Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကျွန်ုပ်တို့မသိသေးတဲ့ ကျွန်ုပ်တို့ရဲ့ အစားအစာများ

ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ ဓာတ်ပေါင်းတွေအကြောင်းကို ကျွန်တော်တို့ သတိမထားမိနိုင်တာလည်းဖြစ်နိုင်သလို ကျွန်တော်တို့မသိတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သုတေသီတွေက ၎င်းကို လေ့လာဖို့ နည်းလမ်းတွေနှင့် ကျွန်တော်တို့ရဲ့ ကျန်းမာရေးအတွက် ဘယ်အရာက ပိုပြီး သင့်တော်တယ်ဆိုတာကို ရှာဖွေနေကြပါတယ်။

 

ဓာတုဗေဒပညာရှင်တွေပြောတဲ့ အတိုင်း ကမ္ဘာပေါ်မှာရှိတဲ့ အစားအစာတွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်က တိုက်ရိုက်လေ့လာဖို့ မဖြစ်နိုင်ပါဘူး။ သို့သော် ကျွန်တော်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ ဓာတ်ပေါင်းတွေ ပါ၀င်တဲ့ အစားအစာတွေက ကျွန်တော်တို့ အနားမှာရှိနေပါတယ်။

 

"ကျွန်တော်တို့ရဲ့ အစားအစာတွေက ကျန်းမာရေးအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ ဆိုတာကို ကျွန်တော်တို့က အဓိကအာဟာရအစိတ်အပိုင်း ၁၅၀နဲ့ ကန့်သတ် နားလည်ထားပါတယ်။"

 

"ဒါပေမယ့် ဒီအစားအစာတွေထဲမှာပါဝင်တဲ့ ဇီဝဓါတုဗေဒပစ္စည်းတွေက အနည်းငယ်ပဲရှိပါသေးတယ်။အာဟာရပညာရှင်တွေက အာဟာရချို့တဲ့သော အစားအစာတွေကို ရှာဖွေရန်နှင့် ကျွန်တော်တို့ စားသောက်နေတဲ့ ပန်းကန်ပေါ်မှာရှိတဲ့ စားကြွင်းစားကျန်တွေ၊ဖုန်တွေ စတဲ့အရာတွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပို သတိထားဖို့ အချိန်တန်ပြီ"လို့ Harvard Medical Schoolမှ Albert-László Barabásiက ပြောကြားခဲ့ပါတယ်။

 

အစားအစာက ဇီဝဓာတုဗေဒပညာရပ်ရဲ့ ရှုပ်ထွေးတဲ့ ရောနှောမှုတစ်ခုဖြစ်တယ်လို့ ယူဆဖို့က ခဲယဉ်းပါတယ်။ ပရိုတင်း၊ ဘိုင်ဟိုက်ဒရိတ်နှင့်အဆီ စတဲ့ လူသိများတဲ့ အာဟာရဓာတ်တွေက အလွန်အမင်း ကွဲပြားခြားနားကြပါတယ်။ ဒါ့အပြင် အစားအစာတွေမှာ ဓာတ်သတ္တုများ၊ သတ္တဝါများ၊ ဗီတာမင်များနှင့်အခြားဇီဝဓါတုဗေဒပစ္စည်းတွေက များသောအားဖြင့် အလွန်သေးငယ်သော ပမာဏသာ ပါဝင်ကြသော်လည်း ကျန်းမာရေးဆိုင်ရာ အကျိုးသက်ရောက်မှုတွေရှိနေပါသေးတယ်။

 

ဟင်းသီးဟင်းရွက် အမြောက်အများကို စားသုံးခြင်းရဲ့ အခြားအန္တရာယ်တွေကတော့ အာဟာရချို့တဲ့ခြင်း၊ အစာအိမ်နှင့်အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေပဲ ဖြစ်ပါတယ်။ အမျှင်ဓာတ်က သင့်အတွက် ကောင်းမွန်သော်လည်း ၀မ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်။

 

ဟင်းသီးဟင်းရွက် ဓာတ်မတည့်မှုတွေက အခြားသောဓာတ်မတည့်မှုတွေနဲ့ဆက်စပ်နေပါတယ်။ ဒါကြောင့် သင်က တစ်ခုခုနဲ့မတည့်ဘူးဆိုရင် ဟင်းသီးဟင်းရွက်နဲ့မတည့်တာဖြစ်နိုင်ပါတယ်။ ဟင်းသီးဟင်းရွက်ဓာတ်မတည့်မှုတွေဟာ အတော်အတန်များပါတယ်။  အစားအစာ ဓာတ်မတည့်မှုခံစားနေရသူ ၃၀ မှ ၄၀ ရာခိုင်နှုန်းက ဟင်းသီးဟင်းရွက်နှင့်ဓာတ်မတည့်မှုများ ဖြစ်တယ်လို့ဖော်ပြခဲ့ပါတယ်။

 

တစ်ခါတစ်ရံမှာ ကျွန်တော်တို့ဟာ အစားအစာအကြောင်းနဲ့ပတ်သက်ပြီး ဖတ်ဖူးသမျှကို ယုံကြည်သင့်သလားလို့ တွေးမိပါတယ်။ ၎င်းအတွေးက တုံ့ပြန်မှု တစ်ခုနဲ့တူတယ်လို့ ထင်ရသော်လည်း ၎င်းက ဆင်ခြင်တုံတရားနဲ့ဆိုင်တဲ့ ရပ်တည်ချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ယခုအခါ သိပ္ပံပညာရှင်တွေက အာဟာရဆိုင်ရာ သိပ္ပံပညာက အလွန်အားနည်းနေသေးတာကြောင့် ဟင်းသီးဟင်းရွက် များများစားသုံးခြင်းနှင့်အဆီများများ စားသုံးခြင်းကို ရှောင်ရှားသင့်တယ်ဆိုတဲ့ အကြံဉာဏ်တွေကိုတောင် ယုံကြည်စိတ်ချဖို့က မသေချာသေးပါဘူး။ သာမန်အသိစိတ် အကန့်အသတ်အတွင်းမှာ ကျွန်တော်တို့စားနေတဲ့ အစားအစာတွေက အရေးမကြီးဘူးလို့ဆိုနိုင်ပေမယ့် လောကနိယာမအရ လက်ခံကြရပါတယ်။

 

Ref:NewScientist

Read times
Rate this item
(0 votes)