမင္ဓာတ္ႏွစ္မ်ိဳးလုံးဟာ အရိုးအဆစ္ေတြကုိသန္မာေစတဲ့အာဟာရဓာတ္ေတြ ျဖစ္ကာ၊ ကင္ဆာဆဲလ္တုိ ့ႀကီးထြားမႈကို ရပ္တန္ ့ႏိုင္ပါတယ္။

 

ႏို ့မပါဝင္တဲ့ ေခ်ာကလက္အနက္

***  ေခ်ာကလက္အနက္စားေပးျခင္းက ေသြးေပါင္ခ်ိန္ကို ထိန္းညွိေပးပါတယ္။

*** ကိုကိုးမႈန္ ့မွာ ပါဝင္တဲ့ flavonoid (ဖေလဗာႏြိဳက္) ႏွင့္ anti-oxidiants မ်ား ၾကြယ္ဝျခင္းေၾကာင့္ မေကာင္းတဲ့ LDL ကိုလက္စထေရာေတြကို ေလွ်ာ့ခ်ေပးႏိုင္ကာ HLD ကိုလက္စထေရာပမာဏကို ျမင့္တက္ေစပါတယ္။

 

Read More >>>>>  စိမ္းလန္းစိုေျပမွာ ျပဳလုပ္မယ္႔ ျပည္ေထာင္စုေန႔အထိမ္းအမွတ္ ေစ်းေရာင္းပြဲေတာ္

 

အာလူး

*** အာလူးတစ္ဥမွာ ေသြးနီဥဆဲလ္ေတြကိုထုတ္လုပ္ရာမွာ လုိအပ္တဲ့ ေဖာ္လစ္အက္စစ္ ၆၆ မိုက္ခရုိဂရမ္ပါဝင္ၿပီး အာလူးႏြယ္ဝင္ ကန္စြန္းဥမွာေတာ့ ကင္ဆာကိုတုိက္ဖ်က္ႏိုင္ကာ၊ ခႏၶာကိုယ္ရဲ႕ ခုခံအားကို ျမွင့္တင္ေပးႏိုင္တဲ့ ဗီတာမင္ေအဓာတ္တစ္ေန႔တာ လုိအပ္တာထက္ ရွစ္ဆ ပုိမုိပါဝင္ပါတယ္။

***  ႏွလံုးနဲ႔ ေသြးေၾကာေရာဂါေတြ မျဖစ္ပြားေအာင္ ကာကြယ္ႏိုင္ၿပီး ကာဗိုဟိုက္ဒရိတ္၊ ပရိုတင္း၊ ကယ္လ္ဆီယမ္၊ ႏိုင္ယာစင္၊ ဗီတာမင္စီ နဲ႔ ဗီတာမင္ဘီ အုပ္စု စတာေတြ ၾကြယ္ဝစြာ ပါဝင္တယ္။

 

ဆယ္လ္မြန္ငါး

*** Omega-3 fatty acid ေပါၾကြယ္ဝတဲ့ငါးမ်ိဳးျဖစ္ၿပီး စိတ္ဓာတ္က်ျခင္း၊ ႏွလုံးေရာဂါနဲ႕ကင္ဆာျဖစ္ႏိုင္ေျခတုိ႕ကို ေလ်ာ့က်ေစပါတယ္။

 

သစ္ၾကားသီး

***  အခြံမာသီးေတြထဲမွာ သစ္ၾကားသီးက omega-3 fatty acid အၾကြယ္ဝဆုံးျဖစ္ၿပီး Omega-3 acid ဟာ ကင္ဆာကို တုိက္ဖ်က္ႏိုင္သလုိ  ေနေရာင္ျခည္ေၾကာင့္ပ်က္စီးမႈကိုလည္း ကာကြယ္ေပးႏိုင္ပါတယ္။

 

ေထာပတ္သီး

***  က်န္းမာေရးနဲ ့ညီညြတ္တဲ့အဆီဓာတ္ေတြပါရွိၿပီး ကိုလက္စထေရာပမာဏကို ၂၂ ရာခိုင္ႏႈန္းအထိ ေလွ်ာ့ခ် ေပးႏိုင္ပါတယ္။

***  ေထာပတ္သီးတစ္လုံးမွာ ေဖာ္လစ္အက္ဆစ္ ၄၀ ရာခိုင္ႏႈန္းေလာက္ပါဝင္ကာ ႏွလုံးေရာဂါရႏိုင္ေျခကိုလည္း နည္းေစပါတယ္။

 

ၾကက္သြန္ျဖဴ

***  ၾကက္သြန္ျဖဴကေတာ့ အစာအဆိပ္သင့္ပုိး E.coli စတဲ့ ဘက္တီးရီးယားႀကီးထြားမႈကို ဟန္႔တားေပးႏုိင္သလုိ ကိုလက္စထေရာနဲ ့ေသြးေပါင္ခ်ိန္တုိ ့ကိုလည္း က်ေစႏိုင္ပါတယ္။

 

ေဒါက္ခြ

***  ေဒါက္ခြရြက္မွာ မ်က္စိက်န္းမာေရးကိုေကာင္းေစတဲ့ Lutein နဲ ့zeaxanthin ဆုိတဲ့ anti-oxidants ႏွစ္မ်ိဳး ပါဝင္ကာ ကင္ဆာကို တုိက္ဖ်က္ႏိုင္ပါတယ္။

 

ပဲအမ်ိဳးမ်ိဳး

***  ပဲေတာင့္ရွည္မ်ိဳးႏြယ္ေတြျဖစ္တဲ့ ပဲနီကေလး၊ ပဲစိမ္းေတာင့္ေတြကို တစ္ပတ္ ေလးႀကိမ္စားေပးျခင္းျဖင့္ ႏွလုံးေရာဂါ ျဖစ္ႏိုင္ေျခကို၂၂ ရာခိုင္ႏႈန္း ေလ်ာ့က်ေစပါတယ္။

*** ရင္သားကင္ဆာျဖစ္ႏုိင္ေျခကိုလည္း ေလ်ာ့က်ေစႏိုင္ပါတယ္။

 

Ref: primarymed.com

Source: bago health

Read times Last modified on Wednesday, 05 February 2020 11:12
Rate this item
(0 votes)