Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


စားသုံးရန်မသင့်သော စားသောက်ကုန် ၃၇ ခု FDA အသိပေးကြေညာ

စားသုံးရန်မသင့်သော စားသောက်ကုန် ၃၇ ခု FDA အသိပေးကြေညာ

စားသုံးရန်မသင့်သော စားသောက်ကုန် ၃၇ ခုစာရင်းကို FDA က အသိပေးကြေညာ ထားသည်ကို ဖော်ပြအပ်ပါသည်။ စာရင်းကို အောက်ဆုံးတွင် အပြည့်အစုံ ဖော်ပြပေးထားပါသည်။


အစားအသောက်များနှင့်ပတ်သက်၍ အများပြည်သူသိရှိရန် အသိပေးကြေညာချက်

 

ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသည် အရည်အသွေး စစ်မှန်ကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းရှင်းသော အစားအသောက်များကို အများပြည်သူတို့ စားသုံး နိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

 

ဈေးကွက်များတွင် ရောင်းချလျက်ရှိသော အစားအသောက်များကို ဈေးများ၊ ကျောင်းမုန့် ဈေးတန်းများမှ ဝယ်ယူစစ်ဆေးရာ အောက်ဖော်ပြပါ အစားအသောက်များ၌ စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ခွင့်မပြု တာရှည်ခံ ဓာတုပစ္စည်းများခွင့်မပြုဆိုးဆေးများ ပါဝင် မှုနှင့် ခွင့်ပြုအစားအသောက်ထပ်ဖြည့်ပစ္စည်းများအား သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန် သုံးစွဲ ထားသည်တို့ကြောင့် အစားအသောက်များကို ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ် များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသဖြင့် ယခုဖော်ပြထားသော အစား အသောက်များကို နောက်ထပ်ကြေညာချက် ထုတ်ပြန်သည်အထိ စားသုံးခြင်းမပြုရန် အသိပေး အပ်ပါသည်။

 

အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူး၊ ရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများကို လုံးဝအသုံးမပြုရန်၊ ခွင့်ပြုအစား အသောက်ထပ်ဖြည့်ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်းသာ အသုံးပြုရန်နှင့် လိုက်နာ ဆောင်ရွက်ခြင်းမရှိပါက အမျိုးသားအစားအသောက် ဥပဒေပုဒ်မ ၂၈ (က) အရ အရေးယူမည်ဖြစ် ကြောင်း အသိပေးအပ်ပါသည်။

 

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန

ကျန်းမာရေးဝန်ကြီးဌာန

 

Read times
Rate this item
(0 votes)