Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ပြည်တွင်းထုတ် အော်ဂဲနစ် လက်ဖက်ခြောက်များ ပြည်ပသို့ ပိုမိုတင်ပို့ ရောင်းချ

ပြည်တွင်းမှ     စိုက်ပျိုးထွက်ရှိသည့် အော်ဂဲနစ် လက်ဖက်ခြောက်များကို အဆင့်မြင့် နည်းပညာဖြင့်  ထုတ်လုပ်ရောင်းချခြင်းကြောင့်  ယခုနှစ်တွင်  

ယခင်နှစ်များထက်  ပြည်ပသို့   ပိုမိုတင်ပို့ ရောင်းချရကြောင်း စီးပွားရေးနှင့်   ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရပါတယ်။

 

''ပြည်တွင်းကထုတ်တဲ့ အော်ဂဲနစ် လက်ဖက်ခြောက်က ကမ္ဘာ့အဆင့်မီဖြစ်တာကြောင့် ပြည်ပက လစဉ်ဝယ်ယူကြလို့ အရင်နှစ်တွေထက် တင်ပို့ရောင်းချမှု ပမာဏ များတာပါ။ နောင်နှစ်တွေမှာလည်း ပြည်ပကို အော်ဂဲနစ် လက်ဖက်ခြောက် တင်ပို့မှုက မြင့်တက်မယ့် အနေအထားရှိပါတယ်''  ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ    အကြီးတန်းအရာရှိ တစ်ဦးကပြောကြားခဲ့ပါတယ်။

 

အော်ဂဲနစ်လက်ဖက်ခြောက်ကို   ဂျပန်၊ စင်ကာပူ၊  တောင်ကိုရီးယား၊  အိန္ဒိယ၊  မလေးရှား၊ တရုတ်(တိုင်ပေ)၊ ဂျပန်၊ ဂျာမနီ၊ အမေရိကန်၊ ကနေဒါ၊  သြစတြေးလျနှင့်  တရုတ်နိုင်ငံတို့သို့ တင်ပို့ရောင်းချခြင်း ဖြစ်ပြီး ၂ဝ၁၈ ခုနှစ် နှစ်ဆန်းပိုင်းမှ ဇူလိုင်လကုန် အထိ   ပြည်ပသို့   အမေရိကန်ဒေါ်လာ  ၄၅၆၉၄၃  ဒသမ  ၃၃  ဒေါ်လာတန်ဖိုးရှိ  လက်ဖက်ခြောက်တန်ချိန်  ၁၉၂ ဒသမ  ၉၈၄ တန် တင်ပို့ရောင်းချ ထားကြောင်း သိရပါတယ်။

 

ပြည်ပနိုင်ငံများမှ   အော်ဂဲနစ်လက်ဖက်ခြောက်ကို  ဆေးဖော်ရန်နှင့်  စားသုံးကုန်များ ထုတ်လုပ်ရာတွင် ထည့်သွင်းအသုံးပြုရန် ဝယ်ယူခြင်းဖြစ်ပါတယ်။

 

ထို့ပြင် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၈၅၇၆၄ ဒေါ်လာ တန်ဖိုးရှိသော  လက်ဖက်တန်ချိန်   ၆၆ဝ ဒသမ ဝ၃၉  တန်ကို ပြည်ပသို့  တင်ပို့ရောင်းချနိုင်ခဲ့သည်။ ပြည်တွင်း၌ အော်ဂဲနစ်လက်ဖက်ခြောက်များကို  ရှမ်းပြည်နယ်ရှိ တောင်သူများနှင့် စိုက်ပျိုးရေးလုပ်ငန်းရှင်များက  အဓိက ထုတ်လုပ်ကြခြင်းဖြစ်ကြောင်း သိရပါတယ်။ လက်ဖက်သည် နှစ်စဉ် မြန်မာနိုင်ငံအတွက် နိုင်ငံခြားဝင်ငွေ ရှာပေးနေသော ထုတ်ကုန်တစ်မျိုးလည်း ဖြစ်ကြောင်းသိရပါတယ်။

Source: Myawady

Read times Last modified on Tuesday, 18 September 2018 10:33
Rate this item
(3 votes)