Food & Health
နံနံပင်၏ အကျိုးကျေးဇူးများ
နံနံပင်နဲ့ ကျောက်ကပ်ကုနိုင်ပါတယ်။ ဒါကတော့ အိန္ဒိယကနေ အာရှအထိ ပျံ့ နှံ့လာတဲ့ သဘာဝဆေးနည်းဖြစ်ပြီး နိုင်ငံတကာ ဆေးပညာရှင်များပါ လက်ခံအသုံးပြုနေပြီ ဖြစ်တယ်လို့ သိရပါတယ်။
ကျောက်ကပ်က ခန္ဓာကိုယ်တွင်း သွေးထဲက အညစ်အကြေး၊ ဆား၊ စွန့်ပစ်ပစ္စည်း၊ အဆိပ်အတောက်အားလုံးကို စွန့်ထုတ်ပေးပါတယ်။ သန့်စင်ပေးပါတယ်။ မိမိ စားသုံးသမျှ၊ အစားအစာ၊ သောက်ရေကအစ ပါဝင် သမျှသော မလိုအပ်တဲ့ ဓာတ်များကို ကျောက်ကပ်မှ ဖယ်ထုတ်ပေးပါတယ်။ လူစဖြစ်ကတည်းက ယနေ့ အသက်ရှင်တဲ့ အချိန်အထိ မနားမနေ အလုပ်လုပ်နေရပြီး အထူးဂရုစိုက်ရန် လိုအပ်ပါတယ်။
ဂရုစိုက်ဖို့ဆိုတာ ကျောက်ကပ်ကို သန့်ရှင်းနေစေဖို့ ဖြစ်ပါတယ်။ ယနေ့ အမျိုးသမီးရော၊ အမျိုးသားပါ ကျောက်ကပ်နဲ့ ဆက်စပ်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်လာပါတယ်။ အဓိက ကတော့ ရေဓာတ် လျော့နည်းမှု၊ အစားအသောက် မသန့်ရှင်းမှု၊ ဆီးလမ်းကြောင်း ပိုးဝင်မှုတို့ကြောင့် ဖြစ်ပြီး ဒါတွေကို မဖြစ်အောင်၊ ဖြစ်ရင်လည်း ကုသရအောင် နည်းလမ်းပေါင်းများစွာ ပေါ်လာပါတယ်။
ခွဲစိတ်ကုသစရိတ်စကလည်း မနည်းပါဘူး။ ဆေးလည်း ဈေးကြီးပါတယ်။ ဒါကြောင့် ဘယ်ရောဂါမဆို မဖြစ်လေ ကောင်းလေပဲမို့ ကျောက်ကပ်ရောဂါ မဖြစ်အောင် လူတိုင်း လုပ်နိုင်တဲ့ နည်းလမ်း ရှိပါတယ်။ မြန်မာငွေကျပ် တစ်ထောင်ထက် ပိုမကုန်ပါဘူး။
နံနံ သို့မဟုတ် ရိုးရိုးနံနံ ၁၀ ပင်မှ အပင် ၁၅ပင် ကြားကိုပဲ နုတ်နုတ်ဆင်းပြီး ရေတစ်ခွက်စာ ဖြည့်ထားတဲ့ ရေနွေးအိုးထဲထည့် ၁၀ မိနစ်လောက် ကြိုချက်ပေးရပါမယ်။ ရလာတဲ့ အရည်မှ နံနံရွက်များကို စစ်ထုတ်ပြီး ပြုတ်ရည်တစ်ခွက်ကို အအေးခံပြီး သောက်ရပါတယ်။
ကျောက်ကပ်ရောဂါရှိသူများ၊ ရှိရန်အစပျိုးသူများအနေနဲ့ နေ့စဉ် သောက်သုံးသင့်ပြီး ကာကွယ်လိုသူများအတွက် တစ်ပတ် တစ်ကြိမ် သို့မဟုတ် ၁ဝ ရက် တစ်ကြိမ်လောက် ပုံမှန်စွဲသောက်ခြင်းဖြင့် ကျောက်ကပ်အမြဲ သန့်ရှင်းနေစေမယ့်လို့ ဆိုထားပါတယ်။
အိန္ဒိယဆေးနည်းအတိုင်းဆိုရင် နံနံရဲ့  သစ်ဥ၊ အမြစ်ကိုပါ ထည့်ပြုတ်ရပါတယ်။ သို့ပေမယ့် နိုင်ငံတကာမှာတော့ အရွက်ကို ထည့်ပြုတ်ရုံနဲ့ လုံလောက်ပါတယ်။
နံနံပင်ကလည်း ဘယ်နေရာမှာမဆို အလွယ်တကူ ရရှိနိုင်တဲ့အတွက် ဈေးသက်သက်သာသာနဲ့ ကျောက်ကပ်ရောဂါ ကာကွယ်နိုင်အောင် ကုသနိုင်အောင် မျှဝေလိုက်ရပါတယ်။
Ref: medic-fact, wiki
International news for myanmar



