Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


သင့်နှလုံးကျန်းမာရေးကို အထောက်အကူပြုမည့် ချောကလက်

"ချောကလက် ကြိုက်နှစ်သက်သူတွေက စိတ်ပေါ့ပါးပြီး ပျော်ရွှင်မှုကို ခံစားရစေပါတယ်။ ချိုတဲ့အရာက စိတ်ဝိညာဉ်အတွက် အစားအစာတစ်ခုအနေနဲ့ သာမက နှလုံးအတွက်လည်း အလွန်ကောင်းမွန်ပါတယ်" လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

 

တက္ကဆက်ပြည်နယ်၊ ဟူစတန်ရှိ Baylor College ဆေးတက္ကသိုလ်မှသုတေသနအရ တစ်ပတ်မှာ အနည်းဆုံး ချောကလက် တစ်ကြိမ်စားပေးခြင်းက နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့ကျစေတယ်လို့ ဆိုပါတယ်။

 

"ချောကလက်က နှလုံးသွေးကြောတွေကို ကျန်းမာစေတယ်ဆိုတာ ကျွန်တော်တို့ရဲ့လေ့လာမှုနဲ့ ဖော်ပြပါတယ်"

 

"ချောကလက်ဟာ သွေးပေါင်ချိန်နဲ့ သွေးကြောတွေအတွက် အကျိုးရှိစေတယ်ဆိုတာ လက်တွေ့လေ့လာမှုနဲ့ စမ်းသပ်ခဲ့ပြီး နှလုံး(နှလုံးပတ်သွေးလွှတ်ကြောဆိုင်ရာသွေးကြောများ)ကို ထောက်ပံ့ပေးတဲ့ သွေးကြောတွေကို အကျိုးသက်ရောက်လားဆိုတာနဲ့ တကယ်လို့ အကျိုးသက်ရောက်တယ်ဆိုရင် အဲ့တာက ကောင်းကျိုးလား ဆိုးကျိုးလားဆိုတာ ငါကြည့်ချင်တယ် " လို့ စာရေးသူ ဒေါက်တာ Chayakrit Krittanawong ကပြောကြားခဲ့ပါတယ်။

 

ချောကလက်က နှလုံးသွေးကြောများကို ကျန်းမာစေပြီး နှလုံးရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။ နှလုံးသွေးကြောဆိုင်ရာ ရောဂါ၊နှလုံးသွေးလွှတ်ကြောများ ပိတ်ဆို့ခြင်း နှင့် ချောကလက်ကြား ဆက်နွယ်မှုကို သုတေသီတွေက လွန်ခဲ့တဲ့ ဆယ်စုနှစ်ငါးခုအတွင်း လေ့လာခဲ့ပါတယ်။

 

လေ့လာမှုက ၆မျိုးပါ၀င်ပြီး ၎င်းအတွက် စမ်းသပ်ခံလူ စုစုပေါင်း ၃၃၆,၂၈၉ ယောက်ရှိခဲ့ပါတယ်။

 

နောက် ၉နှစ်အကြာမှာ ၁၄,၀၄၃ ယောက်က သွေးကြောဆိုင်ရာ ရောဂါဖြစ်ပွားခဲ့ပြီး ၄,၆၆၇ ယောက်ကတော့ နှလုံးရောဂါဖြစ်ပွားခဲ့ပါတယ်။

 

ချောကလက်ကို တစ်ပတ်မှာ တစ်ကြိမ်စားခြင်းထက် တစ်ပတ်မှာ တစ်ကြိမ်ထက်မက စားခြင်းက နှလုံးပတ် သွေးလွှတ်ကြောရောဂါ ဖြစ်နိုင်ခြေကို ၈ ရာခိုင်နှုန်းလျော့ကျစေပါတယ်။

 

" ချောကလက်မှာ နှလုံးကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အာဟာရတွေ ပါ၀င်ပါတယ်။ ဥပမာ flavonoids, methylxanthines, polyphenols နဲ့ stearic acid စတာတွေ ပါဝင်ပြီး ကျန်းမာရေးကို အထောက်အကူပြုတယ် "လို့ ဒေါက်တာ Krittanawongက ပြောပြပါတယ်။

 

“ ချောကလက်က နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်ဖို့ အလားအလာကောင်းပေမယ့် ချောကလက် ဘယ်လောက်ပမာဏ စားသင့်တယ်ဆိုတာကို ဖော်ပြနိုင်ဖို့ နောက်ထပ် သုတေသနတွေ လိုအပ်နေပါတယ်။ အလယ်အလတ်ရှိတဲ့ ချောကလက်ပမာဏက နှလုံးပတ်သွေးလွှတ်ကြောဆိုင်ရာသွေးကြောတွေကို ကာကွယ်ပေးတယ် လို့ထင်ရပါတယ်"

 

"ချောကလက်နဲ့ပတ်သက်ပြီး စီးပွားဖြစ် ထုတ်ကုန်တွေအနေနဲ့ကတော့ များသောအားဖြင့် ကယ်လိုရီ၊ သကြား၊ နို့နှင့်အဆီ တွေကြောင့် ဆီးချိုရောဂါနှင့်အဝလွန်သူတွေ အတွက် ပြန်စဉ်းစားရန် လိုအပ်တယ် ”လို့ ဒေါက်တာ Krittanawong ကပြောကြားခဲ့ပါတယ်။

 

Ref:Inews

 

Read times
Rate this item
(0 votes)