Food & Livestock



အင်ဒိုနီးရှား အစိုးရက ဆန် အလုံအလောက် ရှိကြောင်း ပြောကြား

အင်ဒိုနီးရှား အစိုးရက ဆန် အလုံအလောက် ရှိကြောင်း ပြောကြား

To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

အင်ဒိုနီးရှားနိုင်ငံမှ စူပါမားကက်များနှင့် မီနီမားကက်များတွင် ခေတ်ပေါ် ထုပ်ပိုးမှုဖြင့် ရောင်းချသော ဆန်ထုပ်များ ၂၀၂၃ ခုနှစ် နှစ်ကုန်မှစ၍ ပြတ်လပ်မှုများ ဖြစ်ပေါ်နေသော်လည်း စားသုံးသူများအတွက် အရန်ဆန် အလုံအလောက် ရှိကြောင်း အင်ဒိုနီးရှား အမျိုးသားစားနပ်ရိက္ခာအေဂျင်စီ National Food Agency (NFA) အကြီးအကဲ Arief Prasetyo Adi က ပြောကြားသည်။

.


 

အင်ဒိုနီးရှား ခေတ်ပေါ်ဈေးများတွင် ဆန်ပြတ်လပ်

#FoodIndustryGuide

https://www.foodindustrydirectory.com.mm/food-industry/food-livestock/item/7476

အကြောင်းစုံလင် ဖတ်ရှုရန် လင့်ကို ထိပါ


.

ဖေဖော်ဝါရီလလယ်တွင် ဆန်ဈေးသည် ၁ ဒသမ ၆၅ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

.

ခေတ်ပေါ် လက်လီအရောင်းအတွက် ၅ ကီလိုဂရမ် ဆန်ထုပ်များ စတင်ပြတ်လပ်ခဲ့သည်မှာ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ဖြစ်သည်။ သို့ဖြစ်ရာ အကန့်အသတ်ဖြင့်သာ ဝယ်ယူရရှိနိုင်သည်။

.

လက်လီလုပ်ငန်းအသင်း (Aprindo) အကြီးအကဲ Roy Mandey က  ၅ ကီလိုဂရမ် ဆန်ထုပ်များ ပြတ်လပ်မှု ဖြစ်ပေါ်နေကြောင်း အတည်ပြု ပြောကြားသည်။ ဆန်ကုန်သည်များသည်။ ၅၀ ကီလိုဂရမ် ဆန်အိတ်များကိုသာ ထုတ်လုပ်ကြခြင်း၊ အစိုးရ ပြဋ္ဌာန်းဈေးထက် လက်ကားပေါက်ဈေး ပိုများနေခြင်းကြောင့် ခေတ်ပေါ် လက်လီဈေးများ ဖြစ်သည့် စူပါမားကက်များနှင့် မီနီမားကက်များတွင် ၅ ကီလိုဂရမ် ဆန်ထုပ်များ ပြတ်လပ်နေသည်။

.

NFA က အင်ဒိုနီးရှားသည် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၂.၄၄ သန်း တင်သွင်းရန် စီစဉ်နေကြောင်း၊ တနချိန် ၄၄၅,၀၀၀ သည် ယမန်နှစ် တင်သွင်းခွင့်ရသည့် ခွဲတမ်းလက်ကျန် ဖြစ်ကြောင်း ပြောကြားသည်။

.

အင်ဒိုနီးရှားသည် အစိုးရချင်း သဘောတူညီချက်အရ ထိုင်းနိုင်ငံမှ ဆန် မက်ထရစ်တန် ၂၀၀,၀၀၀ ဝယ်ယူတင်သွင်းရန် ကြိုးပမ်းနေကြောင်း  နိုင်ငံပိုင် စားနပ်ရိက္ခာ ဝယ်ယူရေးအေဂျင်စီ Bulog က ပြောကြားသည်။

ဗီယက်နမ်၊ မြန်မာနှင့် ပါကစ္စတန်တို့မှ ဆန် မက်ထရစ်တန် ၅၀၀,၀၀၀ ကို ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့ကြောင်း  Bulog က ပြောကြားသည်။

.

၂၀၂၃ ခုနှစ်တွင် ဆန်တန်ချိန် ၃ ဒသမ ၀၆ သန်း တင်သွင်းခဲ့သည်။

ယခုနှစ်အတွက် တင်သွင်းရန် ခွဲတမ်း တန်ချိန် ၂ သန်း ခွင့်ပြုထားသည်။ လေးပုံတပုံကို မတ်လကုန် မတိုင်ခင် တင်သွင်းမည်။ 

Source: Reuters


To Get Instant Update

https://t.me/Guid4U
JOIN THE CHANNEL 

 

Read times Last modified on Thursday, 15 February 2024 23:23
Rate this item
(0 votes)