Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကိုရိုနာဖြစ်ပွားစဉ် အလှူလုပ်ဖို့ ပန်းကန်တွေ ဆေးနေတဲ့ Bon Jovi

Always သီချင်းရဲ့ အဆိုရှင်ကြီးဖြစ်တဲ့ ၈၀ ခုနှစ်များဆီက နှုတ်ခမ်းနီမလေးများရဲ့ အသည်းကျော် Rock star ကြီး Bon Jovi ဟာ ယခုကိုရိုနာ ဗိုင်းရပ်ဖြစ်ပွါးစဉ် ကာလမှာ သူဖွင့်လှစ်ထားတဲ့စားသောက်ဆိုင်လေးမှာ ပန်းကန်တွေဆေးနေတယ်သိရပါတယ်။

 

ပြောရရင်တော့ Bon Jovi ဆိုတဲ့ Band ရဲ့ Founder ဖြစ်သူ Jon Bonjovi ဟာ သူ့ ဂီတ Bandကို ၁၉၈၃ ခုနှစ်မှာ နယူးဂျာစီ တွင် တည်ထောင်ခဲ့ပါတယ်။သူ့ band တွင် Jon Bon Jovi, ကီးဘုတ်သမားအဖြစ် David Bryan, ဒရမ်သမား Tico Torres, ဂစ်တာသမား Phil X, and ဗေ့သမား Hugh McDonald ပါဝင်ထားပါတယ်။

 

ထိုဂီတ Band ဟာ ၁၉၈၀ / ၁၉၉၀ ခုနှစ်တွေကြား အင်မတန် မှအောင်မြင်ခဲ့ပါတယ်။Always , Livin' On A Player နှင့် It's my life စတဲ့ သူရဲ့ သီချင်းတွေကို လူတွေနားယဉ်မှာပါ။

 

ယခု ကိုရိုနာရောဂါဖြစ်ပွါးနေတဲ့ ကာလ မှာ Jon Bonjovi ဟာ နဂိုသူမူလဖွင့်လှစ်ထားတဲ့ နယူးဂျာစီမြို့မှ သူ့စားသောက်ဆိုင်လေးဖြစ်တဲ့ Soul Kitchen restaurant မှာ အစားအစာ အတွက် ခက်ခဲသူ ၊ ဆင်းရဲသူများအတွက် အလှူအတမ်းအစားအစာဝေပေးဖို့ ချက်လုပ်ရောင်းချနေတာပါ။

 

အကယ်၍ ဆင်းရဲတဲ့ သူများက ဝယ်မစားနိုင်ဘူးဆိုပါတော့ လုပ်အားပေး ၁ နာရီလုပ်ပေးရုံဖြင့် အစားအစာ ကြိုက်သလောက်စားနိုင်ပါတယ်တဲ့။လုပ်အားပေးကတော့ အစားအစာ ချက်ပြုတ်တာပဲဖြစ်ဖြစ် ၊ ပန်းကန်ဆေးတာပဲဖြစ်ဖြစ် ၊ ဆိုင်ရဲ့ ဥယျာဉ် ရှင်းလင်းတာပဲ ဖြစ်ဖြစ်ပေါ့

 

ဆိုင်ထဲ မဝင်ခင်တော့ ရောဂါစစ်မယ်၊ ပိုးသပ်ဆေးဖြန်းခံရပါမယ်။ပြီး Social Distancing နေရမယ်ပေါ့။ထို့အပြင် သူ့ရဲ့ Soul ဖောင်ဒေးရှင်းဟာ သြစတေးလျ တောမီးလောင်တုန်းကလဲ လှူ ခဲ့သလို အမြဲ အလှူဒါန လုပ်နေတာတွေ့ရပါတယ်။

 

အသက် ၅၈ နှစ်အရွယ် Bon Jovi နှင့် အတူ သူ၏ သားချောလေး Jesse Bongiovi အသက် ၂၅ နှစ်ပါ ထိုဆိုင်လေးတွင်လုပ်အားပေးနေတယ်သိရပါတယ်။သူ့သားဖြစ်သူ Jesse ဟာ Bon Jovi နဲ့တူတူ Hampton Water Wine ဆိုတဲ့ ဝိုင် ထုတ်လုပ်တဲ့ လုပ်ငန်းကိုလည်းဦးဆောင်နေသူပါ။

 

Gerry Conley တင်ထားတဲ့ Facebook post မှာတွေ့ရတဲ့ Bon Jovi က လုံးဝ Bon Jovi အစစ်ပါ အခုလို ကမ္ဘာ့နှင့်တစ်လွှားရောဂါဖြစ်နေစဉ်မှာ သူ့အနေနဲ့ လူသားအကြိုးပြု လှူ ချင်သောကြောင့် လုပ်အားပေး ပန်းကန်ဆေးနေတာ ဖြစ်ပါတယ်။

 

အခုလို ကိုရိုနာရောဂါဖြစ်ပွါးနေတဲ့ အချိန်မှာ ကမ္ဘာ့ နေရာအနှံအပြား က Cele တွေဇိမ်ခံ ပစ္စည်းတွေနဲ့ သာယာ နေချိန် Bon Jovi ကတော့လူသားချင်းစာနာမူ့ကို ပြပြီး အလုပ်သမား လုပ်အားပေးခေါ်မရတဲ့ အခြေအနေမှာ သူကိုယ်တိုင် ပန်းကန်ဝင်ဆေးနေခဲ့ပါတယ်။ဒီတော့ကား Bon Jovi ပရိသတ်များ ဂုဏ်ယူလိုက်ပါ။

 

<<< Zawgyi >>>

 

ကို႐ိုနာျဖစ္ပြားစဥ္ အလႉလုပ္ဖို႔ ပန္းကန္ေတြ ေဆးေနတဲ့ Bon Jovi

-----------------------

 

Always သီခ်င္းရဲ႕ အဆိုရွင္ႀကီးျဖစ္တဲ့ ၈၀ ခုႏွစ္မ်ားဆီက ႏႈတ္ခမ္းနီမေလးမ်ားရဲ႕ အသည္းေက်ာ္ Rock star ႀကီး Bon Jovi ဟာ ယခုကို႐ိုနာ ဗိုင္းရပ္ျဖစ္ပြါးစဥ္ ကာလမွာ သူဖြင့္လွစ္ထားတဲ့စားေသာက္ဆိုင္ေလးမွာ ပန္းကန္ေတြေဆးေနတယ္သိရပါတယ္။

 

ေျပာရရင္ေတာ့ Bon Jovi ဆိုတဲ့ Band ရဲ႕ Founder ျဖစ္သူ Jon Bonjovi ဟာ သူ႔ ဂီတ Band ကို ၁၉၈၃ ခုႏွစ္မွာ နယူးဂ်ာစီ တြင္ တည္ေထာင္ခဲ့ပါတယ္။သူ႔ band တြင္ Jon Bon Jovi, ကီးဘုတ္သမားအျဖစ္ David Bryan, ဒရမ္သမား Tico Torres, ဂစ္တာသမား Phil X, and ေဗ့သမား Hugh McDonald ပါဝင္ထားပါတယ္။

 

ထိုဂီတ Band ဟာ ၁၉၈၀ / ၁၉၉၀ ခုႏွစ္ေတြၾကား အင္မတန္ မွေအာင္ျမင္ခဲ့ပါတယ္။Always , Livin' On A Player ႏွင့္ It's my life စတဲ့ သူရဲ႕ သီခ်င္းေတြကို လူေတြနားယဥ္မွာပါ။

 

ယခု ကို႐ိုနာေရာဂါျဖစ္ပြါးေနတဲ့ ကာလ မွာ Jon Bonjovi ဟာ နဂိုသူမူလဖြင့္လွစ္ထားတဲ့ နယူးဂ်ာစီၿမိဳ႕မွ သူ႔စားေသာက္ဆိုင္ေလးျဖစ္တဲ့ Soul Kitchen restaurant မွာ အစားအစာ အတြက္ ခက္ခဲသူ ၊ ဆင္းရဲသူမ်ားအတြက္ အလႉအတမ္းအစားအစာေဝေပးဖို႔ ခ်က္လုပ္ေရာင္းခ်ေနတာပါ။

 

အကယ္၍ ဆင္းရဲတဲ့ သူမ်ားက ဝယ္မစားႏိုင္ဘူးဆိုပါေတာ့ လုပ္အားေပး ၁ နာရီလုပ္ေပး႐ုံျဖင့္ အစားအစာ ႀကိဳက္သေလာက္စားႏိုင္ပါတယ္တဲ့။လုပ္အားေပးကေတာ့ အစားအစာ ခ်က္ျပဳတ္တာပဲျဖစ္ျဖစ္ ၊ ပန္းကန္ေဆးတာပဲျဖစ္ျဖစ္ ၊ ဆိုင္ရဲ႕ ဥယ်ာဥ္ ရွင္းလင္းတာပဲ ျဖစ္ျဖစ္ေပါ့

 

ဆိုင္ထဲ မဝင္ခင္ေတာ့ ေရာဂါစစ္မယ္၊ ပိုးသပ္ေဆးျဖန္းခံရပါမယ္။ၿပီး Social Distancing ေနရမယ္ေပါ့။ထို႔အျပင္ သူ႔ရဲ႕ Soul ေဖာင္ေဒးရွင္းဟာ ၾသစေတးလ် ေတာမီးေလာင္တုန္းကလဲ လႉ ခဲ့သလို အၿမဲ အလႉဒါန လုပ္ေနတာေတြ႕ရပါတယ္။

 

အသက္ ၅၈ ႏွစ္အ႐ြယ္ Bon Jovi ႏွင့္ အတူ သူ၏ သားေခ်ာေလး Jesse Bongiovi အသက္ ၂၅ ႏွစ္ပါ ထိုဆိုင္ေလးတြင္လုပ္အားေပးေနတယ္သိရပါတယ္။သူ႔သားျဖစ္သူ Jesse ဟာ Bon Jovi နဲ႔တူတူ Hampton Water Wine ဆိုတဲ့ ဝိုင္ ထုတ္လုပ္တဲ့ လုပ္ငန္းကိုလည္းဦးေဆာင္ေနသူပါ။

 

Gerry Conley တင္ထားတဲ့ Facebook post မွာေတြ႕ရတဲ့ Bon Jovi က လုံးဝ Bon Jovi အစစ္ပါ အခုလို ကမာၻ႔ႏွင့္တစ္လႊားေရာဂါျဖစ္ေနစဥ္မွာ သူ႔အေနနဲ႔ လူသားအႀကိဳးျပဳ လႉ ခ်င္ေသာေၾကာင့္ လုပ္အားေပး ပန္းကန္ေဆးေနတာ ျဖစ္ပါတယ္။

 

အခုလို ကို႐ိုနာေရာဂါျဖစ္ပြါးေနတဲ့ အခ်ိန္မွာ ကမာၻ႔ ေနရာအႏွံအျပား က Cele ေတြဇိမ္ခံ ပစၥည္းေတြနဲ႔ သာယာ ေနခ်ိန္ Bon Jovi ကေတာ့လူသားခ်င္းစာနာမူ႔ကို ျပၿပီး အလုပ္သမား လုပ္အားေပးေခၚမရတဲ့ အေျခအေနမွာ သူကိုယ္တိုင္ ပန္းကန္ဝင္ေဆးေနခဲ့ပါတယ္။ဒီေတာ့ကား Bon Jovi ပရိသတ္မ်ား ဂုဏ္ယူလိုက္ပါ။

 

Ref : TMZ 

Read times
Rate this item
(0 votes)