Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


နဂါးမောက်သီးရဲ့ အကျိုးကျေးဇူးများ

နဂါးမောက်သီးက ကိုယ်အလေးချိန်ကိုကျဆင်းစေနိုင်ပြီး အစာကြေလွယ်ပါတယ်။ ကိုလက်စထရောကိုကျဆင်းစေနိုင်ပြီး

ကိုယ်ခံအားကိုကောင်းစေနိုင်တဲ့အ ပြင်စွမ်းအင်လည်းတိုးစေနိုင်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံးရောဂါတွေကို ကာကွယ်ပေးသလို ဘက်တီးရီးယားတွေမှိုပိုးတွေမဝင်ရောက်နိုင်အောင်တားဆီးပေးပါတယ်။ ခန္ဓာ ကိုယ်ရဲ့လုပ်ဆောင်မှုတွေကိုလည်း အကူအညီပေး ကြောင်း သိရပါတယ်။

 

အစာကြေခြင်း
နဂါးမောက်သီးမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အူမကြီးနဲ့အစာဟောင်းအိမ်လုပ်ဆောင်မှုတွေကိုကောင်းမွန်စေပြီး ဝမ်းသွားရလွယ်စေပါတယ်။ အစားခြေရည်ထွက် အောင်လှုံ့ဆော်ပေးပါတယ်။ ဝမ်းချုပ်တာ၊ စမြင်းခံတာနဲ့ အူမကြီးကင်ဆာလိုမျိုးပြင်း ထန်တဲ့ရောဂါတွေမဖြစ်အောင်လည်း နဂါးမောက်သီးက ကာကွယ်ပေးပါတယ်။

 

နှလုံးအားကောင်းခြင်း
နဂါးမောက်သီးကသွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေနဲ့ ကျန်းမာရေးနဲ့မညီညွတ်တဲ့အဆီတွေကိုဖယ်ရှားပေးပါတယ်။ သွေးတွင်း ကိုလက်စထရောပမာဏကျဆင်းသွားတဲ့အခါသွေးကြောတွေထဲမှာ အနည်တွေစုပုံနိုင်ခြေနည်းသွားမှာဖြစ်ပါတယ်။ နှလုံးသွေးကြောကျဉ်းတာ၊ ရုတ်တရက်နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေမဖြစ်အောင်ကာ ကွယ်ပြီးသားလည်း ဖြစ်သွားမှာဖြစ်ပါတယ်။

 

ကိုယ်ခံအားကောင်းခြင်း
နဂါးမောက်သီးက ကိုယ်ခံအားစနစ်ကိုတိုးမြှင့်ပေးနိုင်ပါတယ်။ နဂါးမောက်သီးမှာ ကိုယ်ခံအားစနစ်ကိုကောင်းမွန်စေနိုင်တဲ့ ဗီတာမင်တစ်မျိုးဖြစ်တဲ့ ဗီတာမင်စီကြွယ်ဝစွာပါဝင် နေပါတယ်။ ဗီတာမင်စီကကိုယ်ထဲမှာရှိတဲ့ အခြားဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေကိုလည်း လှုံ့ဆော်ပေးပါတယ်။ ကင်ဆာနဲ့နှလုံးရောဂါ ကိုဖြစ်စေနိုင်တဲ့ကိုယ်တွင်းက free radicals တွေကိုလည်းတိုက်ဖျက်ပေးပါတယ်။

 

ဗီတာမင်ကြွယ်ဝခြင်း
နဂါးမောက်သီးမှာ ဗီတာမင်ဘီတွေ နဲ့ဗီတာမင် C တို့ အပါအဝင် အခြားဗီတာမင်တွေလည်းပါဝင်နေပါတယ်။ နဂါးမောက်သီးမှာပါတဲ့ ဗီတာမင် B1,B2 နဲ့ဗီတာမင်ဘ၃တို့ကသွေးပေါင်ချိန်၊ အရေပြားကျန်းမာရေး၊ ကိုလက်စထရောပမာဏတွေကနေစလို့ သွိုင်းရွိက်လုပ်ငန်းဆောင်တာတွေနဲ့ ကာဗိုဟိုက်ဒရိတ်ဓာတ်ပြုပြောင်းလဲမှုတွေကို လည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

 

Read More >>>>> ကော်ဖီသောက်ခြင်း၏အကျိုးကျေးဇူးများ


ကင်ဆာကာကွယ်ပေးခြင်း
နဂါးမောက်သီးမှာပါတဲ့ ဓာတ်တိုးဆန့်ကျင်အာနိသင်ရှိနေတဲ့ ဗီတာမင် C က ကိုယ်ခံအားကိုကောင်းမွန်စေပါတယ်။ နဂါးမောက်သီးမှာ အခြားဓာတ်တိုးဆန့်ကျင်အာနိသင် တွေလည်းပါဝင်နေပါသေးတယ်။ ကာရိုတင်းကကာစီနိုဂျင်တွေကိုတိုက်ဖျက်ပေးပြီး ကင်ဆာကျိတ်တွေကိုသေးစေနိုင်ပါတယ်။ ကိုယ်ခံအားကိုတိုးမြှင့်ပေးနိုင်စွမ်းရှိတာကြောင့် ခဏခဏဖျားနာတာမျိုးလည်း မဖြစ်တော့ပါဘူး။ ကင်ဆာခံစားရနိုင်ခြေကို လျော့ကျစေနိုင်သလိုရာသီအကူးအပြောင်းဖျားနာတာမျိုးမဖြစ်အောင်လည်း လုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။

 

ဘက်တီးရီးယားတွေကို သေစေနိုင်
နဂါးမောက်သီးမှာ မှိုသေစေနိုင်တဲ့ အာနိသင်ရှိသလို ဘက်တီးရီယားတွေကိုလည်းတိုက်ဖျက်ပေးနိုင်ပါတယ်။ သွေးဖြူဥဆဲလ်တွေကိုတိုးပွားစေပြီးအဆိပ်အတောက်ဖြစ်တဲ့အရာတွေကိုဟန့်တားပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာ မှိုပိုးဖြစ်တာတွေဘက်တီးရီးယားကူးစက်တာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။ ဆဲလ်အသစ်တွေဖြစ်ပေါ်အောင်လုပ်ဆောင်ပေးနိုင်ပြီး အနာကျက်မြန်စေမှာဖြစ်သလို ထိခိုက်ဒဏ်ရာတွေကို ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

Read times Last modified on Tuesday, 18 September 2018 12:33
Rate this item
(4 votes)