Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


လူမှုဖူလုံရေးထောက်ပံ့မှုကို အွန်လိုင်းမှ လျှောက်ထားနိုင်

စစ်ဆေးမှုခံယူရန် ရပ်နားထားသည့် စက်ရုံအလုပ်သမားများအတွက် လူမှုဖူလုံရေးထောက်ပံ့မှုကို အွန်လိုင်းမှ လျှောက်ထားနိုင်ပြီး အမြန်ဆုံးထုတ်ပေးရန် စီစဉ်နေသည်။

ကျန်းမာရေးလမ်းညွှန် ချက်နှင့် ကိုက်ညီခြင်းရှိ၊ မရှိ စစ် ဆေးမှုခံယူရန် ရပ်နားထားသည့် စက်ရုံများရှိ အလုပ်သမားများ အတွက် ထောက်ပံ့မှုအကျိုးခံစား ခွင့်ကို အွန်လိုင်းမှလျှောက်ထား နိုင်ပြီး အမြန်ဆုံးထုတ်ပေးနိုင်ရန် စီစဉ်နေကြောင်း လူမှုဖူလုံရေး အဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦး မောင်မောင်အေးက ပြောသည်။


ယင်း အကျိုးခံစားခွင့် လျှောက်ထားရန် လျှောက်လွှာပုံစံ အား ဝက်ဘ်ပေါ်တယ်တွင်တင် ထားပေးမည်ဖြစ်ကာ အလုပ်ရှင် က အချက်အလက်များဖြည့်သွင်း လျှောက်ထားရမည်ဖြစ်သည်။ မှန်ကန်ကြောင်းစစ်ဆေးပြီးပါက သက်ဆိုင်ရာ မြို့နယ်လူမှုဖူလုံ ရေးရုံးတွင် ချက်လက်မှတ်ဖြင့်ငွေ ထုတ်ယူနိုင်ရန် စီစဉ်ပေးမည်ဟု ဦးမောင်မောင်အေးက ဆိုသည်။

ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးရှိ SSB (Social Secutriy Board ) လူမှုဖူလုံရေးအဖွဲ့

ရုံးချုပ်၊ ရုံးခွဲများ၊ ဆေးခန်းများ၏ တည်ရာလိပ်စာနှင့် ဖုန်းနံပါတ်များ

‘‘ဘတ်ဂျက်ကကျပြီးသား။ ကျွန်တော်တို့ ထုတ်ပေးဖို့အဆင် သင့်ပဲ။ မြန်အောင်လုပ်ထား တယ်’’ ဟု ဦးမောင်မောင်အေးက ပြောသည်။

စစ်ဆေးမှုခံယူရန် ရပ်နား ထားရသည့် စက်ရုံများရှိ အလုပ် သမားများအတွက် ထောက်ပံ့မှု အကျိုးခံစားခွင့်ပေးရန် ဘတ်ဂျက် ကျထားပြီးဖြစ်သော်လည်း ဘတ် ဂျက်မည်မျှ လျာထားရရှိထား သည်ကိုမူ လတ်တလောပြော ကြားနိုင်ခြင်းမရှိသေးကြောင်း၎င်း က ဆက်လက်ပြောကြားသည်။

COVID-19 ရောဂါကာ ကွယ်ရန် ကျန်းမာရေးနှင့်အားက စားဝန်ကြီးဌာနက စက်ရုံ၊ အလုပ် ရုံများလိုက်နာရမည့် လမ်းညွှန် ချက်များ ထုတ်ပြန်ထားပြီး ယင်း အချက်များလိုက်နာခြင်း ရှိ၊ မရှိ စစ်ဆေးမှုခံယူပြီးမှသာ ဖွင့်လှစ် ရန် အလုပ်သမား၊ လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့အင်အားဝန် ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ စစ်ဆေးမှုခံယူခြင်းကို မူလက ဧပြီ ၂၀ မှ ၃၀ ရက် အထိ သတ်မှတ်ထားပြီး အချိန်မလုံ လောက်၍ မေလ ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်ထားသည်။ စစ် ဆေးမှုခံယူရန် ရပ်နားထားရ သည့်စက်ရုံများရှိ အလုပ်သ မားများအား ရပ်နားထားရသည့် ရက်အလိုက် လစာ၏ ၄၀ ရာခိုင် နှုန်းကို လူမူဖူလုံရေးအဖွဲ့က ထောက်ပံ့မည်ဖြစ်ပြီး ဧပြီ ၂၈ ရက်ကစ၍ ယင်းအကျိုးခံစားခွင့် လျှောက်ထားခွင့်ပြုထားခြင်းဖြစ် သည်။

သို့သော် ယမန်နေ့ (မေလ ၃ ရက်) အထိ ဒဂုံမြို့သစ်တောင် ပိုင်းမြို့နယ်မှ စက်ရုံတစ်ရုံသာ ယင်းထောက်ပံ့ကြေး လျှောက် ထားပြီး အခြားစက်ရုံများမှ လျှောက်ထားခြင်းမရှိသေးဟု ဦး မောင်မောင်အေးက ဆိုသည်။ ထို့အပြင် လက်ရှိအချိန်အထိ စစ်ဆေးမှု ပြုလုပ်ထားပြီးဖြစ် သည့် စက်ရုံ၊ အလုပ်ရုံ ၁,၅၀၀ ရှိပြီဟု စစ်ဆေးရေးအဖွဲ့ တာ ဝန်ရှိသူများကပြောသည်။

7day.news

လူမႈဖူလုံေရးေထာက္ပံ့မႈကို အြန္လိုင္းမွ ေလွ်ာက္ထားႏိုင္

စစ္ေဆးမႈခံယူရန္ ရပ္နားထားသည့္ စက္႐ုံအလုပ္သမားမ်ားအတြက္ လူမႈဖူလုံေရးေထာက္ပံ့မႈကို အြန္လိုင္းမွ ေလွ်ာက္ထားႏိုင္ၿပီး အျမန္ဆုံးထုတ္ေပးရန္ စီစဥ္ေနသည္။

က်န္းမာေရးလမ္းၫႊန္ ခ်က္ႏွင့္ ကိုက္ညီျခင္းရွိ၊ မရွိ စစ္ ေဆးမႈခံယူရန္ ရပ္နားထားသည့္ စက္႐ုံမ်ားရွိ အလုပ္သမားမ်ား အတြက္ ေထာက္ပံ့မႈအက်ိဳးခံစား ခြင့္ကို အြန္လိုင္းမွေလွ်ာက္ထား ႏိုင္ၿပီး အျမန္ဆုံးထုတ္ေပးႏိုင္ရန္ စီစဥ္ေနေၾကာင္း လူမႈဖူလုံေရး အဖြဲ႕ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦး ေမာင္ေမာင္ေအးက ေျပာသည္။


ယင္း အက်ိဳးခံစားခြင့္ ေလွ်ာက္ထားရန္ ေလွ်ာက္လႊာပုံစံ အား ဝက္ဘ္ေပၚတယ္တြင္တင္ ထားေပးမည္ျဖစ္ကာ အလုပ္ရွင္ က အခ်က္အလက္မ်ားျဖည့္သြင္း ေလွ်ာက္ထားရမည္ျဖစ္သည္။ မွန္ကန္ေၾကာင္းစစ္ေဆးၿပီးပါက သက္ဆိုင္ရာ ၿမိဳ႕နယ္လူမႈဖူလုံ ေရး႐ုံးတြင္ ခ်က္လက္မွတ္ျဖင့္ေငြ ထုတ္ယူႏိုင္ရန္ စီစဥ္ေပးမည္ဟု ဦးေမာင္ေမာင္ေအးက ဆိုသည္။

‘‘ဘတ္ဂ်က္ကက်ၿပီးသား။ ကြၽန္ေတာ္တို႔ ထုတ္ေပးဖို႔အဆင္ သင့္ပဲ။ ျမန္ေအာင္လုပ္ထား တယ္’’ ဟု ဦးေမာင္ေမာင္ေအးက ေျပာသည္။

စစ္ေဆးမႈခံယူရန္ ရပ္နား ထားရသည့္ စက္႐ုံမ်ားရွိ အလုပ္ သမားမ်ားအတြက္ ေထာက္ပံ့မႈ အက်ိဳးခံစားခြင့္ေပးရန္ ဘတ္ဂ်က္ က်ထားၿပီးျဖစ္ေသာ္လည္း ဘတ္ ဂ်က္မည္မွ် လ်ာထားရရွိထား သည္ကိုမူ လတ္တေလာေျပာ ၾကားႏိုင္ျခင္းမရွိေသးေၾကာင္း၎ က ဆက္လက္ေျပာၾကားသည္။

COVID-19 ေရာဂါကာ ကြယ္ရန္ က်န္းမာေရးႏွင့္အားက စားဝန္ႀကီးဌာနက စက္႐ုံ၊ အလုပ္ ႐ုံမ်ားလိုက္နာရမည့္ လမ္းၫႊန္ ခ်က္မ်ား ထုတ္ျပန္ထားၿပီး ယင္း အခ်က္မ်ားလိုက္နာျခင္း ရွိ၊ မရွိ စစ္ေဆးမႈခံယူၿပီးမွသာ ဖြင့္လွစ္ ရန္ အလုပ္သမား၊ လူဝင္မႈႀကီး ၾကပ္ေရးႏွင့္ျပည္သူ႔အင္အားဝန္ ႀကီးဌာနက ထုတ္ျပန္ထားသည္။

ထိုသို႔ စစ္ေဆးမႈခံယူျခင္းကို မူလက ဧၿပီ ၂၀ မွ ၃၀ ရက္ အထိ သတ္မွတ္ထားၿပီး အခ်ိန္မလုံ ေလာက္၍ ေမလ ၁၅ ရက္အထိ တိုးျမႇင့္သတ္မွတ္ထားသည္။ စစ္ ေဆးမႈခံယူရန္ ရပ္နားထားရ သည့္စက္႐ုံမ်ားရွိ အလုပ္သ မားမ်ားအား ရပ္နားထားရသည့္ ရက္အလိုက္ လစာ၏ ၄၀ ရာခိုင္ ႏႈန္းကို လူမူဖူလုံေရးအဖြဲ႕က ေထာက္ပံ့မည္ျဖစ္ၿပီး ဧၿပီ ၂၈ ရက္ကစ၍ ယင္းအက်ိဳးခံစားခြင့္ ေလွ်ာက္ထားခြင့္ျပဳထားျခင္းျဖစ္ သည္။

သို႔ေသာ္ ယမန္ေန႔ (ေမလ ၃ ရက္) အထိ ဒဂုံၿမိဳ႕သစ္ေတာင္ ပိုင္းၿမိဳ႕နယ္မွ စက္႐ုံတစ္႐ုံသာ ယင္းေထာက္ပံ့ေၾကး ေလွ်ာက္ ထားၿပီး အျခားစက္႐ုံမ်ားမွ ေလွ်ာက္ထားျခင္းမရွိေသးဟု ဦး ေမာင္ေမာင္ေအးက ဆိုသည္။ ထို႔အျပင္ လက္ရွိအခ်ိန္အထိ စစ္ေဆးမႈ ျပဳလုပ္ထားၿပီးျဖစ္ သည့္ စက္႐ုံ၊ အလုပ္႐ုံ ၁,၅၀၀ ရွိၿပီဟု စစ္ေဆးေရးအဖြဲ႕ တာ ဝန္ရွိသူမ်ားကေျပာသည္။

7day.news

Read times
Rate this item
(0 votes)