Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


စွပ်ပြုတ်သောက်သုံးခြင်းမှ ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

နေပြန်ကောင်းကာစ အားအင်ပြန်ပြည့်ဖို့အတွက် စွပ်ပြုတ်ကို သောက်သုံးကြလေ့ရှိပါတယ်။  စွပ်ပြုတ်ဟာ နေ့စဉ်သောက်သုံးပေးသင့်တဲ့ အစားအစာ တစ်မျိုးဖြစ်ပါတယ်။ ယခုလို မိုးတွင်းကာလမှာ စွပ်ပြုတ်ပူပူလေးသောက်ခြင်းဖြင့် သင့်ကို ဘယ်လိုအကျိုးကျေးဇူးရနိုင်တယ်ဆိုတဲ့အကြောင်း အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။

 

ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝစေခြင်း

စွပ်ပြုတ်ဟင်းရည်တွေမှာ ရေဓာတ်အမြောက်အများ ပါဝင်တဲ့အတွက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်တင်းပေးနိုင်ပါတယ်။ ဒါကြောင့်  မိုးအေးအေးမှာ ရေသောက်နည်းသူတွေအနေနဲ့ စွပ်ပြုတ်ဟင်းရည်ကို သောက်သုံးပေးခြင်းဖြင့် ရေဓာတ်ကို အပြည့်အဝ ရရှိစေမှာ ဖြစ်ပါတယ်။

 


ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးခြင်း

ကြက်စွပ်ပြုတ် သို့မဟုတ် အခြားသော အရိုးပြုတ်ရည် စတာတွေမှာ ကယ်လိုရီနည်းပါးစွာ ပါဝင်ပြီး ပရိုတင်းဓာတ် ပြည့်ဝစွာ ပါဝင်သောကြောင့် ကိုယ်အလေးချိန် ထိန်းသိမ်းလိုသူတွေအတွက် အထူးသင့်တော်ပါတယ်။

 

Read More >>>>>  အစာစားချင်စိတ် ဖြစ်ပေါ်လာစေဖို့အတွက်

 


အရိုးအဆစ်တွေကို သန်မာစေခြင်း

မိမိကြိုက်နှစ်သက်ရာ ဟင်းသီးဟင်းရွက်များနဲ့ အသားတစ်မျိုးမျိုးကို ထည့်ပြုတ်ထားတဲ့ စွပ်ပြုတ်ဟင်းရည်တစ်ခွက်မှာ ကယ်လ်ဆီယမ်၊ ဖော့စဖရပ်နဲ့ မဂ္ဂနီဆီယမ်တို့ ပါဝင်တာကြောင့် အရိုးကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေပါတယ်။

 


ဦးနှောက်ကို ကောင်းမွန်စေခြင်း

အရိုးစွပ်ပြုတ် ဟင်းရည်တွေမှာ ပါဝင်တဲ့ Glycine ဓာတ်ဟာ ဦးနှောက်ရဲ့  စွမ်းဆောင်ရည်ကို တိုးတက်ကောင်းမွန်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေဖို့အတွက် အကူအညီပေးနိုင်ပါတယ်။

 


ခန္ဓာကိုယ်ကို ကောင်းမွန်စေခြင်း

စွပ်ပြုတ်ဟင်းရည်တွေမှာ ဓာတ်တိုးဆန့်ကျင်သတ္တိနဲ့ ဗီတာမင်အေ၊ သတ္တုဓာတ်၊ သံဓာတ်တို့ ပါဝင်တာကြောင့် ခန္ဓာကိုယ် ခုခံအားစနစ်ကို ကောင်းမွန်စေပြီး အအေးမိ ဖျားနာခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။


Ref: www.sepalika.com

Read times Last modified on Friday, 05 July 2019 16:33
Rate this item
(1 Vote)