Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


အာရုံခံကိရိယာက ပြောပြမယ့် သင့်ရဲ့ထုတ်ကုန်များအကြောင်း

MIT မှသုတေသီများက အပင်နှင့်ဟင်းသီးဟင်းရွက်များ ပျက်စီးမယ့် အချိန်ကို ခန့်မှန်းဆုံးဖြတ်ရန်အတွက် စက်ရုံဟော်မုန်းဖြစ်တဲ့ Ethylene ကို စစ်ဆေးနိုင်တဲ့ အာရုံခံကိရိယာတစ်ခုကို တီထွင်ခဲ့ကြပါတယ်။

 

“ Ethyleneဟာ သဘာဝအလျှောက် သူ့ကိုယ်သူ ဘယ်လိုထိန်းညှိတယ်ဆိုတာ အဓိကအရေးပါတဲ့ အပိုင်းဖြစ်တယ်။" လို့ MacArthur နှင့် ACS ဗဟိုသိပ္ပံတွင် ပုံနှိပ်ထုတ်ဝေရာမှာ လေ့လာမှုရဲ့ အဓိကရေးသားသူ MIT မှ ဓာတုဗေဒပါမောက္ခ ဂျွန်ဒီက ပြောကြားခဲ့ပါတယ်။Ethyleneက သစ်ပင်များကိုသစ်ရွက်များဆုံးရှုံးစေခြင်း၊ ပန်းပွင့်ခြင်းများကိုဖြစ်ပေါ်စေပြီး အာလူးပင်များ ပေါက်ခြင်းကို တားဆီးရာတွင်အသုံးပြုနိုင်ပါတယ်။ အခြေခံအားဖြင့် ၎င်းသည် အစားအစာအတွက် အဓိကဓာတ်ငွေ့ဖြစ်သည်။ Ethyleneကို ယုံကြည်စိတ်ချစွာ အာရုံခံနိုင်တဲ့ စီးပွားဖြစ်အာရုံခံကိရိယာမရှိသေးပါဘူး။

 

အာရုံခံကိရိယာအသစ်ကို ကာဗွန်နာနိုပြွန်များနှင့် ပါလာဒီယမ် လို့ခေါ်တဲ့ သတ္တုဓာတ်ကူပစ္စည်းနဲ့ ဖွဲ့စည်းထားပြီး ၎င်းလုပ်ငန်းစဉ်ကတော့ ပယ်လေဒီယမ်ဟာ ကာဗွန်နာနိုပြွန်များသို့ဖြတ်သွားသော အီလက်ထရွန်များကို ယာယီစုဆောင်းထားပါတယ်။ လက်ရှိ စီးဆင်းမှု၊ပြောင်းလဲမှုကို တိုင်းတာခြင်းအားဖြင့် သုတေသီများက Ethylene ရဲ့ တည်ရှိမှုကိုသိရှိနိုင်ပါတယ်။

 

ဥပမာ ကုန်စုံဆိုင်ပိုင်ရှင်များက ကုန်ပစ္စည်း သိုလှောင်ရုံအတွင်းသို့ ၀ င်ရောက်လာသော ပစ္စည်းများကို အကဲဖြတ်ရန်၊ သိုလှောင်မှုသက်တမ်းအလိုက် ဈေးနှုန်းပြန်လည်သတ်မှတ်ရန် အာရုံခံကိရိယာကိုအသုံးပြုနိုင်ပါတယ်။အိမ်မှာ လူတစ်ဦးချင်းက သူတို့ရဲ့ ရေခဲသေတ္တာထဲမှာ ၎င်းအာရုံခံကိရိယာကို ထားရှိနိုင်ပါတယ်။၎င်းစက်က သစ်သီးတစ်လုံး အလွန်မှည့်တဲ့ အချိန်မှာ စားသုံးရန်သတိပေးမှာဖြစ်ပါတယ်။

 

MIT ရဲ့ Ethylene သုတေသနမှထုတ်လုပ်သော နည်းပညာက အာရုံခံကိရိယာများစွာကို ထုတ်လုပ်သည့် C2 Sense ကို လိုင်စင်ချထားပြီးဖြစ်ပါတယ်။ဈေးကွက်မှာ [အလုပ်လုပ်သော] Ethylene အာရုံခံကိရိယာများ မရှိတာကြောင့် ဝယ်လိုအားကို ဖန်တီးရန် အချိန်ယူရမှာ ဖြစ်ပါတယ်။ ဤဖွံ့ဖြိုးတိုးတက်မှုရဲ့ ရလဒ်အဆင့်ကို ဆကလက်တွန်းအားပေးရန်အရေးကြီးပါတယ်။

 

အာရုံခံကိရိယာများကို စီးပွားဖြစ်ရောင်းချနိင်တဲ့ အခါမှာ ၎င်းပစ္စည်းတွေကို အိမ်များ၊ စတိုးဆိုင်များနှင့်အစားအစာထောက်ပံ့ရေး ကွင်းဆက်တစ်လျှောက်ရှိ အစားအစာ စွန့်ပစ်ပစ္စည်းများကို လျှော့ချရန်ကူညီနိုင်မှာပဲ ဖြစ်ပါတယ်။

Ref:IFT Next

Read times Last modified on Friday, 17 July 2020 14:01
Rate this item
(0 votes)