Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


ယူကရိန်း ကောက်နှံတင်ပို့မှု ရုရှား ဆိုင်းငံ့ထား

ယူကရိန်း ကောက်နှံတင်ပို့မှု ရုရှား ဆိုင်းငံ့ထား

 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

 

ကုလသမဂ္ဂ၏ ကြားဝင်စေ့စပ်ပေးထားသည့် ယူကရိန်းမှ ကောက်နှံများ တင်ပို့မှု သဘောတူညီချက်ကို ဆိုင်းငံ့ထားရန် ရုရှားအစိုးရက ဆုံးဖြတ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စနေနေ့ (အောက်တိုဘာ ၂၉)တွင် ပြောကြားခဲ့သည်။

အဆိုပါ သဘောတူညီချက်အရ ယူကရိန်းမှ ကောက်နှံတန်ချိန် ၉ သန်းကျော် တင်ပို့နိုင်ခဲ့ပြီး ကမ္ဘာ့ကောက်နှံ ဈေးနှုန်းများ ဈေးကျခဲ့သည်။

ရုရှားသိမ်းပိုက်ခြင်း ခံထားရသော ခရိုင်းမီးယားကမ်းရိုးတန်းတွင် ဆိုက်ကပ်ထားသည့် ရုရှား၏ ပင်လယ်နက်ရေတပ်သင်္ဘောများကို ယူကရိန်းဒရုန်းဖြင့် စနေနေ့ နံနက်ပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။

.

ယူကရိန်း ကောက်နှံများကို ဆင်းရဲသောနိုင်ငံများသို့ တင်ပို့ခြင်းဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။ 

ရုရှားစိုက်ပျိုးရေးဝန်ကြီး Dmitry Patrushev က လာမည့်လေးလအတွင်း ဆင်းရဲသောနိုင်ငံများသို့ ကောက်နှံတန်ချိန် ၅၀၀,၀၀၀ အထိ အခမဲ့ထောက်ပံ့ပေးရန် ရုရှားနိုင်ငံက အဆင်သင့်ဖြစ်နေပြီဟု စနေနေ့အစောပိုင်းတွင် ပြောကြားခဲ့သည်။

"ဒီနှစ် ရိတ်သိမ်းမှုကို ထည့်သွင်းစဉ်းစားပြီး ရုရှားဖက်ဒရေးရှင်းက ယူကရိန်း ကောက်နှံကို အစားထိုး တင်ပို့ပေးနိုင်စေဖို့နှင့်  စိတ်ဝင်စားတဲ့နိုင်ငံအားလုံးကို တတ်နိုင်တဲ့စျေးနှုန်းနဲ့ ရိက္ခာတွေ ပို့ပေးဖို့ အပြည့်အ၀ ပြင်ဆင်ထားပါတယ်" ဟု ၎င်းက ပြောကြားသည်။

.

ရုရှားနှင့် ယူကရိန်းတို့သည် တူရကီတွင် ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားသည့် "ပင်လယ်နက်ကောက်နှံအစီအစဉ်"Black Sea Grain Initiative ကို ဇူလိုင် ၂၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ ၎င်းသဘောတူညီချက်အရ ယူကရိန်းသည် ပြောင်း၊ ဂျုံ၊ နေကြာ ထုတ်ကုန်၊ ဘာလီ၊ ဆီမုန်ညှင်း၊ ပဲပိစပ်၊ ဓာတ်မြေဩဇာ အစရှိသည်တို့ကို ပင်လယ်နက်မှတစ်ဆင့် သင်္ဘောများဖြင့် တင်ပို့ခဲ့သည်။

Source Reuters

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read times Last modified on Saturday, 29 October 2022 23:31
Rate this item
(0 votes)