Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


မက်ခရိုမြန်မာ ကိုဗစ်အလှူ

မက်ခရိုမြန်မာသည် မြန်မာနိုင်ငံတွင် ၎င်း၏ ပထမဆုံးဦးဆုံး လက်ကားအရောင်းဆိုင်ကြီးအား ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ စက်ဆန်းရပ်ကွက်၊ အထက် ပုဇွန်တောင်လမ်းမပေါ်၌ ဧပြီလဆန်းပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီး အရောင်းဧရိယာ (၇,၀၀၀) စတုရန်းမီတာ အကျယ်တွင် လူသုံးကုန်၊ စားသောက်ကုန်များနှင့် သန့်ရှင်းလတ်ဆတ်သော ဟင်းသီးဟင်းရွက်သားငါးများ စသည်အမျိုးအစားပေါင်း ၁၀,၀၀၀ ကျော်ကို ရောင်းချပေးလျက် ရှိပါသည်။

 

အဆိုပါ မက်ခရိုစက်ဆန်း လက်ကားအရောင်းဆိုင်အား မနက် ၇ နာရီမှ ည ၉ နာရီအထိ နေ့စဉ်ဖွင့်လှစ်နေပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းမျဉ်းစည်းကမ်းများကို လိုက်နာ၍ လည်ပတ်လျက်ရှိပါသည်။ ထို့အပြင် ဈေးဝယ်သူများ အဆင်ပြေလွယ်ကူစေရန်အတွက် မက်ခရိုမြန်မာမှ e-commerce website ဖြစ်သည့် www.makroclick.com.mm ကိုလဲ မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါသည်။

 


ထိုင်းနိုင်ငံအခြေစိုက် ဆီယမ်မက်ခရို ကုမ္ပဏီလီမိတက်၏ လက်အောက်ရှိ လူသုံးကုန်၊ စားသောက်ကုန်များကို လက်ကား ရောင်းချပေးနေသည့် မက်ခရိုမြန်မာ (အေရိုကော်မာရှယ်ကုမ္ပဏီလီမိတက်) သည် မြန်မာနိုင်ငံအတွင်း ပြည်သူများ၏ ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေး ကော်မတီ (YCDC) နှင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး စသည်တို့တွင် ရှေ့တန်း မှ ရောဂါကာကွယ်ရေး လုပ်ငန်းဆောင် ရွက်နေကြသူများအတွက် မရှိမဖြစ်လိုအပ်သော ကာကွယ်ရေးပစ္စည်းများ (မျက်နှာဖုံး အကာများ၊ နှာခေါင်း စည်းများ) ၊ သောက်ရေသန့်ဘူးများနှင့် နေ့လယ်စာ ထမင်းဘူးများကို လှူဒါန်းခဲ့ပါသည်။

 


မက်ခရိုမြန်မာသည် မြန်မာနိုင်ငံအတွင်း ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ပြည်သူများ၏ ကျန်းမာရေးကို ကာကွယ်ရန် နှင့်ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် အသုံးပြုရန် နှာခေါင်းစည်း ၆၀,ဝဝဝနှင့် မျက်နှာဖုံးအကာ ၂,၃၉၃ အား ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့လည်းကောင်း၊ နှာခေါင်းစည်း ၃၀,၀၀၀ နှင့် မျက်နှာဖုံးအကာ ၃,၀၀၀ အား ရန်ကုန်မြို့တော် စည်ပင်သာယာေ ရးကော်မတီ၊ ပြည်သူ့ကျန်းမာရေးနှင့် ဈေးကွက်ကော်မရှင်နှင့် တိရိစ္ဆာန်ဆေးကုနှင့် သားသတ်ရုံ များဌာနထံသို့လည်းကောင်း လှူဒါန်းခဲ့ပါသည်။ ထို့အပြင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများနှင့် လူနာများအား ARO သောက်ရေသန့်(၅၅၀ မီလီလီတာ) ဘူး ၆,၀၀၀ နှင့် နေ့လယ်စာထမင်းဘူး ၈၀၀ တို့ကိုလည်း လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။

 


“သင့်အကျိုးစီးပွားအတွက် မိတ်ဆွေကောင်း” ဟူသော မက်ခရို၏ ဆောင်ပုဒ်နှင့်အညီ ကျွန်တော်တို့ မက်ခရိုမြန်မာကနေ ပြည်သူများရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးနိုင်အောင် အမြဲဦးစားပေး လုပ်ဆောင်လျက်ရှိပါတယ်။ ကူးစက်ရောဂါဖြစ်ပွားနေစဉ်ကာလမှာ ကပ်ရောဂါကူးစက်နိုင်ချေ အများဆုံး ဖြစ်နိုင်တဲ့ နေရာတွေမှာ အသက်ကို ရင်းပြီးတော့ ရောဂါကာကွယ်ရေးအတွက် ရှေ့တန်းက လုပ်ဆောင်နေတဲ့ လုပ်သားတွေကို ကျွန်တော်တို့အနေနဲ့ အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ရဲ့ လှူဒါန်းမှုကတော့ ကပ်ရောဂါကို အနီးကပ်ရင်ဆိုင်ပြီး ရောဂါကာကွယ်ရေး လုပ်ငန်းတွေအတွက်လုပ်ဆောင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ နဲ့ ရန်ကုန်မြို့ကြီးကို ပုံမှန်အတိုင်းလည်ပတ်နေဖို့အတွက် လုပ်ဆောင်ပေးနေတဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနမှ ဝန်ထမ်းတွေအတွက် ရောဂါကာကွယ်တဲ့နေရာမှာ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုပေးအပ်ခဲ့ခြင်းဖြစ်ပါတယ်။

 

 

ကျွန်တော်တို့ မက်ခရိုမြန်မာ အနေနဲ့ ကျွန်တော်တို့ရဲ့ စျေးဝယ်သူဖောက်သည် တွေနဲ့ ဒေသခံ အသိုင်းအဝိုင်းရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ကိုအမြဲတမ်း အလေးထား လုပ်ဆောင်နေပါတယ်။” ဟု အေရို ကော်မာရှယ် ကုမ္ပဏီလီမိတက်၏ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ Mr. Saksit Panurach မှ ပြောကြားခဲ့သည်။

Read times Last modified on Friday, 17 July 2020 14:00
Rate this item
(0 votes)