Food & Health
ငရုတ်ကောင်းရဲ့  အကျိုးကျေးဇူးများ
ငရုတ်ကောင်းကို ရှေးခေတ်ကတည်းက ဆေးဝါးအဖြစ်ရော ဟင်းချက်ပြုတ်တဲ့အခါမှာပါ အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ ငရုတ်ကောင်းဆိုတာ ဟင်းချက်တဲ့အခါ အသုံးပြုတဲ့ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးဖြစ်ပါတယ်။
ငရုတ်ကောင်းစေ့မှာ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်၊သံဓာတ်၊ ဗီတာမင်ကေနဲ့ ဗီတာမင်စီတို့ပါဝင်ပြီး အခုဖော်ပြပေးမှာကတော့ ငရုတ်ကောင်းစေ့ရဲ့ လူသိနည်းတဲ့ အသုံးဝင်ပုံတွေပဲ ဖြစ်ပါတယ်။
ငရုတ်ကောင်းစေ့ဟာ သဘာဝပိုးသတ်ဆေးတမျိုးဖြစ်ပြီး အိမ်မှာစိုက်ထားတဲ့ အလှ ပန်းပင်တွေကို ပိုးမွှားတွေ ဖျက်ဆီးစားသုံးတဲ့အခါ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း၊ ငရုတ်သီးမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းတို့နဲ့ ရေတို့ကို ရောစပ်ပြီး အပင်တွေပေါ် ပက်ဖြန်းပေးရုံနဲ့ ပိုးမွှားတွေ အန္တရာယ်ကနေ လွတ်ကင်းစေမှာ ဖြစ်ပါတယ်။
ခံတွင်းထဲမှာ အပူနာလို အနာမျိုးပေါက်တဲ့ အခါတွေနဲ့ လည်ချောင်းနာတဲ့ အခါမျိုးတွေမှာ ဆားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ ရေခပ်နွေးနွေးတို့ကို ရောစပ်ပြီး ပလုတ်ကျင်းပေးရုံနဲ့ သက်သာပျောက်ကင်းစေနိုင်ပါတယ်။
အရောင်တောက်တောက် အင်္ကျီတွေကို လျှော်ဖွပ်တဲ့အခါ အရောင်တွေ အလွယ်တကူ မကျွတ်သွားစေဖို့နဲ့ အသစ်အတိုင်း တောက်ပနေစေဖို့အတွက် ငရုတ်ကောင်းမှုန့် အနည်းငယ်ကို ဆပ်ပြာနဲ့ ရောစပ်ပြီး လျှော်ဖွပ်ပေးနိုင်ပါတယ်။
ငရုတ်ကောင်းမှုန့်ကို သဘာဝ ချောင်းဆိုးရင်ကျပ် ပျောက်ဆေးအဖြစ် ရှေးယခင်တည်းက အသုံးပြုခဲ့ကြတာဖြစ်ပြီး ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း တဝက်ခန့်၊ ဂျင်းအနည်းငယ်၊ ပျားရည် အနည်းငယ်နဲ့ ရေနွေးတို့ကို ရောစပ်ပြီး သောက်သုံးပေးခြင်းအားဖြင့် ချောင်းဆိုး ရင်ကျပ်ခြင်းကို သက်သာ ပျောက်ကင်းစေနိုင်ပါတယ်။
မီးဖိုချောင်နဲ့ သင့်အိမ်တွင်းမှာ ပုရွက်ဆိတ်တွေ သောင်းကျန်းနေပြီဆိုရင်တော့ ပုရွက်ဆိတ်တွေ လာတတ်တဲ့ လမ်းတလျှောက်မှာ ငရုတ်ကောင်းမှုန့် အနည်းငယ် ဖြူးပေးထားရုံနဲ့ ပုရွက်ဆိတ်တွေ ထပ်မလာအောင် ပြုလုပ်ပေးနိုင်မှာပဲ ဖြစ်ပါတယ်။
Source: medicine



