Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


မုန့်ဖုတ်ဆော်ဒါ၏ အကျိုးကျေးဇူးများ

Unicode


မုန့်ဖုတ်ဆော်ဒါ၏ အကျိုးကျေးဇူးများ


သွားများကိုဖြူစေခြင်း

သွားတိုက်ဆေး အတော်များများက သွားတွေကို ဖြူစင်စေတယ်လို့ ကြော်ငြာပေမယ့် တကယ်တမ်း အလုပ်ဖြစ်တာaတာ့ နည်းပါတယ်။ ဒါကြောင့်မို့ တစ်ခုစမ်းသပ်ကြည့်သင့်တာက မုန့်ဖုတ်ဆော်ဒါ လွယ်လွယ်ကူကူ ရှိနေတယ်ဆိုရင် သွားတိုက်ကြည့် လိုက်ပါ။

 

ခံတွင်းနံ့ကင်းစေခြင်း

အပြုံးလှလှနဲ့ မွှေးပျံ့တဲ့ခံ တွင်းလိုက်ဖက်ညီစွာရှိစေဖို့အတွက် မုန့်ဖုတ်ဆော်ဒါကို အရည်ဖျော်ပြီး ပက်ပါမင့်ဆီ ဒါမှမဟုတ် ယူကလစ်ဆီ အနည်းငယ်ထည့် ပြီး ခံတွင်းသန့်ဆေးရည် အစားထိုးသုံးစွဲနိုင်ပါတယ်။

 

Alcohol အရက္ခ်က္လုပ္ငန္းေပါင္း ၁၇၇ ခုကိုရွာရန္ႏွိပ္ပါ။

 

ခြေသည်း လက်သည်းများဖြူစေခြင်း

လက်သည်းဖျက်ဆေးနဲ့ လက်သည်းနီတွေ ဖျက်ပေမယ့် လက်သည်းတွေ ဝါကျန်ခဲ့တတ်ပါ တယ်။ မုန့်ဖုတ်ဆော်ဒါနဲ့ ရှာလကာရည်ရောထားတဲ့ အနှစ်ကို လက်သည်း၊ ခြေသည်းမှာသုတ်ပြီး ခဏကြာရင် ဆေးကြောလိုက်တဲ့အခါ အံ့သြစရာရလဒ်ကိုတွေ့မှာပါ။

 

အရွယ်တင်စေခြင်း

သုံးနေကျ မျက်နှာသစ်ဆေးထဲကို မုန့်ဖုတ်ဆော်ဒါလက်ဖက် ရည်ဇွန်းတစ်ဇွန်းထည့်ပြီး မျက်နှာကို သုတ်လိမ်းကာ ညင်သာစွာနှိပ်နယ်ပေးမယ်ဆိုရင် မျက်နှာအရေးအကြောင်းတွေနဲ့ အရေပြားတွဲကျတာတွေကို သက်သာ စေမှာပါ။

 

ခြေထောက်များ သန့်စင်စေခြင်း

ဖိနပ်အပါးတွေ စီးတဲ့အခါ ခြေထောက်တွေမည်းပြီး မလှမပ ဖြစ်နေရင်တော့ ရေခပ်နွေးနွေး တစ်ဇလုံထဲကို မုန့်ဖုတ်ဆော်ဒါ လက်ဖက်ရည်ဇွန်း သုံးဇွန်းလောက်ထည့်ဖျော်ပြီး မိနစ် ၂၀ လောက် စိမ်ထားပေးပြီး ပွတ်ဆေးပေးနိုင်ပါတယ်။

 

ဝက်ခြံပျောက်စေခြင်း

မုန့်ဖုတ်ဆော်ဒါနဲ့ ရှာလကာရည် အနည်းငယ်ရောထားတဲ့အနှစ်ကို ဝက်ခြံဖုပေါ်တင်ထားရင် ဝက်ခြံဖုတွေ ပြားချပ်သွားစေပါတယ်။

 

ကြေးညှော်ကင်းစေခြင်း

ဒူးခေါင်း၊ တံတောင်ဆစ်တွေ မည်းနေရင် မုန့်ဖုတ်ဆော်ဒါနဲ့ နွားနို့အနည်းငယ်ရောပြီး ကြေးချွတ်နိုင်သလို အရေပြားညစ်ထပ် ထပ်ဖြစ်နေရင် ရေချိုးကန်ထဲမှာ မုန့်ဖုတ်ဆော်ဒါ၊ သံပရာရည်နဲ့ သံလွင်ဆီကို အနည်းငယ်စီထည့်ပြီး ရေစိမ်ချိုးပေးမယ်ဆိုရင် အသားအရေ ကြည်စင်ပြီး နုပျိုစေတယ်လို့ ဆိုပါတယ်။

 

ဆံသားအတွက် အားဖြစ်စေခြင်း

မုန့်ဖုတ်ဆော်ဒါကို အနှစ်လုပ်ပြီး ဆံပင်ပေါင်းတင်ပေးရင်လည်း ဦးရေပြားခြောက်ပြီး ယားယံတာတွေ ကင်းစေတဲ့အပြင် ဆံသားတွေကို သန်စွမ်းစေပါတယ်။

 

Read More >>>>>  ပူစီနံရြက္၏ အက်ဳိးေက်းဇူးမ်ား

 

ဘီးနှင့် ဘရပ်ရှ်များ သန့်စင်စေခြင်း

ခေါင်းဖြီးတဲ့ဘီးနဲ့ ဘရပ်ရှ် တွေ ခဏခဏသုံးဖန်များလို့ မသန့်မရှင်းဖြစ်နေရင် မုန့်ဖုတ် ဆော်ဒါအရည်ဖျော်ထားတာနဲ့ မိနစ်အနည်းငယ် စိမ်ပြီးဆေးကြောလို့ ရပါတယ်။

 

Ref: ideadigest

 

 

 

မုန္႔ဖုတ္ေဆာ္ဒါ၏ အက်ဳိးေက်းဇူးမ်ား

 

သြားမ်ားကိုျဖဴေစျခင္း

သြားတုိက္ေဆး အေတာ္မ်ားမ်ားက သြားေတြကို ျဖဴစင္ေစတယ္လုိ႔ ေၾကာ္ျငာေပမယ့္ တကယ္တမ္း အလုပ္ျဖစ္တာaတာ့ နည္းပါတယ္။ ဒါေၾကာင့္မို႔ တစ္ခုစမ္းသပ္ၾကည့္သင့္တာက မုန္႔ဖုတ္ေဆာ္ဒါ လြယ္လြယ္ကူကူ ရွိေနတယ္ဆိုရင္ သြားတုိက္ၾကည့္ လုိက္ပါ။

 

ခံတြင္းနံ႔ကင္းေစျခင္း

အၿပံဳးလွလွနဲ႔ ေမႊးပ်ံ႕တဲ့ခံ တြင္းလုိက္ဖက္ညီစြာရွိေစဖို႔အတြက္ မုန္႔ဖုတ္ေဆာ္ဒါကို အရည္ေဖ်ာ္ၿပီး ပက္ပါမင့္ဆီ ဒါမွမဟုတ္ ယူကလစ္ဆီ အနည္းငယ္ထည့္ ၿပီး ခံတြင္းသန္႔ေဆးရည္ အစားထိုးသုံးစဲြႏုိင္ပါတယ္။

 

Alcohol အရက္ခ်က္လုပ္ငန္းေပါင္း ၁၇၇ ခုကိုရွာရန္ႏွိပ္ပါ။

 

ေျခသည္း လက္သည္းမ်ားျဖဴေစျခင္း

လက္သည္းဖ်က္ေဆးနဲ႔ လက္သည္းနီေတြ ဖ်က္ေပမယ့္ လက္သည္းေတြ ၀ါက်န္ခ့ဲတတ္ပါ တယ္။ မုန္႔ဖုတ္ေဆာ္ဒါနဲ႔ ရွာလကာရည္ေရာထားတဲ့ အႏွစ္ကို လက္သည္း၊ ေျခသည္းမွာသုတ္ၿပီး ခဏၾကာရင္ ေဆးေၾကာလုိက္တဲ့အခါ အံ့ၾသစရာရလဒ္ကိုေတြ႕မွာပါ။

 

အရြယ္တင္ေစျခင္း

သုံးေနက် မ်က္ႏွာသစ္ေဆးထဲကို မုန္႔ဖုတ္ေဆာ္ဒါလက္ဖက္ ရည္ဇြန္းတစ္ဇြန္းထည့္ၿပီး မ်က္ႏွာကို သုတ္လိမ္းကာ ညင္သာစြာႏွိပ္နယ္ေပးမယ္ဆုိရင္ မ်က္ႏွာအေရးအေၾကာင္းေတြနဲ႔ အေရျပားတဲြက်တာေတြကို သက္သာ ေစမွာပါ။

 

ေျခေထာက္မ်ား သန္႔စင္ေစျခင္း

ဖိနပ္အပါးေတြ စီးတဲ့အခါ ေျခေထာက္ေတြမည္းၿပီး မလွမပ ျဖစ္ေနရင္ေတာ့ ေရခပ္ေႏြးေႏြး တစ္ဇလုံထဲကို မုန္႔ဖုတ္ေဆာ္ဒါ လက္ဖက္ရည္ဇြန္း သုံးဇြန္းေလာက္ထည့္ေဖ်ာ္ၿပီး မိနစ္ ၂၀ ေလာက္ စိမ္ထားေပးၿပီး ပြတ္ေဆးေပးႏုိင္ပါတယ္။

 

၀က္ၿခံေပ်ာက္ေစျခင္း

မုန္႔ဖုတ္ေဆာ္ဒါနဲ႔ ရွာလကာရည္ အနည္းငယ္ေရာထားတဲ့အႏွစ္ကို ဝက္ၿခံဖုေပၚတင္ထားရင္ ဝက္ၿခံဖုေတြ ျပားခ်ပ္သြားေစပါတယ္။

 

ေၾကးေညႇာ္ကင္းေစျခင္း

ဒူးေခါင္း၊ တံေတာင္ဆစ္ေတြ မည္းေနရင္ မုန္႔ဖုတ္ေဆာ္ဒါနဲ႔ ႏြားႏုိ႔အနည္းငယ္ေရာၿပီး ေၾကးခြၽတ္ႏုိင္သလို အေရျပားညစ္ထပ္ ထပ္ျဖစ္ေနရင္ ေရခ်ဳိးကန္ထဲမွာ မုန္႔ဖုတ္ေဆာ္ဒါ၊ သံပရာရည္နဲ႔ သံလြင္ဆီကို အနည္းငယ္စီထည့္ၿပီး ေရစိမ္ခ်ဳိးေပးမယ္ဆုိရင္ အသားအေရ ၾကည္စင္ၿပီး ႏုပ်ဳိေစတယ္လုိ႔ ဆုိပါတယ္။

 

ဆံသားအတြက္ အားျဖစ္ေစျခင္း

မုန္႔ဖုတ္ေဆာ္ဒါကို အႏွစ္လုပ္ၿပီး ဆံပင္ေပါင္းတင္ေပးရင္လည္း ဦးေရျပားေျခာက္ၿပီး ယားယံတာေတြ ကင္းေစတဲ့အျပင္ ဆံသားေတြကို သန္စြမ္းေစပါတယ္။

 

Read More >>>>>  ပူစီနံရြက္၏ အက်ဳိးေက်းဇူးမ်ား

 

ဘီးႏွင့္ ဘရပ္ရွ္မ်ား သန္႔စင္ေစျခင္း

ေခါင္းၿဖိီးတဲ့ဘီးနဲ႔ ဘရပ္ရွ္ ေတြ ခဏခဏသုံးဖန္မ်ားလို႔ မသန္႔မရွင္းျဖစ္ေနရင္ မုန္႔ဖုတ္ ေဆာ္ဒါအရည္ေဖ်ာ္ထားတာနဲ႔ မိနစ္အနည္းငယ္ စိမ္ၿပီးေဆးေၾကာလုိ႔ ရပါတယ္။

 

Ref: ideadigest

Read times Last modified on Tuesday, 18 February 2020 17:26
Rate this item
(1 Vote)