Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အရက်နာကျနေချိန်မှာ စားသင့်တဲ့ အစားအစာများ

Unicode

အရက်နာကျနေချိန်မှာ စားသင့်တဲ့ အစားအစာများ


အရက်နာကျနေချိန်မှာ လူတော်တော်များများက ခံတွင်းပျက်ပြီး စားချင်၊ သောက်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခန္ဓာကိုယ်က အာဟာရဓာတ်တွေ လိုအပ်နေမယ်၊ အားနည်းနေတာ ဖြစ်တဲ့အတွက် ဘာမှမစားပဲ နေလို့တော့ မဖြစ်ပါဘူး။

 

ကြက်ဥ

ကြက်ဥဟာ ပေါ့ပေါ့ပါးပါးနဲ့ အစာကြေလွယ်စေတယ်။ အာဟာရဓာတ်တွေ၊ ဗီတာမင်တွေ အများအပြား ပါဝင်လို့ အရက်နာကျနေသူတွေအတွက် အကောင်းဆုံး မနက်စာပါပဲ။

 

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓာတ်ဟာ အရက်သောက်ပြီး ကိုယ်ခန္ဓာထဲမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ပြေလျော့စေတယ်။ အမျှင်ဓာတ်ပါဝင်မှုများလို့ အစာကြေရင်ချောင်စေတယ်။ ငှက်ပျောသီးကို ဒိန်ချဉ်နဲ့ တွဲစားပေးရင်လည်း ပိုတက်စီယမ်ဓာတ်ကို ပိုရနိုင်ပါတယ်။

 

ကြက်စွပ်ပြုတ်

ဖျားနာခြင်းအတွက်သာမက အရက်နာကျတာကိုပါ သက်သာစေနိုင်တဲ့ ကြက်စွပ်ပြုတ်မှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဗီတာမင်များစွာ ပါဝင်ပါတယ်။ ကိုယ်တွင်းမှာ ကုန်ခမ်းသွားတဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အပြင် အသည်းကို အားကောင်းစေလို့ အရက်အဆိပ်အတောက်တွေကို ပိုပြီး စွန့်ထုတ်ပေးတဲ့နေရာမှာ အားဖြစ်စေနိုင်ပါတယ်။

 

ခရက်ကာ

ဘီစကွတ်မုန့်တွေ ယှဉ်လိုက်ရင် သကြားပါဝင်မှုနည်းတဲ့ ခရက်ကာ မုန့်တွေဟာလည်း အရက်နာကျတဲ့ မနက်ခင်းမှာ စားပေးသင့်တဲ့ အစားအစာပါပဲ။ ကိုယ်က ခရက်ကာမုန့် မကြိုက်ဘူးဆိုရင် ပေါင်မုန့်မီးကင်ပြီး ပျားရည်နဲ့ သုတ်ပြီးစားပေးရင်လည်း အဆင်ပြေပါတယ်။

 


ဘယ်အစားအစာတွေကို ရှောင်ဖို့ လိုမလဲ ???

အဆီများတဲ့ အစားအစာတွေ၊ ကိုယ်ခန္ဓာက အစာချေရခက်စေတဲ့ အစားအစာတွေကိုလည်း မစားသင့်ပါဘူး။ ချဉ်လွန်းတဲ့ အသီးအနှံတွေ၊ ဖျော်ရည်တွေဟာလည်း အားနည်းနေတဲ့ အစာအိမ်ကို ထိခိုက်စေနိုင်တာကြောင့် အရက်နာကျနေတဲ့ မနက်ခင်းမှာ ရှောင်သင့်ပါတယ်။

 

Source: Hellosayawon

 

 

 

အရက္နာက်ေနခ်ိန္မွာ စားသင့္တဲ့ အစားအစာမ်ား

 

အရက္နာက်ေနခ်ိန္မွာ လူေတာ္ေတာ္မ်ားမ်ားက ခံတြင္းပ်က္ၿပီး စားခ်င္၊ ေသာက္ခ်င္စိတ္ရွိမွာ မဟုတ္ပါဘူး။ ဒါေပမယ့္လည္း ခႏၶာကိုယ္က အာဟာရဓာတ္ေတြ လိုအပ္ေနမယ္၊ အားနည္းေနတာ ျဖစ္တဲ့အတြက္ ဘာမွမစားပဲ ေနလို႔ေတာ့ မျဖစ္ပါဘူး။

 

ၾကက္ဥ

ၾကက္ဥဟာ ေပါ့ေပါ့ပါးပါးနဲ႔ အစာေၾကလြယ္ေစတယ္။ အာဟာရဓာတ္ေတြ၊ ဗီတာမင္ေတြ အမ်ားအျပား ပါဝင္လို႔ အရက္နာက်ေနသူေတြအတြက္ အေကာင္းဆုံး မနက္စာပါပဲ။

 

ငွက္ေပ်ာသီး

ငွက္ေပ်ာသီးမွာ ပါဝင္တဲ့ ပိုတက္စီယမ္ဓာတ္ဟာ အရက္ေသာက္ၿပီး ကိုယ္ခႏၶာထဲမွာ ရွိေနတဲ့ အဆိပ္အေတာက္ေတြကို ေျပေလ်ာ့ေစတယ္။ အမွ်င္ဓာတ္ပါဝင္မႈမ်ားလို႔ အစာေၾကရင္ေခ်ာင္ေစတယ္။ ငွက္ေပ်ာသီးကို ဒိန္ခ်ဥ္နဲ႔ တြဲစားေပးရင္လည္း ပိုတက္စီယမ္ဓာတ္ကို ပိုရႏိုင္ပါတယ္။

 

ၾကက္စြပ္ျပဳတ္

ဖ်ားနာျခင္းအတြက္သာမက အရက္နာက်တာကိုပါ သက္သာေစႏိုင္တဲ့ ၾကက္စြပ္ျပဳတ္မွာ က်န္းမာေရးအတြက္ ေကာင္းမြန္တဲ့ ဗီတာမင္မ်ားစြာ ပါဝင္ပါတယ္။ ကိုယ္တြင္းမွာ ကုန္ခမ္းသြားတဲ့ ေရဓါတ္ကို ျပန္လည္ျဖည့္တင္းေပးႏိုင္တဲ့အျပင္ အသည္းကို အားေကာင္းေစလို႔ အရက္အဆိပ္အေတာက္ေတြကို ပိုၿပီး စြန႔္ထုတ္ေပးတဲ့ေနရာမွာ အားျဖစ္ေစႏိုင္ပါတယ္။

 

ခရက္ကာ

ဘီစကြတ္မုန႔္ေတြ ယွဥ္လိုက္ရင္ သၾကားပါဝင္မႈနည္းတဲ့ ခရက္ကာ မုန႔္ေတြဟာလည္း အရက္နာက်တဲ့ မနက္ခင္းမွာ စားေပးသင့္တဲ့ အစားအစာပါပဲ။ ကိုယ္က ခရက္ကာမုန႔္ မႀကိဳက္ဘူးဆိုရင္ ေပါင္မုန႔္မီးကင္ၿပီး ပ်ားရည္နဲ႔ သုတ္ၿပီးစားေပးရင္လည္း အဆင္ေျပပါတယ္။


ဘယ္အစားအစာေတြကို ေရွာင္ဖို႔ လိုမလဲ ???

အဆီမ်ားတဲ့ အစားအစာေတြ၊ ကိုယ္ခႏၶာက အစာေခ်ရခက္ေစတဲ့ အစားအစာေတြကိုလည္း မစားသင့္ပါဘူး။ ခ်ဥ္လြန္းတဲ့ အသီးအႏွံေတြ၊ ေဖ်ာ္ရည္ေတြဟာလည္း အားနည္းေနတဲ့ အစာအိမ္ကို ထိခိုက္ေစႏိုင္တာေၾကာင့္ အရက္နာက်ေနတဲ့ မနက္ခင္းမွာ ေရွာင္သင့္ပါတယ္။

 

Source: Hellosayawon

Read times Last modified on Wednesday, 05 February 2020 17:50
Rate this item
(1 Vote)