Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


AEON Orange ကုမ္ပဏီက မြန်မာနိုင်ငံတွင် ဈေးဝယ်စင်တာများဖွင့်ရန် ဆွေးနွေး

AEON Orange ကုမ္ပဏီက မြန်မာနိုင်ငံတွင် ဈေးဝယ်စင် တာ

(Shopping Mall)များဖွင့် လှစ်ပြီး ရင်းနှီးမြှုပ်နှံရန် မြန်မာအစိုးရထံ တင်ပြခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

 

 

ယင်းကုမ္ပဏီသည် ဝန်ကြီးဌာနက ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာနှင့် လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နိုင် ကြောင်းနှင့် ဌာနအနေဖြင့် အဆိုပါမူဘောင်အတွင်းမှ ကူညီပေးမည် ဟု အထက်ပါဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီးဒေါက်တာသန်း မြင့်က ပြောကြားခဲ့ကြောင်း သြ ဂုတ် ၁၉ ရက်တွင် သတင်းထုတ် ပြန်သည်။

 

 

AEON Orange ကို ဂျပန် နိုင်ငံ AEON ကုမ္ပဏီနှင့် ပြည်တွင်းမှ Creation Myanmar ကုမ္ပဏီ အုပ်စုတို့ အကျိုးတူ ပူးပေါင်း၍ ၂၀၁၆ ဧပြီတွင် ထူထောင်ပြီး မြန်မာနိုင်ငံတွင် အရောင်းစင်တာ ၁၄ ခု ဖွင့်လှစ်ရန် စီစဉ်ခဲ့သည်။ ၂၀၁၆ စက်တင်ဘာ ၃၀ ရက်တွင် ပထမဆုံး အရောင်းစင်တာကို မြောက်ဥက္ကလာပမြို့နယ်၌ ဖွင့် လှစ်ခဲ့သည်။

 

 

စီးပွားကူးသန်းဝန်ကြီးဌာန သည် နိုင်ငံခြားသားကုမ္ပဏီ၊ နိုင်ငံ သားနှင့် နိုင်ငံခြားသားပေါင်းစည်း ဆောင်ရွက်သည့် ဖက်စပ်ကုမ္ပဏီ များအား ပြည်တွင်း၌ လက်လီ၊ လက်ကားရောင်းချခွင့်ကို မေလ ၉ ရက်တွင် စတင်ခွင့်ပြုခဲ့သည်။

 

 

ထိုသို့ ခွင့်ပြုခြင်းသည် စားသုံးသူများအပေါ် အမြတ်ထုတ် ခြင်းမရှိစေရန်နှင့် ဈေးကွက်စည်း မျဉ်းများနှင့်အညီ ယှဉ်ပြိုင်မှုတိုး လာစေရန်ဖြစ်ကြောင်း ဝန်ကြီး ဌာနက ထုတ်ပြန်ထားသည်။

 

 

ထို့ပြင် ဝန်ကြီးဌာနသို့ လက် လီ၊ လက်ကားအရောင်းစင်တာ များ ဖွင့်လှစ်ရောင်းချရန် ဂျပန်၊ ထိုင်း၊ ကိုရီးယားကုမ္ပဏီများလာ ရောက်ညှိနှိုင်းနေကြောင်း အဆို ပါဝန်ကြီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးရန်နိုင်ထွန်းက ပြောသည်။

 

 

‘‘ဒီလုပ်ငန်းတွေက ကျန်တဲ့ လုပ်ငန်းစဉ်တွေ လုပ်နေတယ်။ အဲဒါပြီးရင် တရားဝင်မှတ်ပုံတင် ကိစ္စအားလုံး ကိုက်ညီနေတယ် ဆိုရင် ခွင့်ပြုပေးသွားမှာပါ’’ဟု ဦးရန်နိုင်ထွန်းက ပြောသည်။

 

 

နိုင်ငံခြားသားကုမ္ပဏီများ၊ ဖက်စပ် ကုမ္ပဏီများ အနေဖြင့် ပြည်တွင်းတွင် လက်လီ၊ လက် ကားအရောင်းစင်တာများ ဖွင့် လှစ်ပါက အဝတ်အထည်၊ နာရီ၊ အလှကုန်ပစ္စည်းများ၊ လူသုံးကုန် ပစ္စည်းများ၊ အိမ်သုံးပစ္စည်းများ ပါဝင်သည့် ဦးစားပေးကုန်ပစ္စည်း ၂၄ မျိုးကို ဝန်ကြီးဌာနက သတ် မှတ်ထားသည်။

 

 

ထို့ပြင် အဆိုပါကုမ္ပဏီများ သည် လက်လီ၊ လက်ကားလုပ် ငန်းများတွင် ရင်းနှီးမြှုပ်နှံမည်ဆို ပါက လက်လီလုပ်ငန်း၌ ဒေါ်လာ သုံးသန်း ကနဦး မတည်ရမည်ဖြစ် ပြီး လက်ကားလုပ်ငန်းအတွက် ဒေါ်လာငါးသန်း ရင်းနှီးမြှုပ်နှံရမည်ဟု သတ်မှတ်ထားသည်။ ထိုပမာဏတွင် မြေငှားရမ်းခများ ပါဝင်ခြင်းမရှိစေရဟု ကန့်သတ် ထားသည်။

Source: 7 days new

Read times Last modified on Tuesday, 18 September 2018 10:20
Rate this item
(1 Vote)