Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သွေးတွင်းအဆီ လျော့နည်းစေတဲ့ အစားအစာ ၅ မျိုး

လက်ဖက်ရည်

လက်ဖက်ရည်က ကင်ဆာရောဂါကို တွန်းလှန် ကာကွယ်နိုင်ပြီး သွေးတွင်းမကောင်းတဲ့ ကိုလက်စထရောကိုပါ ကျဆင်းစေပါတယ်။ လက်ဖက်ရည်ကို သုံးပတ်သောက်သုံးပေးပါက သွေးတွင်းအဆီကို ၁ဝ ရာခိုင်နှုန်း လျော့ချပေးနိုင်တယ်လို့ သုတေသနတွေမှာ တွေ့ရပါတယ်။ လက်ဖက်ရည်က နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချနိုင်တယ်ဆိုတဲ့ အချက်ကိုတော့ ဆက်လက် သုတေသနပြု ရှာဖွေနေကြပါတယ်။

 

ပဲအမျိုးမျိုး

နှလုံးကျန်းမာရေး ကောင်းစေတဲ့ အစားအစာတွေထဲမှာ ပဲအမျိုးမျိုး ပါဝင်ပါတယ်။ အရီဇိုးနား တက္ကသိုလ်မှ သုတေသီတွေက စွပ်ပြုတ်ထဲကို ပဲခွက်တစ်ဝက်စာ ထည့်စားပေးတာက မကောင်းတဲ့ ကိုလက်စထရော အပါအဝင် သွေးတွင်း ကိုလက်စထရောတွေကို လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ နှလုံးကျန်းမာစေတဲ့ အစားအစာတွေက အမျှင်ဓာတ် ကြွယ်ဝပြီး အစားအစာကနေ ကိုလက်စထရော စုပ်ယူမှုကို နှေးကွေးစေပါတယ်။

 

ထောပတ်သီး

ထောပတ်သီးကနေ နှလုံးကျန်းမာစေတဲ့ မပြည့်ဝဆီတွေ များစွာရရှိစေပါတယ်။ မပြည့်ဝဆီတွေက သွေးတွင်းကောင်းတဲ့ ကိုလက်စထရောတွေ များစေပြီး မကောင်းတဲ့ ကိုလက်စထရောတွေကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်က ကိုလက်စထရော စုပ်ယူမှုကိုပါ လျော့နည်းစေပါတယ်။

 

Read More :  အဆိပ်အတောက်များကို ဖယ်ရှားနိုင်သည့် အစားအစာ(၁၀) မျိုး

 

သံလွင်ဆီ

သံလွင်ဆီက နှလုံးကျန်းမာစေတဲ့ မပြည့်ဝဆီဖြစ်ပြီး သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့နည်းစေပါတယ်။ ဒါ့အပြင် ဝမ်းဗိုက်က အဆီတွေကိုပါ ဖယ်ရှားပေးနိုင်ပါတယ်။

 

ကြက်သွန်ဖြူ

ကြက်သွန်ဖြူက ကိုလက်စထရောကို လျော့နည်းစေတယ်၊ သွေးခဲတာကို ကာကွယ်ပေးတယ်၊ သွေးပေါင်ကျဆင်းစေတယ်၊ ပိုးမွှားတွေ ဝင်ရောက်တာကို တိုက်ထုတ်ပေးတယ်စတဲ့ အစွမ်းအာနိသင်တွေ ပြည့်ဝနေပါတယ်။ သွေးခဲတာကနေ ကာကွယ်ပေးတာကြောင့် သွေးကြောနံရံတွေ ပျက်စီးမှု မရှိအောင် ကာကွယ်ပြီးသား ဖြစ်စေပါတယ်။ တစ်နေ့ကို ကြက်သွန်ဖြူ နှစ်မြွှာကနေ လေးမွှာလောက် စားပေးပါ။

 

Source: ဇာခြည်ဝင်း (ဆေးဝါးတက္ကသိုလ်)

Read times Last modified on Friday, 07 June 2019 14:19
Rate this item
(1 Vote)