Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အစာစားချင်စိတ် ဖြစ်ပေါ်လာစေဖို့အတွက်

ရောဂါဝေဒနာ တစ်ခုခုကို ခံစားနေရပြီး ကျန်းမာရေး မကောင်းသူတွေဟာ ခံတွင်းပျက်ပြီး အစာစားချင်စိတ် လျော့နည်းတာကြောင့်  ကိုယ်အလေးချိန်တွေ လျော့ကျလာတတ်ပါတယ်။

 

ကိုယ်ခံစွမ်းအား လျော့ကျပြီး ရောဂါဝေဒနာကို ခံနိုင်ရည်ရှိမှု လျော့နည်းလာပြီး ပိုမို နေထိုင်မကောင်းတာမျိုး ဖြစ်တတ်ပြီး အစာစားချင်စိတ် ပြန်ကောင်းလာအောင် လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေး လိုက်ပါတယ်။

 

မိသားစုစုံညီ သို့မဟုတ် မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ စားခြင်း

တစ်ယောက်တည်း အစာစားရင် အစာစားရမှာကို ပျင်းနေတတ်ပါတယ်။ အစာစားချိန်ဆိုတာ လူအများနဲ့ ပေါင်းဖော်ပြီး အတူစားရတဲ့ အချိန်ပါ။ အများနဲ့အတူ မစားရင် အထီးကျန်တဲ့ စိတ်ခံစားမှု ဖြစ်စေပြီး အစာစားချင်စိတ် လျော့ကျစေနိုင်ပါတယ်။ အိမ်မှာ မိသားစု စုံညီ အစာစားပါ ဒါမှမဟုတ် အလုပ်မှာ မိတ်ဆွေ သူငယ်ချင်းတွေနဲ့အတူ အစာစားပါ။

 


စားချင်စိတ်ရှိသော အစာကို ရွေးချယ် စားသုံးခြင်း

ခံတွင်းပျက်နေချိန်မှာ အစာစားချင်စိတ် ဖြစ်လာအောင် ကိုယ်ကြိုက်တဲ့အစာကို စားပေးပါ။ ဒါပေမယ့် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာဆိုရင် အများကြီးမစားပါနဲ့။ သစ်သီးတွေကို စားချင်စိတ်ဖြစ်ပေါ်ပြီး အများကြီး မစားနိုင်ရင် သစ်သီးဖျော်ရည် ဖျော်သောက်ပါ။ သစ်သီးစိတ်တွေကို အရသာရှိအောင် ပြင်ဆင်ပြီး စားပေးပါ။

 


အစာကို နည်းနည်းနှင့် မကြာခဏ စားသုံးခြင်း

ခံတွင်းပျက်ကာ ကိုယ်အလေးချိန် လျော့ကျနေသူတွေ အနေနဲ့ ကယ်လိုရီများများ ရရှိစေဖို့ တစ်နေ့မှာ အစာက နည်းနည်းနဲ့ မကြာခဏ စားပေးဖို့ လိုပါတယ်။ တစ်နေ့မှာ အစာကို ငါးကြိမ်၊ ခြောက်ကြိမ်ခန့် စားပေးတာက အာဟာရဓာတ်တွေကို ပိုမို ရရှိစေမယ့်နည်း ဖြစ်ပါတယ်။

 

Read More >>>>>  ပြည်ပသို့ သင်္ဘောဖြင့် ဆန်တင်ပို့ရန် အထက်ပိုင်းဒေသမှ တိုက်ရိုက်ရောင်းချမှုများရှိလာ

 


ပြင်းသောအနံ့ပါ ဟင်းလျာများ ရှောင်ခြင်း

ခံတွင်းပျက်နေချိန်မှာ အရသာခံ အာရုံနဲ့ အနံ့ခံအာရုံ အပြောင်းအလဲ ဖြစ်သွားနိုင်ပါတယ်။ ဒီအချိန်မှာ အနံ့ပြင်းတဲ့ အစာတွေနဲ့ ဝေးဝေးမှာနေပါ။ ဥပမာ- ညှီတဲ့ အသားတွေကို ထမင်းပွဲမှာ မပါအောင် သတိထားပါ။

 


အာဟာရ ဖြည့်စွက်ဆေးအသုံးပြုခြင်း

အာဟာရ ဖြည့်စွက်ဆေးတွေကို မှီဝဲတာကြောင့် ကယ်လိုရီစားသုံးမှု တိုးစေပြီး ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ ဖြည့်စွက်ဆေးတွေကို ပုံစံအမျိုးမျိုး ထုတ်ထားပြီး အနံ့အရသာ မျိုးစုံရှိတာကြောင့် ခံတွင်းပျက်နေသူတွေ အနေနဲ့ အစာစားချင်စိတ် တိုးလာအောင် မှီဝဲသင့်ပါတယ်။

 


ဟင်းလျာထဲ သဘာဝ ဟင်းခတ်အမွှေးအကြိုင်များ ထည့်ချက်ခြင်း

သဘာဝ ဟင်းခတ်အမွှေးအကြိုင်တွေပါတဲ့ အစာတွေက အစာစားချင်စိတ်ကို တိုးစေနိုင်ပါတယ်။ သဘာဝ ဟင်းခတ် အမွှေးအကြိုင်တွေကတော့ ငရုတ်ကောင်း၊ ဂျင်စင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ လေးညှင်း၊ စမုံစပါး၊ ချင်း၊ လက်ဖက်စိမ်း စတာတွေ ဖြစ်ပြီး သင်ချက်တဲ့ ဟင်းလျာထဲမှာ ထည့်ချက်သင့်ပါတယ်။

 


Source: may dim’s note book

Read times
Rate this item
(1 Vote)