Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ကျန်းမာရေးအတွက် ဘယ်လိုရွေးချယ် စားသုံးသင့်သလဲ။

WHO/Europeက COVID-19မှာ self-quarantine ပြုလုပ်နေစဉ်အတွင်း ဘယ်လိုအစားစာတွေ စားသုံးသင့်လဲဆိုတာကို လမ်းညွှန်ချက် အသစ်တစ်ခုထုတ်ပြန်ခဲ့ပါတယ်။ ၎င်းလမ်းညွှန်ချက်မှာ ကိုယ်ခံအားစနစ် ကြံ့ခိုင်စေရန် အာဟာရနှင့်ပတ်သက်တဲ့ အဖိုးတန်အချက်အလက်တွေ ပါဝင်နေပါတယ်။

 

လူတစ်ဦးက ရှားပါးတဲ့ ပါဝင်ပစ္စည်းတွေနဲ့အတူ ကျန်းမာရေးကောင်းစေမယ့် အစားအစာတွေကို စားသုံးသင့်ပါတယ်။

 

COVID-19 ကူးစက်ပျံ့နှံ့မှုကို အစိုးရတွေအနေနဲ့ ပိုထိရောက်အောင် ဆောင်ရွက်နေစဉ်မှာ စီးပွားရေးလုပ်ငန်းတွေက ယာယီပိတ်ထားရပြီး လူတွေအကြား ရောဂါအသစ်နှင့်ပတ်သက်တဲ့ သတင်းများနှင့်ပြည့်နှက်နေပါတယ်။ အချို့နိုင်ငံတွေမှာ စားသောက်ဆိုင်များနှင့်သယ်ယူပို့ဆောင်ခြင်းဆိုင်ရာ လုပ်ငန်းများက ကန့်သတ်ချက်တွေနဲ့ရင်ဆိုင်နေရပြီး စူပါမားကက်ရှိ အချို့ပစ္စည်းတွေက ပြတ်လပ်မှုများ ရှိနေပါတယ်။

 

အသစ်ထုတ်ဝေသော WHO/Europeရဲ့ အစာအာဟာရလမ်းညွှန်က ပါဝင်ပစ္စည်းတွေကို ၀ယ်ယူစဉ်မှာ ဘယ်လိုတွေဝယ်သင့်သလဲ၊ အန္တရာယ်ကင်းတဲ့ အစားအစာတွေကို ဘယ်လိုကိုင်တွယ်ရမလဲနည်းနှင့် ဆား၊ သကြားနှင့် အဆီစားသုံးမှုကို လျော့ပေါ့ရမယ်လို့ ရှင်းပြထားပါတယ်။

 

self-quarantineစဉ် အတွင်း ကျန်းမာနေဖို့ အာဟာရပြည့်ဝနေဖို့က တစ်ခုတည်းသော အချက်မဟုတ်ပါဘူး။ အကောင်းဆုံးကျန်းမာရေး အခြေအနေကို ပိုင်ဆိုင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာတက်ကြွစွာနေရန်လည်း လိုအပ်ပါတယ်။ အိမ်မှာ နေစဉ် ကာယလှုပ်ရှားမှုများနှင့်နေထိုင်ရန်နှင့် လူတွေကိုကူညီရန် WHO/Europeက သီးသန့်ထိန်းသိမ်းထားတဲ့ Lockdownကာလများအတွက် အခြေခံလေ့ကျင့်ခန်းဥပမာများ ပါ၀င်တဲ့ လမ်းညွှန်ချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

 

အလွန်အကျွံဝယ်ယူမှုတွေကို WHO/Europeတစ်ခုလုံးမှာ တွေ့ရှိရသည်။ ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ဝယ်ယူတဲ့အပြုအမူတွေက စားနပ်ရိက္ခာ စျေးနှုန်းများမြင့်တက်ခြင်း၊ စားသုံးမှု အလွန်အကျွံဖြစ်ခြင်းနှင့်ထုတ်ကုန်များ မညီမျှဖြန့်ဖြူးခြင်း စသည့်ဆိုးကျိုးများဖြစ်ပေါ်စေနိုင်သည်။ ဒါ့ကြောင့် သင်ရဲ့လိုအပ်ချက်များနှင့် အခြားသူတွေရဲ့ လိုအပ်ချက်များကို ထည့်သွင်း စဉ်းစားရန်အရေးကြီးပါတယ်။

 

လတ်ဆတ်သော ပါဝင်ပစ္စည်းများနှင့်သက်တမ်းတိုတောင်းသော အစားအစာများကို အရင်စားသုံးပါ။ အထူးသဖြင့် အေးခဲနေသော သစ်သီးများနှင့်ဟင်းသီးဟင်းရွက်များကို အချိန်ကာလကြာရှည်စွာ သိုလှောင်ထားပြီး လတ်ဆတ်သောအစားအစာများနှင့်အတူစားသုံးခြင်းက အာဟာရဓာတ်ကို အပြည့်အဝရရှိနိုင်ပါသေးတယ်။

 

အစားအစာဖြန့်ဝေခြင်းနှင့်သယ်ယူပို့ဆောင်ရေးအတွက် အစားအစာကိုအပူချိန် (၅ ဒီဂရီစင်တီဂရိတ်ထက် ၆၀ ဒီဂရီစင်တီဂရိတ်အထက်) တွင်ထားရန် အရေးကြီးပါတယ်။

 

သင် ကိုယ်တိုင်နှင့်အခြားသူများအတွက် အစားအစာကို ပြင်ဆင်တဲ့ အခါ အစားအစာညစ်ညမ်းမှုနှင့် အစားအစာကြောင့်ဖြစ်တဲ့ ရောဂါတွေကို ရှောင်ရှားနိုင်ရန်အတွက် အစာအာဟာရသန့်ရှင်းရေး လုပ်ထုံးလုပ်နည်းတွေကို လိုက်နာဖို့လည်း အရေးကြီးပါတယ်။ ကောင်းမွန်တဲ့ အစာအာဟာရသန့်ရှင်းမှုရဲ့ အဓိကအခြေခံမူများကတော့

 

သင်ရဲ့ လက်များ၊ မီးဖိုချောင်နှင့်အသုံးအဆောင်ပစ္စည်းများအားသန့်ရှင်းစွာထားပါ။

 

ကုန်ကြမ်းနှင့်ချက်ပြုတ်ထားသော အစားအစာများကို နှိုက်နှိုက်ချွတ်ချွတ်ဆေးကြောပြီး ချက်ပြုတ်သင့်ပါတယ်။

 

သင်ရဲ့အစားအစာကို အနဲဆုံး၅ ဒီဂရီစင်တီဂရိတ်အောက် အပူချိန်မှာ လုံလုံခြုံခြုံ သိုလှောင်သင့်ပါတယ်။ ဒါ့အပြင် သန့်ရှင်းသောရေနှင့် လုံခြုံစိတ်ချရသော ကုန်ကြမ်းများကိုအသုံးပြုပါ။

 

Source:Euro.Who.Int

Read times
Rate this item
(0 votes)