Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


နိုင်ငံအလိုက် အရက် သောက်သုံးသည့် ပမာဏများ

အရက်သည် ရှေးအကျဆုံး စိတ်အပန်းဖြေသည့်အရာများထဲတွင် ပါဝင်သည်။


နိုင်ငံများအကြား အရက်သောက်သုံးသည့် ပမာဏ မတူကြချေ။

အရက်သောက်သည့် ရေချိန်၊ သောက်သုံးသည့် အရက်အမျိုးအစားတို့လည်း ကွာခြားကြသည်။ ဒေသထွက် သစ်သီးများနှင့် ကောက်နှံများကို အသုံးပြုပြီး အရက်ချက်ကြသဖြင့် ထွက်ရှိသည့် သစ်သီးများနှင့် ကောက်နှံများ အမျိုးအစားအရ အသောက်များကြသည့် အရက်အမျိုးအစား ကွာခြားကြသည်ကို တွေ့ရမည် ဖြစ်သည်။

အချို့ ယဉ်ကျေးမှုတို့တွင် ထုံးတမ်းဓလေ့အရ အရက်ကို သောက်သုံးကြသည်။ အချို့ ယဉ်ကျေးမှုတို့တွင် အရက်သည် စိတ်အပန်းဖြေရန်အတွက် သောက်ကြသည့်အရာ ဖြစ်သည်။ အချို့ ယဉ်ကျေးမှုတို့တွင် အရက်သောက်ခြင်းကို တားမြစ်ထားသည်။

နိုင်ငံ စီးပွားနှင့် လူနေမှုဘဝများကလည်း အရက်သောက်သုံးသည့် နှုန်းနှင့် အရက်အမျိုးအစားတို့ ရွေးချယ်ပုံအပေါ် သက်ရောက်မှုများ ရှိနေသည်။

ပျမ်းမျှအားဖြင့် တစ်ဉီးချင်းသောက်သုံးသည့်ပမာဏကို နိုင်ငံအလိုက် visualcapitalist.com တွင် တင်ပြထားသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ၂၀၁၉ ခုနှစ်အတွက် ကောက်ခံရရှိသော အချက်အလက်များဖြစ်ပြီး အရက်ချည်းသက်သက် သောက်သုံးသည့် လီတာပမာဏကို ဖော်ပြထားခြင်း ဖြစ်သည်။

 

alchohol.jpg

 

ပျမ်းမျှတစ်ဉီးချင်းအရ အရက်သောက်သုံးသည့် ပမာဏတွင် ဥရောပနိုင်ငံများက ထိပ်တန်း ၁၀ စာရင်းတွင် အများဆုံး ပါဝင်ထားသည်။ ဥရောပ ယဉ်ကျေးမှုသည် အရက်သောက်ခြင်းကို အပြစ်မဆိုသည့်အပြင် ဓလေ့ထုံးတမ်းအဖြစ် သောက်သုံးကြသည့်အတွက်ကြောင့် ထိပ်တန်း ၁၀ တွင် ဥရောပနိုင်ငံများ အများဆုံး ပါဝင်နေခြင်း ဖြစ်သည်။ ၁၀ နိုင်ငံတွင် ၈ နိုင်ငံသည် ဥရောပနိုင်ငံများ ဖြစ်သည်။

 

alchohol_least.jpg

 

အရက်သောက်သည့် ပမာဏ အနည်းဆုံး နိုင်ငံများမှာ ဘင်္ဂလားဒေ့ရှ်၊ ဆော်ဒီအာရေဗျ၊ ကူဝိတ် အစရှိသော် မွတ်ဆလင် နိုင်ငံများ ဖြစ်ကြသည်။ ဘာသာရေးက အရက်သောက်ခြင်းကို တားမြစ်ထားသည်။

 

alchohol_myanmar.jpg

 

မြန်မာနိုင်ငံတွင် ပျမ်းမျှတစ်ဉီးချင်းအရ အရက်သောက်သုံးသည့် ပမာဏမှာ ၂.၀၆ လီတာ ဖြစ်ပါသည်။

 

 

Read times
Rate this item
(1 Vote)