Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကွမ်းရွက်၏ အကျိုးကျေးဇူးများ


မန်မာ့ဆေးကျမ်းများ၏ အလိုအရ၊ အရွက်ကို အသုံး ပြု၏။ ကွမ်းရွက်သည် ဖန်၊ ခါး၊ ပူစပ်သောအရသာရှိ၏။ နှုတ်ကိုမြိန်စေ၏။ သလိပ်ကိုကြေစေ၏။ ကွမ်းရွက်ဟာ အရွယ် ()ပါးမရွေး လူသား အားလုံးအတွက် ဆေးဖက် ၀င်ပါတယ်။

 

ရင်သွေးငယ်များအတွက် ကွမ်းပင်၏ ဆေးဖက်ဝင်ပုံ

*
ကွမ်းရွက်ဟာ အညှော်များအတွက် လွန်စွာကောင်းမွန်တာကြောင့်၊ ၎င်းကိုလက်ဖြင့်လုံးချေ၍ ရှုပေးရုံဖြင့် အညှော် များထွက်စေပါတယ်။ အညှော်မိ အညှော်ငုပ်သော ကလေးများအတွက် ကွမ်းရွက်စိမ်း သတ္တုရည်ဖြင့် လိမ်းပေးပါ၊ တိုက်ကျွေးပါ၊ အနံ့ ရှုခိုင်းပေးပါ။

 

* ကလေးများ လေပွခြင်း၊ အစာမကြေဖြစ်ခြင်း၊ ၀မ်းသွားခြင်း နှင့် ဖျားနာခြင်းများအတွက် ကွမ်းရွက်စိမ်း ညှစ်ရည်(သတ္တုရည်) ကို ပျားရည်နဲ့ ရော၍တိုက်ကျွေးပေးခြင်းဖြင့် သက်သာပျောက်ကင်းစေပါတယ်။

 

* ဝမ်းချုပ်၊ ဆီးချုပ် ဖြစ်ပါက ကွမ်းရိုးတွင် အုန်းဆီ(သို့ )ကြက်ဆူဆီ သုတ်ပြီးနောက်၊ ကလေးစအိုပေါက်မှ ဝမ်းချူသကဲ့သို့ ထည့်ပြီး လှည့်ပေးခြင်းဖြင့် ဆီးရော ဝမ်းပါ သွားစေနိုင်ပါတယ်။

 


*
မွေးရာပါ မျက်ခုံးမွှေး မသန်သော ကလေးငယ်များအား မျက်ခုံးနှစ်ဖက်ကို ကွမ်းရိုးဖြင့် အသာအယာ ဆွဲပေးပါ။ မျက်ခုံးမွှေး သန်လာစေပါတယ်။ (မျက်စိကိုမထိုးမိအောင် သတိပြုပါ)


*
နှာစေး၊ နှာပိတ်ခြင်းအတွက် ကွမ်းရွက်ကိုမီးကင်၍ ကလေးငယ်များ၏ ငယ်ထိပ်ပေါ် အုန်းဆီဖြင့် ဆွတ်ပြီး ကပ်ထားပေးပါ (သို့ ) ကွမ်းရွက် အဝိုင်းငယ်ကို ကလေး၏ ငယ်ထိပ်တွင် ကပ်ပေးပါ၊ ရောဂါ ကိုပျောက် စေပါတယ်။


*
အပူကြီး၍ ဖျားနားသော ရင်ခွင်ပိုက် ကလေးငယ်များအတွက်၊ ကွမ်းရွက်စိမ်းကို အရည်ညှစ်၍ ချိုင်းကြား၊ ပေါင်ခြံကြားတို့ တွင် လိမ်းပေးနိုင်ပါတယ်။


*
ချွဲထ၊ ရင်ကျပ်ပါက ကွမ်းရွက်ကို မီးကင်၍ ကလေးရင်အုံတွင် ကပ်ပေးပါ။

 

* အိန္ဒိယနိုင်ငံတွင် ကလေးငယ်များ ချောင်းတဟွတ်ဟွတ် ဆိုးခြင်းအတွက် ဤကုထုံးဖြင့် ကုသလျက်ရှိ ပါတယ်။ ကွမ်းရွက် ၅ ရွက်၊ လေးညှင်းပွင့် ၁၁ ပွင့် နှင့် ဖာလာစေ့ ၁၁ စေ့တို့ ကို ရေဆေးပြီးနောက်၊ ရေ ၂ ခွက် ဖြင့်ပြုတ်ပါ။

 

* ရေ ၁ ခွက် အထိ ကျသွားအောင် တည်ပါ။ ရရှိလာသော ဆေးပြုတ်ရည် ၁ ခွက်စာ ပမာဏအား -


အသက် ၁ နှစ်မှ ၃ နှစ်ကြား ကလေးကို တစ်နေ့  သုံးကြိမ်နှုန်းဖြင့် ဆေးရည် လ္ဘက်ရည်ဇွန်း ၁ ဇွန်းစီ တိုက်ပါ။


အသက် ၄ နှစ်မှ ၅ နှစ်ကြား ကလေးကို တစ်နေ့  သုံးကြိမ်နှုန်းဖြင့် ဆေးရည် လ္ဘက်ရည်ဇွန်း ၃ ဇွန်းစီ တိုက်ပါ။


အသက် ၆ နှစ်မှ ၁၁ နှစ်ကြား ကလေးကို တစ်နေ့  သုံးကြိမ်နှုန်းဖြင့် ဆေးရည် လ္ဘက်ရည်ဇွန်း ၅ ဇွန်းစီ တိုက်ပါ။


အရွယ်ရောက်ပြီးသူများအတွက်ကတော့ တစ်နေ့  သုံးကြိမ်နှုန်းဖြင့် ဆေး ၁ ခွက်စီ သောက်ပါ။

 

Read times Last modified on Tuesday, 18 September 2018 10:15
Rate this item
(0 votes)