Food & Health

×

Warning

JUser: :_load: Unable to load user with ID: 540


ဆေးထိုးကြက်သားများရဲ့ အန္တရာယ်

Unicode ျဖင့္ဖတ္ရန္


ဆေးထိုးကြက်သားများရဲ့ အန္တရာယ်

ကြက်သားဟာ အရသာရှိရုံတင်မကပဲ အခြားအသားတွေနဲ့ ယှဉ်ရင် ကျန်းမာရေးနဲ့ အတော်ညီညွတ်ပါတယ်။

 

သို့သော်လည်း ကြက်သားစားတဲ့သူတွေဟာ ကြက်သားချက်ဖို့ ပြန်စဉ်းစားဖို့ လိုကောင်းလိုပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ကြက်သားစားသုံးခြင်းဟာ ဆေးများထိုးထားမလားဆိုပြီး အန္တရာယ်ရှိလို့ပါပဲ။

 

Read More >>>>>  လူ႕ခႏၶာကုိယ္​စြမ္းအင္အတြက္​ စားပါ ​ေ႐ွာင္​ပါ

 

ကြက်သားရဲ့ ကောင်းကျိုးများ

ကြက်သားစားခြင်းဟာ ကြွက်သားတွေကို သန်မာစေခြင်း၊ ကျန်းမာစေခြင်း၊ ကိုယ်ခံအားမြှင့်တင်ပေးခြင်း၊ နှလုံးကျန်းမာရေး ကောင်းမွန်စေခြင်း (သို့) သွေးဆုံးကိုင် လက္ခဏာတွေကို လျော့ကျစေခြင်း အစရှိတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ အများကြီး ရှိပါတယ်။
ဒါ့ပြင် သေချာချက်ပြုတ်ရင် ကြက်သားဟာ အလွန်အရသာ ရှိပါတယ်။ ဒါ့ကြောင့် ကြက်သားစျေးကွက်ဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စပြီး သိသိသာသာ မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။
သို့သော်လည်း ကြက်သားစျေးကွက်မြင့်တက်လာခြင်းကပဲ မလိုလားအပ်တဲ့ သေစေလောက်တဲ့ ဆိုးကျိုးတွေကို ဖြစ်ပေါ်စေပါတယ်။ အဓိကအားဖြင့် အလယ်အလတ် (သို့) ကြီးမားတဲ့ ကြက်ခြံတွေမှာ ပိုးသတ်ဆေးတွေကို အလွန်အကျွံ သုံးစွဲလို့ပဲ ဖြစ်ပါတယ်။

 

ကြက်သားစားခြင်းကြောင့် ဖြစ်နိုင်တဲ့ ဆိုးကျိုးများ

သိပ္ပံပညာရှင်တွေက လယ်သမားတွေဟာ ငှက်တွေကို ပိုမိုကြီးထွားလာဖို့၊ ဖျားနာမှု အမျိုးမျိုးကနေ ကာကွယ်နိုင်ဖို့နဲ့ ဝလာစေဖို့အတွက် ပိုးသတ်ဆေးတွေ ထိုးလေ့ရှိတယ်လို့ ဆိုပါတယ်။ ဥပဒေက ခွင့်ပြုထားတာနဲ့အညီ အသုံးပြုတဲ့ ပိုးသတ်ဆေးပမာဏနဲ့ အမျိုးအစားဟာ တိကျသေချာသင့်ပါတယ်။ သို့သော်လည်း ကြက်ခြံပိုင်ရှင်တွေဟာ အမြတ်ပိုလိုချင်တာကြောင့် ကြက်တွေကို ဆေးအမျိုးအစားများများကို ပမာဏမြင့်မြင့် ထိုးတတ်ကြပါတယ်။ ဒီအပြုအမူကတော့ လူသားတွေရဲ့ ကျန်းမာရေးအတွက် အန္တရာယ်ရှိစေနိုင်ပါတယ်။

 

ဆေးဒဏ်ခံနိုင်တဲ့ ပိုးမွှားများ

ပိုးသတ်ဆေး အလွန်အကျွံထိုးထားတဲ့ ကြက်တွေဟာ ဘာဆေးကိုမဆို မတိုးတော့တဲ့ အသက်ရှင်နိုင်တဲ့ ဘက်တီးရီးယားပိုးဖြစ်တဲ့ ‘super bugs”တွေကို ဖန်တီးလိုက်ပါတယ်။ တခြားစကားနဲ့ ပြောရရင် ဒီပိုးမွှားတွေဟာ ဖျားနေတဲ့လူတွေကို ဘယ်ပိုးသတ်ဆေးကိုမဆို ခံနိုင်ရည်ရှိအောင် လုပ်လိုက်ပါတယ်။ ဒါ့ကြောင့် ဘယ်ပိုးသတ်ဆေးကမှ အလုပ်မလုပ်တော့တာကြောင့် ပုံမှန်အအေးမိခြင်းကတောင် သေဖွယ်ဖြစ်နေပါတယ်။

 

လက္ဖက္ေျခာက္လုပ္ငန္းမ်ား (၂၉၆) ခုကိုရွာရန္ႏွိပ္ပါ။

 

အခြား ပိုးသတ်ဆေးများ

မနှစ်က Kenya Medical Research Institute က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုမှာ Nairobiမှာ ရောင်းတဲ့ကြက်မှာ ဆေးအများအပြားအထိုးခံထားရ ရုံတင်သာမက ဆေးယဉ်ပါးနေတဲ့ Ecoli ပိုး ကိုပါတွေ့ရှိခဲ့ပါတယ်။

ပုံမှန်အားဖြင့် Ecoli ပိုးကို လူနဲ့ အခြားတိရိစ္ဆာန်တွေရဲ့ အူအတွင်းမှာ တွေ့ရှိရပြီးတော့ လူကို အန္တရာယ် မဖြစ်စေပါဘူး။ ဒါပေမယ့် ရောင်းတဲ့ ကြက်မှာတွေ့ရတဲ့ Ecoli ကတော့ ကုသခြင်းမရှိရင် သေနိုင်တဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်စေတဲ့အတွက် အလွန်ကြောက်မက်ဖွယ် ကောင်းပါတယ်။

 

လေ့လာမှုအရ ၇၅%သော isolates တွေဟာ အနည်းဆုံး ဆယ့်နှစ်ခုမှာ တစ်ခုသော ပိုးသတ်ဆေးတွေနဲ့ ယဉ်ပါးမှုရှိကြပြီး သူတို့ရဲ့ ၄၀.၄%ကတော့ ပြင်းထန်တဲ့ အမျိုးအစားဆယ်ခု ပါဝင်ကြပါတယ်။

 

Salmonella ပိုးဟာ အခြား ဘက်တီးရီးယားတစ်မျိုး ဖြစ်ပြီး အစာအဆိပ်သင့်ခြင်းကို ဖြစ်စေပါတယ်။ သူဟာလည်း ပိုးသတ်ဆေးယဉ်ပါးမှု ဖြစ်နိုင်ပါတယ်။ ဒီရောဂါပိုးကို ကြက်သားမှာသာမက အခြားအစားအစာတွေ ဖြစ်တဲ့ အသား၊ ကြက်ဥ၊ နွားနို့တွေမှာလည်း တွေ့ရတတ်ပါတယ်။ Ecoli လိုမျိုးပဲ ဒီရောဂါပိုးရရှိခဲ့မယ်ဆိုရင် ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်း၊ အန်ခြင်းနဲ့ အဖျားပြင်းထန်ခြင်းတို့ ဖြစ်နိုင်ပါတယ်။

 

Read More >>>>>   လူ႔ခႏၶာကိုယ္မွာ အစားစားဖို႕ လိုအပ္ေနေသးတယ္ဆိုတာ ဘယ္လိုသိနိုင္မလဲ

 

ကြက်သားဟာ လူတွေကို ကျန်းမာစေရုံသာမက များပြားလှတဲ့ အကျိုးကျေးဇူးတွေ ပေးစွမ်းပါတယ်။ ဒါပေမယ့် သူ့အသားဟာ ထိုးဆေးတွေနဲ့ ညစ်ညမ်းနိုင်တာကြောင့် ကြက်သားကို တရားဝင်တဲ့နေရာတွေကပဲ ဝယ်သင့်ပါတယ်။

 

source:mingalarmorning

 

 

 

 

 

ေဆးထိုးၾကက္သားမ်ားရဲ႕ အႏၱရာယ္

 

ၾကက္သားဟာ အရသာရွိရံုတင္မကပဲ အျခားအသားေတြနဲ႔ ယွဥ္ရင္ က်န္းမာေရးနဲ႔ အေတာ္ညီညြတ္ပါတယ္။

 

သုိ႔ေသာ္လည္း ၾကက္သားစားတဲ့သူေတြဟာ ၾကက္သားခ်က္ဖုိ႔ ျပန္စဥ္းစားဖို႔ လိုေကာင္းလိုပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ ၾကက္သားစားသံုးျခင္းဟာ ေဆးမ်ားထိုးထားမလားဆုိၿပီး အႏၲရာယ္ရွိလို႔ပါပဲ။

 

Read More >>>>>  လူ႕ခႏၶာကုိယ္​စြမ္းအင္အတြက္​ စားပါ ​ေ႐ွာင္​ပါ

 

ၾကက္သားရဲ႕ ေကာင္းက်ိဳးမ်ား

 

ၾကက္သားစားျခင္းဟာ ႂကြက္သားေတြကို သန္မာေစျခင္း၊ က်န္းမာေစျခင္း၊ ကိုယ္ခံအားျမွင့္တင္ေပးျခင္း၊ ႏွလံုးက်န္းမာေရး ေကာင္းမြန္ေစျခင္း (သို႔) ေသြးဆံုးကိုင္ လကၡဏာေတြကို ေလ်ာ့က်ေစျခင္း အစရွိတဲ့ က်န္းမာေရး အက်ိဳးေက်းဇူးေတြ အမ်ားႀကီး ရွိပါတယ္။


ဒါ့ျပင္ ေသခ်ာခ်က္ျပဳတ္ရင္ ၾကက္သားဟာ အလြန္အရသာ ရွိပါတယ္။ ဒါ့ေၾကာင့္ ၾကက္သားေစ်းကြက္ဟာ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္က စၿပီး သိသိသာသာ ျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။


သို႔ေသာ္လည္း ၾကက္သားေစ်းကြက္ျမင့္တက္လာျခင္းကပဲ မလိုလားအပ္တဲ့ ေသေစေလာက္တဲ့ ဆိုးက်ိဳးေတြကို ျဖစ္ေပၚေစပါတယ္။ အဓိကအားျဖင့္ အလယ္အလတ္ (သို႔) ႀကီးမားတဲ့ ၾကက္ျခံေတြမွာ ပိုးသတ္ေဆးေတြကို အလြန္အကြ်ံ သံုးစြဲလို႔ပဲ ျဖစ္ပါတယ္။

 

ၾကက္သားစားျခင္းေၾကာင့္ ျဖစ္ႏိုင္တဲ့ ဆိုးက်ိဳးမ်ား

 

သိပၸံပညာရွင္ေတြက လယ္သမားေတြဟာ ငွက္ေတြကို ပိုမိုႀကီးထြားလာဖို႔၊ ဖ်ားနာမႈ အမ်ိဳးမ်ိဳးကေန ကာကြယ္ႏိုင္ဖို႔နဲ႔ ဝလာေစဖို႔အတြက္ ပိုးသတ္ေဆးေတြ ထိုးေလ့ရွိတယ္လို႔ ဆိုပါတယ္။ ဥပေဒက ခြင့္ျပဳထားတာနဲ႔အညီ အသံုးျပဳတဲ့ ပိုးသတ္ေဆးပမာဏနဲ႔ အမ်ိဳးအစားဟာ တိက်ေသခ်ာသင့္ပါတယ္။ သုိ႔ေသာ္လည္း ၾကက္ျခံပိုင္ရွင္ေတြဟာ အျမတ္ပိုလိုခ်င္တာေၾကာင့္ ၾကက္ေတြကို ေဆးအမ်ိဳးအစားမ်ားမ်ားကို ပမာဏျမင့္ျမင့္ ထိုးတတ္ၾကပါတယ္။ ဒီအျပဳအမူကေတာ့ လူသားေတြရဲ႕ က်န္းမာေရးအတြက္ အႏၲရာယ္ရွိေစနိုင္ပါတယ္။

 

လက္ဖက္ေျခာက္လုပ္ငန္းမ်ား (၂၉၆) ခုကိုရွာရန္ႏွိပ္ပါ။

 

ေဆးဒဏ္ခံႏိုင္တဲ့ ပိုးမႊားမ်ား

 

ပိုးသတ္ေဆး အလြန္အကြ်ံထိုးထားတဲ့ ၾကက္ေတြဟာ ဘာေဆးကိုမဆို မတိုးေတာ့တဲ့ အသက္ရွင္ႏိုင္တဲ့ ဘက္တီးရီးယားပိုးျဖစ္တဲ့ ‘super bugs”ေတြကို ဖန္တီးလိုက္ပါတယ္။ တျခားစကားနဲ႔ ေျပာရရင္ ဒီပိုးမႊားေတြဟာ ဖ်ားေနတဲ့လူေတြကို ဘယ္ပိုးသတ္ေဆးကိုမဆို ခံႏိုင္ရည္ရွိေအာင္ လုပ္လိုက္ပါတယ္။ ဒါ့ေၾကာင့္ ဘယ္ပိုးသတ္ေဆးကမွ အလုပ္မလုပ္ေတာ့တာေၾကာင့္ ပံုမွန္အေအးမိျခင္းကေတာင္ ေသဖြယ္ျဖစ္ေနပါတယ္။

 

အျခား ပိုးသတ္ေဆးမ်ား

 

မႏွစ္က Kenya Medical Research Institute က ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈတစ္ခုမွာ Nairobiမွာ ေရာင္းတဲ့ၾကက္မွာ ေဆးအမ်ားအျပားအထိုးခံထားရ ရံုတင္သာမက ေဆးယဥ္ပါးေနတဲ့ Ecoli ပိုး ကိုပါေတြ႔ရွိခဲ့ပါတယ္။

 

ပံုမွန္အားျဖင့္ Ecoli ပိုးကို လူနဲ႔ အျခားတိရိစာၦန္ေတြရဲ႕ အူအတြင္းမွာ ေတြ႔ရွိရၿပီးေတာ့ လူကို အႏၲရာယ္ မျဖစ္ေစပါဘူး။ ဒါေပမယ့္ ေရာင္းတဲ့ ၾကက္မွာေတြ႔ရတဲ့ Ecoli ကေတာ့ ကုသျခင္းမရွိရင္ ေသႏိုင္တဲ့ အစာအဆိပ္သင့္ျခင္းကို ျဖစ္ေစတဲ့အတြက္ အလြန္ေၾကာက္မက္ဖြယ္ ေကာင္းပါတယ္။

 

ေလ့လာမႈအရ ၇၅%ေသာ isolates ေတြဟာ အနည္းဆံုး ဆယ့္ႏွစ္ခုမွာ တစ္ခုေသာ ပိုးသတ္ေဆးေတြနဲ႔ ယဥ္ပါးမႈရွိၾကၿပီး သူတုိ႔ရဲ႕ ၄၀.၄%ကေတာ့ ျပင္းထန္တဲ့ အမ်ိဳးအစားဆယ္ခု ပါဝင္ၾကပါတယ္။

 

Salmonella ပိုးဟာ အျခား ဘက္တီးရီးယားတစ္မ်ိဳး ျဖစ္ၿပီး အစာအဆိပ္သင့္ျခင္းကို ျဖစ္ေစပါတယ္။ သူဟာလည္း ပိုးသတ္ေဆးယဥ္ပါးမႈ ျဖစ္ႏိုင္ပါတယ္။ ဒီေရာဂါပိုးကို ၾကက္သားမွာသာမက အျခားအစားအစာေတြ ျဖစ္တဲ့ အသား၊ ၾကက္ဥ၊ ႏြားႏို႔ေတြမွာလည္း ေတြ႔ရတတ္ပါတယ္။ Ecoli လိုမ်ိဳးပဲ ဒီေရာဂါပိုးရရွိခဲ့မယ္ဆိုရင္ ဝမ္းေလွ်ာျခင္း၊ ဗိုက္နာျခင္း၊ အန္ျခင္းနဲ႔ အဖ်ားျပင္းထန္ျခင္းတုိ႔ ျဖစ္ႏိုင္ပါတယ္။

 

Read More >>>>>   လူ႔ခႏၶာကိုယ္မွာ အစားစားဖို႕ လိုအပ္ေနေသးတယ္ဆိုတာ ဘယ္လိုသိနိုင္မလဲ

 

ၾကက္သားဟာ လူေတြကို က်န္းမာေစရံုသာမက မ်ားျပားလွတဲ့ အက်ိဳးေက်းဇူးေတြ ေပးစြမ္းပါတယ္။ ဒါေပမယ့္ သူ႔အသားဟာ ထိုးေဆးေတြနဲ႔ ညစ္ညမ္းႏိုင္တာေၾကာင့္ ၾကက္သားကို တရားဝင္တဲ့ေနရာေတြကပဲ ဝယ္သင့္ပါတယ္။

 

source:mingalarmorning

 

 

Read times Last modified on Friday, 14 February 2020 15:59
Rate this item
(0 votes)