Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


တီလားဗီးယားငါးစားခြင်း၏ အကျိုးကျေးဇူးများ

တီလားဗီးယားငါးဟာ ရေချိုငါးတစ်မျိုးဖြစ်ပြီး မြစ်၊ ချောင်း စသည်တို့တွေထဲမှာရှိတဲ့ မှော်၊ ဒိုက်စတဲ့


ခိုအောင်စရာနေရာတွေမှာ ခိုအောင်းနေတတ်ပါတယ်။ ရေညှိရေမှော်တွေကိုသာ အဓိကအစားအစာ
အဖြစ် စားသုံးကြပါတယ်။


တီလားဗီးယားငါးကို မြန်မာနိုင်ငံမှာ ဆလားဗီယား၊ တလားဗီယား စသဖြင့်
ခေါ်ဝေါ်ကြကာ အမျိုးမျိုး ကြော်ချက်စားသောက်ကြပါတယ်။ တီလားဗီးယား ငါးကို စားပေးခြင်းကြောင့်
အောက်ပါ အကျိုးကျေးဇူးများကို ရရှိစေနိုင်ပါတယ်။

 

Thyroid ဂလင်း လူနာများအတွက် သင့်တော်


တီလားပီးယားငါးကို ပုံမှန်စားသုံးပေးပါက သိုက်ရွိုက်ဂလင်း ရောဂါရင်ဆိုင်နေရတဲ့ လူနာကို ပုံမှန်အခြေ
အနေ ပြန်ရောက်ဖို့ အမြန်ဆုံး စွမ်းဆောင်ပေးပါတယ်။ ဆိုတာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို
ထိန်းချုပ်ပေးတဲ့ ဂလင်းအစိပ်အပိုင်းတစ်ခုဖြစ်ပြီး အချို့မှာ အာဟာရ/ကျန်းမာရေး အခြေအနေ ချို့တဲ့ခြင်း
ကြောင့် ပုံမှန်မဟုတ်တဲ့ လူနာတွေအတွက် အထူးသင့်လျော်ပါတယ်။

 

အရိုးတွေကို သန်မာစေနိုင်တယ်


တီလားဗီးယားငါးမှာ ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ များပြားစွာ ပါဝင်ပါတယ်။ Phosphoru ကဲ့သို့သော
သတ္ထုဓာတ်တစ်မျိုးလည်း ပါဝင်ပြီး စားသုံးသူတွေရဲ့ အရိုးအဆစ်တွေကို သန်မာစေနိုင်ပါတယ်။ Phos-
phoru ဟာ အရိုးတွေကို သန်မာစေရုံသာမက လက်သည်း၊ ခြေသည်း၊ ဆံပင် စသည်တို့ကိုပါ ကောင်းမွန် စေ ပါတယ်။

 

ဦးနှောက်မှတ်ဉာဏ်ကို ကောင်းမွန်စေတယ်


Omega 3 Acids ဓာတ် ကြွယ်ဝစွာပါဝင်တဲ့ တီလားဗီးယားကို နေ့စဉ်စားပေးပါက ကလေးငယ်တွေကို
ဉာဏ်ကောင်းစေပြီး ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေနိုင်ပါတယ်။ အသက်အရွယ် အိုမင်းတဲ့ လူကြီးတွေ
ကိုလည်း နေ့စဉ်ကျွေးသင့်ပြီး မှတ်ဉာဏ်ဆုံးရှုံးခြင်း၊ သူငယ်နာပြန်ခြင်း၊ သတိမေ့ခြင်းတွေကို ကာကွယ်
ပေးနိုင်ပါတယ်။

 

နှလုံးကျန်းမာရေးကို ကောင်းမွန်စေတယ်


Omega 3 Acids ဟာ နှလုံးကျန်းမာရေးကို အထောက်အကူ ပြုနိုင်ပါတယ်။ အထူးသဖြင့် နှလုံးသွေး
ကြောစနစ်ကို ကောင်းမွန်စေပါတယ်။ သွေးတွင်း ကိုလက်စထရောဓာတ်ကို လျှော့ချပေးပြီး၊ သွေးကြော
ပိတ်ခြင်း၊ သွေးခဲခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

 

ကင်ဆာနဲ့ အခြားရောဂါတွေကို ကာကွယ်ပေးနိုင်တယ်


တီလားဗီးယားငါးကို နေ့စဉ်စားသုံးပေးပါက ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်များ ပျံနှံ့ခြင်း၊ ကင်ဆာ
ရောဂါ ဖြစ်ပွားခြင်း အပြင် အခြားရောဂါတွေ ၀င်ရောက်မှုကို ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာရောဂါ
ကို တိုက်ဖြတ်နိုင်တဲ့ ဓာတ်ပြုပစ္စည်းတွေ ပါဝင်သလို၊ နှလုံးရောဂါ ဖြစ်နိုင်ချေကိုလည်း နည်းပါစေပါတယ်။

 

အရွယ်တင်နုပျိုစေတယ်


ဗီတာမင် C, Omega 3 Acids ဓာတ်တွေ ပါဝင်တဲ့ တီလားဗီးယားငါးကို ပုံမှန်စားသုံးပေးပါက အရွယ်
ရင့်ရော်မှု၊ အိုမင်းမြန်မှု၊ အသားအရေတွန့်ခြင်း၊ ဆံပင်ဖြူခြင်း စတာတွေကို လုံးဝ အကာအကွယ်ပေး
နိုင်ပါတယ်။

 

အဆီကျစေတယ်


တီလားဗီးယားငါးဟာ အခြားငါးတွေလိုပဲ ပရိုတိန်းနဲ့ ကယ်လိုရီပမာဏ ပါဝင်မှု အလွန်နည်းပါတယ်။
ဒါကြောင့် ဘေးထွက်ဆိုးကျိုး လုံးဝမရှိသလောက် နည်းပါးလို့ လူတိုင်းနဲ့ သင့်တော်ပါတယ်။ ဗီတာမင်
C, Omega 3 Acids တို့ဟာ သွေးတွင်းနဲ့ ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကိုလက်စထရောနဲ့ ကယ်လိုရီကို
လျှော့ချပေးနိုင်လို့ အဆီကို ကျစေနိုင်ပါတယ်။

 

Read times Last modified on Tuesday, 18 September 2018 13:30
Rate this item
(2 votes)