Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


EU ကို ပျားရည်တင်ပို့နိုင်ဖို့ကြိုးပမ်းနေ

EU ကို ပျားရည်တင်ပို့နိုင်ဖို့ကြိုးပမ်းနေပြီး လက်ရှိမှာပဏာမဓာတ်ခွဲစမ်းသပ်မှုတွေကိုနှစ်ကြိမ်တိုင်ပြုလုပ်ပြီးဖြစ်တယ်လို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ပျားမွေးမြူ မှုဖွံ့ဖြိုးရေးဌာနခွဲကနေသိရပါတယ်။

 

"EU ကို တင်ပို့တဲ့အပိုင်းမှာတော့ ကျွန်တော်တို့ဆီကနေပြီးတော့မှ နမူနာနှစ်ကြိမ်လောက်သူတို့ဆီတင်ပို့နိုင်ဖို့အတွက် ပဏာမဓာတ်ခွဲစမ်းသပ်စစ်ဆေးပြီးဖြစ်ပါတယ်။

 

အဲ့ဒီမှာမှဒါကျွန်တော်တို့ဆီက ခြွင်းချက်အနေနဲ့ဒီပျားရည်ထဲမှာ Nitrofuran ပါတဲ့အခြေအနေကိုတော့ ကျွန်တော်တို့က စုံစမ်းစစ်ဆေးပြီးတော့မှ ပါဝင်ရတဲ့ အခြေခံအကြောင်းအရင်းကို ဖော်ထုတ်နေတယ်ပေါ့"လို့ပျားမွေးမြူ မှုဖွံ့ဖြိုးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်မင်းကပြောပါတယ်။

 

EU ဖက်မှ ပျားရည်တန်ချိန် (၈၀၀)ခန့် ဝယ်ယူဖို့ကမ်းလှမ်းထားတယ်လို့ သိရပြီးလက်ရှိမှာ ဓာတ်ခွဲစမ်းသပ်မှုတွေပြုလုပ်နေတဲ့အတွက် လာမယ့်နှစ်နှစ်၊ သုံးနှစ်အတွင်းမှာတော့ တင်ပို့နိုင်မယ်လို့သိရပါတယ်။

 

"နောက်သူတို့ကြိုက်ပြီဆိုရင်တော့ သူတို့ဈေးကွက်ကလဲ အဆင်ပြေတယ်ဆိုရင်တော့ ဒါကျွန်တော်တို့ဖက်ကလဲပြုပြင်ပြောင်းလဲလာမယ်ဆိုရင် ဒီပျားရည်က EUဈေးကွက်နဲ့တင် ဒါကျွန်တော်တို့နိုင်ငံကထွက်တဲ့ အနေအထားက အဆင်ပြေသွားမှာပါ"လို့ ဦးအောင်မင်းကပြောပါတယ်။

 

ပြည်ပကို ပျားရည်တင်ပို့နေတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ကနေဒါ၊ ဗီယက်နမ်၊ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ဖြစ်ပြီး လက်ရှိဘဏ္ဍာနှစ် ပထမသုံးလပတ်အတွင်း ပျားရည် မက်ထရစ်တန်ချိန်(၁၁၈၇ ဒသမ ၆) တင်ပို့ထားပါတယ်။

 

Credit: Popular

Read times Last modified on Tuesday, 15 January 2019 10:31
Rate this item
(1 Vote)