Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ပလတ်စတစ်တံဆိပ် မကပ်ရတော့သော်လည်း ပြိုင်ဘက်များကို Jeju Samdasoo အသာရ

ပလတ်စတစ်တံဆိပ် မကပ်ရတော့သော်လည်း  ပြိုင်ဘက်များကို Jeju Samdasoo အသာရ

 

ယမန်နှစ် ဇူလိုင်လတွင် တောင်ကိုရီးယားမှာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစည်းကမ်းများ ပိုမိုတင်းကျပ်ခဲ့ရာ၌ ကုမ္ပဏီများသည် ပလတ်စတစ်တံဆိပ်များကို ဘူးခွံပေါ်တွင် ကပ်ခွင့်မရကြတော့သည့်နောက်တွင် တောင်ကိုရီးယား ဘူးသွပ်သောက်ရေသန့်  brand ဖြစ်သော Jeju Samdasoo သည် ဈေးကွက်ဝေစု ချဲ့ထွင်နိုင်ခဲ့ပြီး ပြိုင်ဘက်များထက် အသာရကာ ထိပ်တန်း ဘူးသွပ်သောက်ရေသန့် brand ဖြစ်လာခဲ့ပါသည်ဟု ဈေးကွက်သုတေသနလုပ်ငန်း Nielson Korea က ပြောကြားသည်။

Jeju Samdasoo သည် တောင်ကိုရီးယား၏ အရောင်းရဆုံး သောက်ရေသန့်အဖြစ် ဈေးကွက်ဝေစု ၄၂% ကျော်ကို ရရှိထားပါသည်။ 

 

၂၀၂၁ ပထမ ၃လပတ်တွင် Jeju Samdasoo သည် ရှယ်ယာဝေစု ၄၂.၂% အထိ ရောက်ရှိခဲ့ပြီး ဒုတိယနှင့် တတိယ ၃လပတ်အသီးသီးတွင် ၀.၁% စီ လျော့ကျခဲ့ပြီးနောက် စတုတ္ထ ၃ လပတ်တွင် ၄၄.၄% သို့ ပြန်လည်မြင့်တက်ခဲ့သည်။ ဂေဟမိတ်ဖက်ကျသော လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးခဲ့ပြီးသည့်နောက်ပိုင်း ယခုလိုဈေးကွက်ဝေစု မြင့်တက်ခဲ့ခြင်း ဖြစ်သည်ဟု Nielson Korea က ပြောကြားသည်။

 

“ဘူးခွံပေါ်မှ  brand နာမည်နဲ့ တံဆိပ် ဖော်ပြထားတဲ့ ပလတ်စတစ် မပါတော့တာကြောင့်  လူသိနည်းတဲ့ လုပ်ငန်းတွေအတွက် အကျိုးရှိနိုင်တယ်လို့ တချို့က ခန့်မှန်းခဲ့ကြပေမဲ့ လက်တွေ့ရလဒ်က ထင်ကြေးရဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါတယ်။ သောက်သုံးသူတွေက ဈေးကွက်ဝေစု ပိုများတဲ့ brand ကိုပဲ ပိုမို ရွေးချယ်ကြပါတယ်"  Jeju Samdasoo မှ တာဝန်ရှိပုဂ္ဂိုလ်က ပြောကြားသည်။ 

 

တောင်ကိုရီးယား ဘူးသွပ်သောက်ရေသန့် ဈေးကွက်တွင် နံပါတ်(၂)နေရာတွင် ရှိနေသည့် brand မှာ Icis ဖြစ်ပြီး ၂၀၂၁ ပထမ ၃ လပတ်တွင် ဈေးကွက်ဝေစု ၁၃.၁ % ရရှိခဲ့ပြီး ယခုနှစ် ပထမ ၃ လပတ်တွင် ၁၂.၅% သို့ ကျဆင်းခဲ့သည်။ Jeju Samdasoo ကို အမီမလိုက်နိုင်တော့ချေ။ 

တောင်ကိုရီးယား ဘူးသွပ်သောက်ရေသန့် ဈေးကွက်တွင် နံပါတ်(၃)နေရာတွင် ရှိနေသည့် brand မှာ Baeksansoo ဖြစ်ပြီး  ၂၀၂၁ ပထမ ၃ လပတ်တွင် ဈေးကွက်ဝေစု ၇.၉ % ရရှိခဲ့ပြီး ယခုနှစ် ပထမ ၃ လပတ်တွင် ၇.၄% သို့ ကျဆင်းခဲ့သည်။

 

စားသုံးသူများသည် ၎င်းတို့သောက်ဖူးသည့် ရေအမှတ်တံဆိပ် တစ်ခုတည်းကို စွဲမြဲနေသည့် သဘောထားကို ပြသခဲ့ကြသည်။ သို့ဖြစ်ရာ စစချင်းတွင် ဈေးသက်သာသည့် သောက်ရေသန့် brand ကို ရွေးချယ်ခဲ့ပါက ၎င်းbrand ကို စွဲစွဲမြဲမြဲ ဆက်သောက်ဖြစ်နေကြသည်ကို တွေ့ရသည်။ 

 

တောင်ကိုရီးယား ဘူးသွပ်သောက်ရေသန့် ဈေးကွက်ပမာဏမှာ ၂၀၁၀ တွင် ဝမ် သန်း ၄၀၀  ($307.5 သန်း) ရှိခဲ့ပြီး ဆက်လက်ကြီးထွားလျက်ရှိရာ ၂၀၂၃ တွင် ဝမ် ၂.၃ ထရီလီယံသို့ ရောက်ရှိမည်ဟု မျှော်မှန်းထားပါသည်။ 

#MyanmarFoodGuide
Telegram Channel
https://t.me/Guid4U

Read times
Rate this item
(0 votes)