Food & Health



အစားအသောက် သွင်းကုန် ကျန်းမာရေးထောက်ခံချက် (Import Health Certificate- IHC လျှောက်ထားရယူရန် သိကောင်းစရာ အချက်အလက်များ

အစားအသောက် သွင်းကုန် ကျန်းမာရေးထောက်ခံချက် (Import Health Certificate- IHC လျှောက်ထားရယူရန် သိကောင်းစရာ အချက်အလက်များ


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

အစားအသောက် သွင်းကုန် ကျန်းမာရေးထောက်ခံချက်(Import Health Certificate- IHC) လျှောက်ထားရယူရန် အသိပေးကြေငြာချက်

 

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ထုတ်ပေးသည့် သွင်းကုန်ထောက်ခံချက် ရရှိထားသော ကုမ္ပဏီများသည် ပြည်ပမှ အစားအသောက်များကို တင်သွင်းလာသည့် အကြိမ်တိုင်းတွင် သွင်းကုန် ကျန်းမာရေး ထောက်ခံချက် (Import Health Certificate IHC) ကို onlinမှ တဆင့်လျှောက်ထားပြီး တင်သွင်းသည့်  အစားအသောက်နမူနာကို သက်ဆိုင်ရာနယ်စပ်စခန်းများ (သို့မဟုတ်) ရန်ကုန် (သို့မဟုတ်) နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနသို့ ကုမ္ပဏီ အစီအစဉ်ဖြင့် ပို့ဆောင်လျှောက်ထားရမည်ဖြစ်ပါသည်။ 

သွင်းကုန်ထောက်ခံချက် (IR) ရရှိပြီးသော ကုမ္ပဏီများအနေဖြင့် http://esubmission.fda.gov.mm/   တွင် မှတ်ပုံတင်ထားသော account မှတဆင့် ဝင်ရောက်၍ တင်သွင်းလာသည့် အစားအသောက်အမယ်များအား သွင်းကုန်ကျန်းမာရေးထောက်ခံချက် (Import Health Certificate IHC) ကို အကောက်ခွန်ဦးစီးဌာနမှ ထုတ်ပေးသော သက်ဆိုင်ရာအစိုးရဌာနများသို့လျှောက်ထားသည့်လျှောက်လွှာအမှတ်(OGA No.)နှင့်တကွ အောက်ပါအထောက် အထားများကို ပူးတွဲတင်ပြလျှောက် ထားရမည်ဖြစ်ပါသည်။

 

၁။ တင်သွင်းအစားအသောက်၏ သွင်းကုန်ထောက်ခံချက် (import recommendation IR)

 

၂။ တင်သွင်းအစားအသောက်ထုတ်လုပ်မှုအမှတ်စဉ်အလိုက် တင်ပို့နိုင်ငံမှ ဓာတ်ခွဲစစ်ဆေး ချက် (Certificate of Analysis CoA)

 

၃။ သင်္ဘောတင်အထောက်အထား (Bill of lading)

 

၄။ ကုန်ပစ္စည်းအမှာစာ (Invoice)

 

၅။ ထုပ်ပိုးပစ္စည်း အမျိုးအစားများ စာရင်း (Packing list)

 

၆။ သွင်းကုန်ကြေညာလွှာ(Released Order)

 

၇။ သွင်းကုန်လိုင်စင် (Import license from Trade Department)

 

၈။ တင်သွင်းအစားအသောက်နမူနာ ဓာတ်ပုံအပြည့်အစုံ (Photo of imported food) တို့ကို online မှ တင်ပြရန် လိုအပ်မည်ဖြစ်သည်။

 

စိစစ်ခ ၅၀,၀၀ဝိ/- (ငါးသောင်းကျပ်တိတိ) နှင့် ဓာတ်ခွဲစစ်ဆေးခ တစ်မယ်လျင် ၂၀၀,၀၀ဝိ/- (နှစ်သိန်းကျပ်တိတိ) ကို online payment ဖြင့် အလွယ်တကူ ပေးချေနိုင်မည်ဖြစ်ပါသည်။

 

သွင်းကုန်ကျန်းမာရေးထောက်ခံချက်လျှောက်ထားရာတွင် နမူနာပေးပို့ရမည့် သက်ဆိုင်ရာ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ရုံးများ-

 

• ချင်းရွှေဟော်နယ်စပ် - လားရှိုးခရိုင် FDA ရုံး (သို့မဟုတ်) နေပြည်တော် FDA ရုံး

 

• မူဆယ်နယ်စပ် - မူဆယ်ခရိုင် FDA ရုံး (သို့မဟုတ်) နေပြည်တော် FDA ရုံး

 

• တာချီလိတ်နယ်စပ် - တာချီလိတ်ခရိုင် FDA ရုံ (သို့မဟုတ်) နေပြည်တော် FDA ရုံး (သို့မဟုတ်) ရန်ကုန် FDA ရုံး

 

• မြဝတီနယ်စပ် - မြဝတီခရိုင် FDA ရုံး (သို့မဟုတ်) နေပြည်တော် FDA ရုံး (သို့မဟုတ်) ရန်ကုန် FDA ရုံး

 

သွင်းကုန်ကျန်းမာရေးထောက်ခံချက်ရရှိမှသာ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းကို ဆက်လက် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ 

 

သွင်းကုန် ကျန်းမာရေးထောက်ခံချက်ကို ဘေးဖြစ်နိုင်ခြေ နိမ့်နှင့် အလယ်အလတ်အစားအသောက်များအတွက် အလုပ်လုပ်ရက် (၇) ရက်အတွင်း ရရှိမည်ဖြစ်ပြီး ဘေးဖြစ်နိုင်ခြေမြင့် အစားအသောက်များအတွက် အလုပ်လုပ်ရက် (၂၁) ရက်အတွင်း ရရှိနိုင်မည် ဖြစ်ပါသည်။

 

နေပြည်တော်

ပြည်ကြီးဇေယျာလမ်း၊ 

စံပယ်အိမ်ရာရှေ့၊ ဇေယျသိဒ္ဓိရပ်ကွက်၊ 

ဇမ္ဗူသီရိ မြို့နယ်၊ နေပြည်တော်။ 

ရန်ကုန်

 အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ(ရန်ကုန်)အမှတ် (၁၆၀ ၊ ၁၇၀) ၊ 

ထောက်ကြန့်တိုးချဲ့ (၁) ရပ်ကွက်၊ 

မင်္ဂလာဒုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး။

 

မူဆယ်

နယ်စပ် အစားအသောက်နှင့် ဆေးဝါး စစ်ဆေးရေးဌာန၊ မူဆယ်မြို့။

ဂေါ်သခွားဘုရားကျောင်းအနီး၊ 

နယ်မြေ (၅)၊ မိုင်းယု (၁၀၅) မိုင်၊ 

မူဆယ်မြို့။

 

လားရှိုး

လားရှိုးမြို့၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊

ခရိုင် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ လားရှိုးမြို့။

ရပ်ကွက် (၁)၊ ထင်းရှုးမြိုင် တိုးချဲ့ကွက်သစ်၊

 

တာချီလိတ်

ခရိုင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ တာချီလိတ်မြို့။

ဆန်ဆိုင်း (ခ)၊ ဝမ်မိုင်ရပ်ကွက်သစ်၊ 

တာချီလိတ်မြို့၊ 

ရှမ်းပြည်နယ် (မြောက်ပိုင်း)။ 

 

မန္တလေး

အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနခွဲ(မန္တလေး)။

၃၅ လမ်း ၊ ၆၄ x ၆၆ ကြား၊ 

မဟာအောင်မြေမြို့နယ်၊

ကျန်းမာရေး စုပေါင်းဝင်း အတွင်း၊

မန္တလေးမြို့။

 

မြဝတီ

နယ်စပ် အစားအသောက်နှင့် ဆေးဝါးစစ်ဆေးရေးဌာန၊ မြဝတီမြို့။

အမှတ် (၆/ ၇) ရပ်ကွက်၊ 

ဗိုလ်ချစ်သူလမ်း၊ မြဝတီမြို့၊ 

ကရင်ပြည်နယ်။

 

မှတ်ပုံတင်ရန် 

https://esubmission.fda.gov.mm/register

 

လမ်းညွှန်ချက် ဖတ်ရှူရန်

https://dut.fda.gov.mm/user-guides/food/guide-for-ihc.pdf

 

 

 

ဆက်သွယ်ရန်ဖုန်း

0673-403967, 

09882853983

 

အစားအသောက် သွင်းကုန်ထောက်ခံချက် Import recommendation - IR လျှောက်ထားရယူရန် သိကောင်းစရာ အချက်အလက်များ  ဖတ်ရှုရန် 

https://www.foodindustrydirectory.com.mm/food-industry/food-health/item/7142-ir.html


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read times Last modified on Thursday, 26 October 2023 20:54
Rate this item
(0 votes)