Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သင်ရဲ့အစားအစာတွေကိုကြာရှည်စားလို့ရအောင်ဘယ်လိုလုပ်မလဲ

အခုအချိန်မှာကိုရိုနာရောဂါဖြစ်ပွားမှု့ကြောင့် လူတွေတော်တော်များများဟာ ကုန်စုံဆိုင်ကိုတောင် အကန့်အသတ်နဲ့ သွားနေလာနေကြရပြီး အစားအသောက် Deli များကိုလည်း လူအချင်းချင်းထိပြီးရောဂါကူးမှာမို့ အကြိမ်အနည်းငယ်သာ ခပ်ခွာခွာ မှာယူစားသောက်နေကြရပါတယ်။ထိုကဲ့သို့ဖြစ်နေတဲ့ အခုလို အကြိမ်မှာ ကိုယ်တွေအတွက် အရေးပါတဲ့ အရာက အစားအသောက်တွေကိုစီမံခန့်ခွဲမှု့အရ စားသောက်ခြင်းပဲ ။

 

လက်တလော လေ့လာချက်များအရ ပျမ်းမျှအားဖြင့်အမေရိကန်ပြည်ထောင်စုရှိ အိမ်တွေအတော်များမျာဟာ အစားအစာများပိုလျှံလို့ လွင့်ပြစ်နေရပါတယ်တဲ့။စားသုံးသူတွေရဲ့ပြောဆိုချက်အရ အစားအစာတွေလွင့်ပြစ်ရခြင်းမှာ သူတို့အနေနဲ့ လတ်ဆက်တာတွေကိုမဝယ်မိလို့ ခဏလေးနဲ့ ပုပ်သိုးသွားလို့ လွင့်ပြစ်လိုက်ရတာက ပိုများတယ်လို့သိရပါတယ်။

 

ထိုအကြောင်းအရာကို စပြောရမယ်ဆိုရင် သင့်အိမ်မှ ရေခဲသေတ္တာ ကနေစပြောရပါမယ်။ရေခဲသေတ္တာထဲမှာ နေရာလေးတစ်ခု သက်သက်မှတ်မှတ်ထားပြီး အစားအသောက်အသစ်ဝယ်ပါ သို့ Deli ဆီမှ အစားအသောက်ကိုလက်ခံပါ။လေအေးတဲ့ တိုက်ရိုက်ထိတွေ့တဲ့အခါ သင့်အစားအသောက်တွေက အတော်လေး လက်ဆက်အေးမြနေပြီးအထားခံပါလိမ့်မယ်။ယေဘုယျ အားဖြင့် သင့်ရေခဲသေတ္တာရဲ့ အတွင်းခန်း ရေခဲ အအေးချိန်ဟာ ၃၇ ဒီဂရီ လောက်ဖြစ်နေရမှာဖြစ်ပြီး ရေခဲခန်းက သုည ဒီဂရီလောက်ရှိနေရပါမယ်။

 

မဝယ်ခင်မှာ ရက်လွန် ဒိတ်ကိုသေချာစွာကြည့်ပါ ။ တခါတလေမှာ ရက်လွန်ခံနီးအစားတွေကို ရှေ့ရက်တွေမှာ စားပြစ်ပါ။တစ်ခါတစ်လေ ဒိတ်ကရေးထားတာလွန်နေသော်လေး ၁ ရက် ၂ ရက်ပဲ လွန်နေသေးတဲ့ အစားအစာတွေရှိတတ်ပါတယ် ( ဥပမာ - ပေါင်မုန့်တို့ ကိတ်တို့ဆို မှိုမတတ်မခြင်းစားလို့ရနိုင်သေးရင် ၁ ရက် ၂ ရက်ဆို စားပြစ်ပါ ဘာလို့ဆို ထို ရက်လွန်ဒိတ်ဟာစောရေးထားတာဖြစ်ပြီးတကယ်တန်းမှာ စားလို့ရပါသေးတယ်။

 

အခုချိန်မှာ အစာခြောက် ၊ အခြောက်တိုက်အစားအစာတွေက အဆင်ပြေပါတယ် ၎င်းတို့ကိုလည်းလေလှုံတဲ့ ဗူးနဲ့ အလုံပိတ်ထားရင်ပိုပြီးစိတ်ချရပါတယ် ဘာလို့ဆိုထိုသို့ထားခြင်းက ရောဂါပိုးမွှားတွေနဲ့ အစှိုဓာတ်ကို မရရှိနိုင်သောကြောင့်ဖြစ်ပါတယ်။သင့်အနေနဲ့ ရေခဲသေတ္တာထဲ အစားအသောက်တစ်ခုခုသိမ်းမယ်ဆိုရင်တောင် ကျပ်ကျပ်လေးထုတ်ပေးပါ , ကြာရှည်ခံတဲ့ အစာလား ကြာကြာ ထားစားလို့ရမလား တွေးစားပါ။ဒိတ်ကုန်တော့မည့်အစားအစာတွေကို အရင်စားသင့်ပါတယ်။

 

စားသုံးသူတွေရဲ့ ပြောကြားချက်အရ ဥပမာ ပေါင်မုန့် ကို ကြာကြာထားချင်ရင်ရေခဲသေတ္တာထဲဒီတိုင်းမထားပါနဲ့ ရေခဲသေတ္တာထဲထားရင်မာသွားတတ်ပါတယ်။ဒီတော့အိတ်နဲ့ထုတ် ၊ တင်းကျပ်နေအောင်ထုတ်ပိုးပြီးအေး၍ခြောက်သွေ့သောနေရာတွင်ထားပါ။

 

သင့်အနေနဲ့ နို့ဗူးအဖုံးကိုဖွင့်ပြီးပါက ချက်ခြင်းသောက်ရမယ်ဆိုပေမယ့်အေးစက်နေတဲ့မေရာမှာ ထားလျှင် ကြာရှည်ခံနိုင်ပါတယ်။ကြက်ဥ ကိုလည်းကြာရှည်သိမ်းထားချင်တယ်ဆို ခလောက်ပြီးလေလုံတဲ့ ဗူးတစ်ခုမှာ သိမ်းထားလို့ရပါတယ်။နှစ်လကြာရှည်သင့်ရေခဲသေတ္တာထဲမှာခံနေပါလိမ့်မယ်။

 

စတော်ဘယ်ရီအသီးတွေနေနဲ့ကတော့ သူရဲ့ ရိုးတံ ကိုဖြုတ်လိုက်ရင် သင့်ရေခဲသေတ္တာထဲမှာကြာရှည်ခံနေပါလိမ့်မယ်။တကယ်တန်းမှာ ယခုလိုအချိန်မှာ အစားအသောက်တွေကို အပြစ်ရအောင်စီမံခန့်ခွဲတယ်ဆိုတဲ့ကိစ္စက အစားအသောက်ပျက်လက်မသွားမှု့အတွက်အတော်လေး အရေးကြီးပါတယ်။

 

<<< Zawgyi >>>

 


----------------------------------------

 


 


 


 


 


 


 


 


 

Ref ; 7 San Diego

Read times
Rate this item
(0 votes)