Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများ ဧပြီ ၃၀ ရက်အထိ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ပါက အရေးယူမည်ဟုဆို

ရန်ကုန်ရှိလုပ်ငန်းခွင်များတွင် COVID-19 ကာကွယ်ရေးသတ်မှတ်ချက်များ လိုက်နာခြင်းရှိ၊ မရှိ စစ်ဆေးရေးအဖွဲ့ ၇၀ ခန့်ဖြင့် စစ်ဆေးမည်

စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများ ဧပြီ ၃၀ ရက်အ ထိ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ပါက အရေးယူသွားမည်ဟု အလုပ်ရုံ နှင့် အလုပ်သမားဥပဒေစစ်ဆေး ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးညွန့်ဝင်းက ပြောသည်။


COVID-19 ရောဂါ ကာ ကွယ်ထိန်းချုပ်ရန် နိုင်ငံတစ်ဝန်းရှိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန များအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံ ပြုချက်၊ သတ်မှတ်ချက်များ လိုက်နာမှသာ ဖွင့်လှစ်ခွင့်ပြုမည် ဖြစ်ပြီး ယင်းအချက်များ လိုက် နာခြင်းရှိ၊ မရှိကို ဧပြီ ၂၀ ရက်မှ ၃၀ ရက်အထိ စစ်ဆေးသွားမည် ဟု အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဧပြီ ၁၉ ရက် ညတွင် ကြေညာထားသည်။

အဆိုပါ ကြေညာချက်အရ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာန များမှာ စစ်ဆေးမှုမခံယူရသေးခင် အထိ ဖွင့်လှစ်လုပ်ကိုင်ခွင့်မရှိဘဲ ဖွင့်လှစ်မည်ဆိုပါက အပြစ်ပေး အရေးယူခံရမည်ဟု ဦးညွန့်ဝင်း ကဆိုသည်။


‘‘တစ်ရက်ဖွင့်ရင်တစ်ရက် စာ အရေးယူခံရမှာပေါ့ဗျာ။ မဖွင့် ပါနဲ့လို့ပြောတာကို ဖွင့်တယ်ဆို ကတည်းက အမိန့်ကို နားမ ထောင်ရင် နားမထောင်သလို တော့ အပြစ်ပေးမှု၊ အရေးယူမှု တွေ နောက်ကလိုက်လာမှာပေါ့’’ ဟု ၎င်းကပြောသည်။

ထိုသို့ စစ်ဆေးခြင်းလုပ်ငန်း ကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ အလုပ်သမား၊ လူ ဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာနနှင့် ကျွမ်းကျင်မှု ဆိုင်ရာ ပူးပေါင်းအဖွဲ့များဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အ လိုက် အဖွဲ့များခွဲ၍ ဆောင်ရွက် ရန်ပြင်ဆင်ထားခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးရှိ စက်ရုံ၊ အလုပ်ရုံနှင့် အလုပ်ဌာနများကို ဧပြီ ၃၀ ရက် အတွင်း အပြီးစစ် ဆေးသွားရမည်ဖြစ်သည့်အတွက် အချိန်လုံလောက်ရန်နှင့် လုပ်ငန်း အားလုံးစစ်ဆေးနိုင်ရန် စစ်ဆေး ရေးအဖွဲ့အင်အား လိုအပ်သလို တိုးမြှင့်သွားမည်ဟု ဦးညွန့်ဝင်း ကဆိုသည်။

‘‘လုပ်ရင်းကိုင်ရင်းနဲ့ထပ်ပြီး လိုလာရင် အင်အား ဒီထက်မက ထုတ်ပြီး လုပ်မယ်လို့တော့ အစည်းအဝေးမှာ ညှိနှိုင်းထားပါ တယ်။ ရန်ကုန်တိုင်းကို အဖွဲ့၆၀၊ ၇၀နဲ့ ဖွဲ့စည်းပြီးလုပ်မှာပါ။ သက် ဆိုင်ရာ စစ်ဆေးရေးအဖွဲ့တွေက သူ့အပိုင်အလိုက် မြေပုံဆွဲပြီး အစဉ်လိုက် စစ်ဆေးမှာဖြစ်ပါ တယ်’’ဟု ၎င်းကပြောသည်။

ထိုသို့ စစ်ဆေးမှုပြုလုပ်ရာ တွင် ဆေးဝါးစက်ရုံများ၊ စား သောက်ကုန်ထုတ်လုပ်ရေးစက်ရုံ များ၊ ကျန်းမာရေးလိုအပ်ချက်နှင့် ကိုက်ညီပြီး ဖွင့်လှစ်ရန်အသင့်ဖြစ် နေသော စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများ၊ လုပ်သားဦးရေ တစ်ထောင်နှင့်အထက်ရှိသော စက်ရုံ၊ အလုပ်ရုံများ၊ အခြားစက် ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများအား ဦးစားပေးအစီအစဉ်အတိုင်း စစ် ဆေးသွားမည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၏ ကြေညာ ချက်တွင် ဖော်ပြထားသည်။

ယင်းစက်ရုံ၊ အလုပ်ရုံများ အနေဖြင့် ကျန်းမာရေးဆိုင်ရာကြို တင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု ရှိ၊ မရှိ စစ် ဆေးမှု ပြုလုပ်ပြီးမှ ဖွင့်လှစ်ရ မည်ဆိုသော်လည်း စက်ရုံအချို့ မှာ ဧပြီ ၂၀ ရက် (ယမန်နေ့) က ပြန်လည်ဖွင့်လှစ်ခဲ့သည်။ ထိုသို့ စက်ရုံများ ပြန်ဖွင့်ခဲ့၍ လုပ် သားအင်အား အလုံးအရင်းဖြင့် လုပ်ငန်းခွင် ဝင်ရောက်မူများ ကြောင့် COVID-19 ရောဂါ ကူး စက်ပြန့်ပွားနိုင်သည်ဟု ဆိုကာ ဝေဖန်မှုများမြင့်တက်ခဲ့ သည်။

‘‘အလုပ်သမားတွေက အ လုပ်ပြုတ်မှာကြောက်လို့ဆင်းကြ ရတယ်။ တစ်ဖက်ကရောဂါကူး စက်မှာကို စိုးရိမ်ရသေးတယ်။ ဒါကြောင့် သူတို့အနေနဲ့မဆင်းချင် ကြဘူး။ အဲဒီအတွက်တစ်နေ့လုံး တိုင်ကြားမူတွေတက်နေတယ်’’ ဟု သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (မြန်မာ) မှ ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက ပြောသည်။

‘‘အလုပ်ဆင်းတော့လည်း တစ်ယောက်ကိုတစ်ယောက် သံ သယနဲ့ကြည့်နေရတဲ့အခြေအနေ ဖြစ်နေတယ်။ အခုတော့ အလုပ် က ပြန်ပိတ်ပေးမယ်ဆိုတော့ စိတ် သက်သာရတော့ရတယ်’’ ဟု ယမန်နေ့က အလုပ်ဆင်းခဲ့ရသည့် အထည်ချုပ်စက်ရုံလုပ်သား မသီ တာလင်းက ပြောသည်။

အစိုးရအနေဖြင့် စက်ရုံများ ပိတ်ထားရန် ကြိုတင်အသိပေး ခြင်းမရှိဘဲ နှစ်သစ်ကူးရုံးပိတ်ရက် ၏ နောက်ဆုံးနေ့ ညမှသာ ညွှန် ကြားချက်ထုတ်ပြန်ခြင်း၊ ကြေ ညာချက်မှာလည်း ရှင်းလင်းမှုမရှိ ခြင်းတို့ကြောင့် စက်ရုံဖွင့်လှစ်မှု များရှိခဲ့ခြင်းဖြစ်သည်ဟု စောင့် ကြည့်လေ့လာသူများက ဆို သည်။

အချို့စက်ရုံများမှာ ညွှန် ကြားချက်ကြိုတင်မရရှိ၍ ဖွင့်လှစ် ရန် ပြင်ဆင်ထားပြီးဖြစ်သော ကြောင့် ဧပြီ ၂၀ ရက်တွင် ဖွင့် လှစ်ခဲ့သော်လည်း ယင်းနေ့ နံနက် ပိုင်း၌ပင် အလုပ်သမားများအား ပြန်လွှတ်၍ စက်ရုံပိတ်ပေးခဲ့ ကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

‘‘မဖွင့်ရဘူးဆို မဖွင့်ရဘူး ရှင်းရှင်းလင်းလင်း ကြိုကြေညာ ထားရင် ဘယ်စက်ရုံကဖွင့်ရဲမှာ လဲ။ ထုတ်ပြန်ချက်တွေက လိုရင်း မသိရ၊ နောက်ကျနဲ့ဆိုတော့ အ လုပ်ရှင်တွေလည်း ကြားညှပ်ရ တာပေါ့’’ဟု လှိုင်သာယာစက်မှု ဇုန်မှ အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။

နိုင်ငံတော်အနေဖြင့် ကြေ ညာချက်ထုတ်ပြန်ရန် အဆင့်ဆင့် စိစစ်မှုများ ပြုလုပ်ရခြင်းကြောင့် ထုတ်ပြန်ချိန် နောက်ကျရခြင်း ဖြစ်သည်ဟု ဦးညွန့်ဝင်းက ဆို သည်။

စက်ရုံများမှာ လုပ်သားအင် အားများစွာဖြင့် လုပ်ကိုင်နေရ ခြင်းကြောင့် COVID-19 ရောဂါ ထိန်းချုပ်မှု ပြုလုပ်နိုင်ရေး ဧပြီလ ကုန်အထိ ပိတ်ထားပေးရန် အ လုပ်သမား အဖွဲ့အစည်းများက သြင်္ကန်ပိတ်ရက်အတွင်း တောက် လျှောက် တောင်းဆိုခဲ့ကြပြီး ယခု ကဲ့သို့ ကျန်းမာရေးဆိုင်ရာစစ် ဆေးမှုများပြုလုပ်ပြီးမှသာ ဖွင့် လှစ်ခွင့်ပြုမည်ဆိုသည့် ကြေညာ အပေါ် ကန့်ကွက်ရန်မရှိသော် လည်း မှန်မှန်ကန်ကန် စစ်ဆေး ရန်မျှော်လင့်ကြောင်း အလုပ် သမားခေါင်းဆောင်အချို့ကဆို သည်။

‘‘ဘယ်လောက် သမာသ မတ်ကျနိုင်မလဲဆိုတာ စောင့် ကြည့်ရမယ်’’ ဟု မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူးချုပ် ကိုသက်နှင်း အောင်က ပြောသည်။

7day.news

စက္႐ုံ၊ အလုပ္႐ုံႏွင့္ အလုပ္ဌာနမ်ား ဧၿပီ ၃၀ ရက္အထိ ခြင့္ျပဳခ်က္မရွိဘဲ ဖြင့္လွစ္ပါက အေရးယူမည္ဟုဆို

ရန္ကုန္ရွိလုပ္ငန္းခြင္မ်ားတြင္ COVID-19 ကာကြယ္ေရးသတ္မွတ္ခ်က္မ်ား လိုက္နာျခင္းရွိ၊ မရွိ စစ္ေဆးေရးအဖြဲ႕ ၇၀ ခန႔္ျဖင့္ စစ္ေဆးမည္

စက္႐ုံ၊ အလုပ္႐ုံႏွင့္ အလုပ္ဌာနမ်ား ဧၿပီ ၃၀ ရက္အ ထိ ခြင့္ျပဳခ်က္မရွိဘဲ ဖြင့္လွစ္ပါက အေရးယူသြားမည္ဟု အလုပ္႐ုံ ႏွင့္ အလုပ္သမားဥပေဒစစ္ေဆး ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး ခ်ဳပ္ ဦးၫြန႔္ဝင္းက ေျပာသည္။


COVID-19 ေရာဂါ ကာ ကြယ္ထိန္းခ်ဳပ္ရန္ ႏိုင္ငံတစ္ဝန္းရွိ စက္႐ုံ၊ အလုပ္႐ုံႏွင့္ အလုပ္ဌာန မ်ားအေနျဖင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၏ အႀကံ ျပဳခ်က္၊ သတ္မွတ္ခ်က္မ်ား လိုက္နာမွသာ ဖြင့္လွစ္ခြင့္ျပဳမည္ ျဖစ္ၿပီး ယင္းအခ်က္မ်ား လိုက္ နာျခင္းရွိ၊ မရွိကို ဧၿပီ ၂၀ ရက္မွ ၃၀ ရက္အထိ စစ္ေဆးသြားမည္ ဟု အလုပ္သမား၊ လူဝင္မႈႀကီး ၾကပ္ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီးဌာနက ဧၿပီ ၁၉ ရက္ ညတြင္ ေၾကညာထားသည္။

အဆိုပါ ေၾကညာခ်က္အရ စက္႐ုံ၊ အလုပ္႐ုံႏွင့္ အလုပ္ဌာန မ်ားမွာ စစ္ေဆးမႈမခံယူရေသးခင္ အထိ ဖြင့္လွစ္လုပ္ကိုင္ခြင့္မရွိဘဲ ဖြင့္လွစ္မည္ဆိုပါက အျပစ္ေပး အေရးယူခံရမည္ဟု ဦးၫြန႔္ဝင္း ကဆိုသည္။


‘‘တစ္ရက္ဖြင့္ရင္တစ္ရက္ စာ အေရးယူခံရမွာေပါ့ဗ်ာ။ မဖြင့္ ပါနဲ႔လို႔ေျပာတာကို ဖြင့္တယ္ဆို ကတည္းက အမိန႔္ကို နားမ ေထာင္ရင္ နားမေထာင္သလို ေတာ့ အျပစ္ေပးမႈ၊ အေရးယူမႈ ေတြ ေနာက္ကလိုက္လာမွာေပါ့’’ ဟု ၎ကေျပာသည္။

ထိုသို႔ စစ္ေဆးျခင္းလုပ္ငန္း ကို က်န္းမာေရးႏွင့္အားကစား ဝန္ႀကီးဌာန၊ အလုပ္သမား၊ လူ ဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္ အားဝန္ႀကီးဌာနႏွင့္ ကြၽမ္းက်င္မႈ ဆိုင္ရာ ပူးေပါင္းအဖြဲ႕မ်ားျဖင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အ လိုက္ အဖြဲ႕မ်ားခြဲ၍ ေဆာင္႐ြက္ ရန္ျပင္ဆင္ထားျခင္းျဖစ္သည္။

တစ္ႏိုင္ငံလုံးရွိ စက္႐ုံ၊ အလုပ္႐ုံႏွင့္ အလုပ္ဌာနမ်ားကို ဧၿပီ ၃၀ ရက္ အတြင္း အၿပီးစစ္ ေဆးသြားရမည္ျဖစ္သည့္အတြက္ အခ်ိန္လုံေလာက္ရန္ႏွင့္ လုပ္ငန္း အားလုံးစစ္ေဆးႏိုင္ရန္ စစ္ေဆး ေရးအဖြဲ႕အင္အား လိုအပ္သလို တိုးျမႇင့္သြားမည္ဟု ဦးၫြန႔္ဝင္း ကဆိုသည္။

‘‘လုပ္ရင္းကိုင္ရင္းနဲ႔ထပ္ၿပီး လိုလာရင္ အင္အား ဒီထက္မက ထုတ္ၿပီး လုပ္မယ္လို႔ေတာ့ အစည္းအေဝးမွာ ညႇိႏႈိင္းထားပါ တယ္။ ရန္ကုန္တိုင္းကို အဖြဲ႕၆၀၊ ၇၀နဲ႔ ဖြဲ႕စည္းၿပီးလုပ္မွာပါ။ သက္ ဆိုင္ရာ စစ္ေဆးေရးအဖြဲ႕ေတြက သူ႔အပိုင္အလိုက္ ေျမပုံဆြဲၿပီး အစဥ္လိုက္ စစ္ေဆးမွာျဖစ္ပါ တယ္’’ဟု ၎ကေျပာသည္။

ထိုသို႔ စစ္ေဆးမႈျပဳလုပ္ရာ တြင္ ေဆးဝါးစက္႐ုံမ်ား၊ စား ေသာက္ကုန္ထုတ္လုပ္ေရးစက္႐ုံ မ်ား၊ က်န္းမာေရးလိုအပ္ခ်က္ႏွင့္ ကိုက္ညီၿပီး ဖြင့္လွစ္ရန္အသင့္ျဖစ္ ေနေသာ စက္႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ား၊ လုပ္သားဦးေရ တစ္ေထာင္ႏွင့္အထက္ရွိေသာ စက္႐ုံ၊ အလုပ္႐ုံမ်ား၊ အျခားစက္ ႐ုံ၊ အလုပ္႐ုံ၊ အလုပ္ဌာနမ်ားအား ဦးစားေပးအစီအစဥ္အတိုင္း စစ္ ေဆးသြားမည္ဟု အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔ အင္အားဝန္ႀကီးဌာန၏ ေၾကညာ ခ်က္တြင္ ေဖာ္ျပထားသည္။

ယင္းစက္႐ုံ၊ အလုပ္႐ုံမ်ား အေနျဖင့္ က်န္းမာေရးဆိုင္ရာႀကိဳ တင္ကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ထားရွိမႈ ရွိ၊ မရွိ စစ္ ေဆးမႈ ျပဳလုပ္ၿပီးမွ ဖြင့္လွစ္ရ မည္ဆိုေသာ္လည္း စက္႐ုံအခ်ိဳ႕ မွာ ဧၿပီ ၂၀ ရက္ (ယမန္ေန႔) က ျပန္လည္ဖြင့္လွစ္ခဲ့သည္။ ထိုသို႔ စက္႐ုံမ်ား ျပန္ဖြင့္ခဲ့၍ လုပ္ သားအင္အား အလုံးအရင္းျဖင့္ လုပ္ငန္းခြင္ ဝင္ေရာက္မူမ်ား ေၾကာင့္ COVID-19 ေရာဂါ ကူး စက္ျပန႔္ပြားႏိုင္သည္ဟု ဆိုကာ ေဝဖန္မႈမ်ားျမင့္တက္ခဲ့ သည္။

‘‘အလုပ္သမားေတြက အ လုပ္ျပဳတ္မွာေၾကာက္လို႔ဆင္းၾက ရတယ္။ တစ္ဖက္ကေရာဂါကူး စက္မွာကို စိုးရိမ္ရေသးတယ္။ ဒါေၾကာင့္ သူတို႔အေနနဲ႔မဆင္းခ်င္ ၾကဘူး။ အဲဒီအတြက္တစ္ေန႔လုံး တိုင္ၾကားမူေတြတက္ေနတယ္’’ ဟု ေသြးစည္းညီၫြတ္ေသာ သမဂၢမ်ားအဖြဲ႕ခ်ဳပ္ (ျမန္မာ) မွ ဒါ႐ိုက္တာ ေဒၚမ်ိဳးမ်ိဳးေအးက ေျပာသည္။

‘‘အလုပ္ဆင္းေတာ့လည္း တစ္ေယာက္ကိုတစ္ေယာက္ သံ သယနဲ႔ၾကည့္ေနရတဲ့အေျခအေန ျဖစ္ေနတယ္။ အခုေတာ့ အလုပ္ က ျပန္ပိတ္ေပးမယ္ဆိုေတာ့ စိတ္ သက္သာရေတာ့ရတယ္’’ ဟု ယမန္ေန႔က အလုပ္ဆင္းခဲ့ရသည့္ အထည္ခ်ဳပ္စက္႐ုံလုပ္သား မသီ တာလင္းက ေျပာသည္။

အစိုးရအေနျဖင့္ စက္႐ုံမ်ား ပိတ္ထားရန္ ႀကိဳတင္အသိေပး ျခင္းမရွိဘဲ ႏွစ္သစ္ကူး႐ုံးပိတ္ရက္ ၏ ေနာက္ဆုံးေန႔ ညမွသာ ၫႊန္ ၾကားခ်က္ထုတ္ျပန္ျခင္း၊ ေၾက ညာခ်က္မွာလည္း ရွင္းလင္းမႈမရွိ ျခင္းတို႔ေၾကာင့္ စက္႐ုံဖြင့္လွစ္မႈ မ်ားရွိခဲ့ျခင္းျဖစ္သည္ဟု ေစာင့္ ၾကည့္ေလ့လာသူမ်ားက ဆို သည္။

အခ်ိဳ႕စက္႐ုံမ်ားမွာ ၫႊန္ ၾကားခ်က္ႀကိဳတင္မရရွိ၍ ဖြင့္လွစ္ ရန္ ျပင္ဆင္ထားၿပီးျဖစ္ေသာ ေၾကာင့္ ဧၿပီ ၂၀ ရက္တြင္ ဖြင့္ လွစ္ခဲ့ေသာ္လည္း ယင္းေန႔ နံနက္ ပိုင္း၌ပင္ အလုပ္သမားမ်ားအား ျပန္လႊတ္၍ စက္႐ုံပိတ္ေပးခဲ့ ေၾကာင္း လုပ္ငန္းရွင္အခ်ိဳ႕က ေျပာသည္။

‘‘မဖြင့္ရဘူးဆို မဖြင့္ရဘူး ရွင္းရွင္းလင္းလင္း ႀကိဳေၾကညာ ထားရင္ ဘယ္စက္႐ုံကဖြင့္ရဲမွာ လဲ။ ထုတ္ျပန္ခ်က္ေတြက လိုရင္း မသိရ၊ ေနာက္က်နဲ႔ဆိုေတာ့ အ လုပ္ရွင္ေတြလည္း ၾကားညႇပ္ရ တာေပါ့’’ဟု လႈိင္သာယာစက္မႈ ဇုန္မွ အထည္ခ်ဳပ္လုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။

ႏိုင္ငံေတာ္အေနျဖင့္ ေၾက ညာခ်က္ထုတ္ျပန္ရန္ အဆင့္ဆင့္ စိစစ္မႈမ်ား ျပဳလုပ္ရျခင္းေၾကာင့္ ထုတ္ျပန္ခ်ိန္ ေနာက္က်ရျခင္း ျဖစ္သည္ဟု ဦးၫြန႔္ဝင္းက ဆို သည္။

စက္႐ုံမ်ားမွာ လုပ္သားအင္ အားမ်ားစြာျဖင့္ လုပ္ကိုင္ေနရ ျခင္းေၾကာင့္ COVID-19 ေရာဂါ ထိန္းခ်ဳပ္မႈ ျပဳလုပ္ႏိုင္ေရး ဧၿပီလ ကုန္အထိ ပိတ္ထားေပးရန္ အ လုပ္သမား အဖြဲ႕အစည္းမ်ားက ၾသကၤန္ပိတ္ရက္အတြင္း ေတာက္ ေလွ်ာက္ ေတာင္းဆိုခဲ့ၾကၿပီး ယခု ကဲ့သို႔ က်န္းမာေရးဆိုင္ရာစစ္ ေဆးမႈမ်ားျပဳလုပ္ၿပီးမွသာ ဖြင့္ လွစ္ခြင့္ျပဳမည္ဆိုသည့္ ေၾကညာ အေပၚ ကန႔္ကြက္ရန္မရွိေသာ္ လည္း မွန္မွန္ကန္ကန္ စစ္ေဆး ရန္ေမွ်ာ္လင့္ေၾကာင္း အလုပ္ သမားေခါင္းေဆာင္အခ်ိဳ႕ကဆို သည္။

‘‘ဘယ္ေလာက္ သမာသ မတ္က်ႏိုင္မလဲဆိုတာ ေစာင့္ ၾကည့္ရမယ္’’ ဟု ျမန္မာႏိုင္ငံ စက္မႈလက္မႈႏွင့္ ဝန္ေဆာင္မႈ လုပ္ငန္းေပါင္းစုံ အလုပ္သမား သမဂၢမ်ားအဖြဲ႕ခ်ဳပ္မွ အေထြေထြ အတြင္းေရးမႉးခ်ဳပ္ ကိုသက္ႏွင္း ေအာင္က ေျပာသည္။

7day.news

Read times
Rate this item
(0 votes)