Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


သင်္ကြန်တွင်း ကြိုတင်ဝယ်ယူထားသင့်တဲ့ မုန့်လုပ်ပစ္စည်းများ

သင်္ကြန်နီးပြီဆိုတော့ ခရီးမသွားဖြစ်ဘဲ၊ ရေပက်ခံမယ့်သူများနဲ့ အိမ်တွင်းပုန်းမယ့် ချစ်ညီအစ်ကို ညီအစ်မတွေအတွက် အစာပြေမုန့်တွေ ၊ အအေးတွေ အစုံအလင်ကို ကြိုတင် သိုလှောင်ထားဖို့ လိုအပ်မှာ အမှန်ပါပဲ။

 

သင်္ကြန်တွင်းမုန့်လုပ်စားမယ်ဆိုရင်တော့ မရှိမဖြစ် ဝယ်ထားသင့်တဲ့ ပစ္စည်းစာရင်းမှာ-

 

-  ကောက်ညှင်းမှုန့် နဲ့ ဆန်မှုန့် (မုန့်လုံးရေပေါ် ပြုလုပ်ရန်)


-  ထန်းညက် (မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း)


-  သာကူ ( ရွှေရင်အေး၊ သာဂူမုန့် ပြုလုပ်ရန်)


-   အုန်းနို့ ခရင်မ်ဘူး (ရွှေရင်အေး၊ သာကူ အုန်းနို့ဆမ်း၊ မုန့်လက်ဆောင်း၊ အုန်းထမင်း၊ သာခွေယိုင်)


-  ပဲကြာဇံ၊ မှိုခြောက်၊ ပန်းခြောက် (ကြာဇံချက်ချက်ရန်)

 

Read more >>>>>  သင်္ကြန်ကာလအတွက် စားသောက်ကုန်များ ကြိုတင်ဝယ်ယူစုဆောင်းမှုများကြောင့် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ရောင်းအားကောင်းနေ


-   ကောက်ညှင်းဆန် အမဲ (သာခွေယိုင်၊ ကောက်ညှင်းငချိတ် ပြုလုပ်ရန်)


-  အကြော်မှုန့် (အကြော်စုံ လုပ်စားရန်)


-  ဆေးကုလားမ (ကျောက်ကျောဖျော်ရည်နဲ့ လုံးစေ့ ဖျော်ရန်)


-  ကျောက်ကျောမှုန့် (ကျောက်ကျော လုပ်စားရန်)


-  သကြား (မုန့်မျိုးစုံ ပြုလုပ်ရန်)


-  နို့ဆီ၊ နို့စိမ်း (မုန့်မျိုးစုံ ပြုလုပ်ရန်)


-  လက်ဖက် နဲ့ အကြော်စုံ (အစာပြေ သုံးဆောင်ရန်)


-  အအေးမျိုးစုံ


-  Pringle အာလူးကြော် မျိုးစုံ (တီဗွီကြည့်ရင်း သုံးဆောင်ရန်)


-  တစ်ခါသုံး ပန်းကန်၊ ခွက် (ဧည့်သည်ဖိတ်မယ့်သူတွေအတွက် ဆောင်ထားရန်)

 

သင်္ကြန်ရောက်ရင် ဆိုင်တော်တော်များများလည်း ပိတ်မှာဆိုတော့ အိမ်အတွက် လိုအပ်တာလေးတွေကို အခုအချိန်မှာ ကြိုတင်ဝယ်ထားဖို့ သတိပေးပါရစေ။

 

ဈေးဝယ်မယ်ဆိုရင်တော့ City Mart ကို ညွှန်းပါတယ်။ အဲဆိုင်မှာဒီနေ့သွားကြည့်တော့ သူတို့ဈေးဝယ်သူတွေကို သင်္ကြန်အတွက် အထူးအစီအစဉ်လေးတွေ စီစဉ်ထားပေးတာတွေ့တယ်။ စတုဒီတာပစ္စည်းကအစ အိမ်အတွက် လိုအပ်တယ့် မီးဖိုချောင်သုံးပစ္စည်း၊ အချိုရည်၊ အအေးတွေကို အစုံအလင်တွေ့ရမှာပါ။

 

Shelves တန်းတွေရှေ့က Price Tag လေးတွေကို သေချာကြည့်စေချင်ပါတယ်။ အဲဒီထဲမှာ လျော့ဈေးတွေ၊ ဘယ်ပစ္စည်းဝယ်ရင် လက်ဆောင်တွေပေးမယ် အစဖော်ပြထားတယ်။ အဲဒါကိုသတိထားပြီးဝယ်ရင် အပိုလက်ဆောင်လေးတွေပါရမှာပါ။ အများကြီးဝယ်တယ့်သူတွေ အတွက်တော့ အဲလို promotion လေးရှိတာ ပိုအဆင်ပြေပါတယ်။

 

နောက်တစ်ခုက ဒီနေ့သွားဝယ်တော့ City Mart ထုတ်ထားတဲ့ City Rewards App နဲ့ ရှင်းမယ်ဆိုရင် ၅၀,၀၀၀ သောင်းဖိုးဝယ်ရင် point ၁၅၀၀၊ ၁၀၀,၀၀၀ ဖိုးဝယ်ရင် point ၄၀၀၀ သင်္ကြန်အထူးလက်ဆောင်အနေနဲ့ ဧပြီလ ၁၂ ရက်နေ့အထိ ပေးတယ်တဲ့လေ။ တစ်ချို့ဒီ App အကြောင်း မသိသေးတဲ့ လူတွေက မရသွားမှာစိုးလို့ ပြန်ရှယ်ပေးလိုက်ပါတယ်။

 

City Rewards App ကို Google Play Store Download ပြုလုပ်ပြီးသုံးရင် City Mart မှာ ဈေးဝယ်တိုင်း point လေးတွေ ပြန်ရမှာပါ။ ပုံမှန်ဆိုရင် ၂၀၀ ကျပ်ဖိုးဝယ်တိုင်း ၁ point သူကစုစုပေးတာ ခုလို Seasonal တွေမှာဆိုရင်တော့ ပိုရတတ်ပါတယ်။

 

Credit: Wutyeefoodhouse

Read times Last modified on Friday, 05 April 2019 16:17
Rate this item
(1 Vote)