Food & Livestock

×

Warning

JUser: :_load: Unable to load user with ID: 540


တရုတ်ကုန်သည်များ ဆန်အ၀ယ်များသော်လည်း သကြားဝယ်ယူမှု လျှော့ချ

ယူနန်ပြည်နယ်၏ ဆန်လိုအပ်ချက်ကြောင့် တရုတ်ကုန် သည်များက မြန်မာနိုင်ငံမှ ဆန် ၀ယ်ယူမှု

တိုးမြှင့်သော်လည်း သကြားအ၀ယ်ကို ၇၅ ရာခိုင်နှုန်း ခန့် လျှော့ချလိုက်ကြောင်းမူဆယ်မြို့ ကုန်သည်များထံမှ သတင်းရရှိသည်။

 

တရုတ်ကုန်သည်များ မြန်မာနိုင်ငံမှ ဆန်ဝယ်ယူမှု မြင့်တက် နေသော်လည်း ယခင်နေ့စဉ် ပျမ်းမျှ အိတ်ရေ ရှစ်သောင်းခန့် ရောင်းချနေရသော သကြားကို တရုတ်အစိုးရ၏ ဖမ်းဆီးမှုကြောင့် လက်ရှိတွင် တစ်ရက်လျှင် အိတ်ရေ နှစ်သောင်းခန့်သာ ရောင်းချနေရသည်။

 

တရုတ်-မြန်မာနယ်စပ် ကုန်သွယ်ရေးတွင် သကြားတင်ပို့မှုကို မြန်မာနိုင်ငံအစိုးရက တရားဝင် လိုင်စင်ဖြင့် ခွင့်ပြုထားသော်လည်း ယူနန်ပြည်နယ်အစိုးရက တရားဝင် ခွင့်မပြုခြင်းကြောင့် တရုတ်ကုန်သည်များက မြန်မာ့ လယ်ယာထွက်ကုန်များကို တရားမ၀င် ကုန်သွယ်ရေးဖြင့်သာ ၀ယ်ယူနေရကြောင်း ကုန်သည်များက ဆိုသည်။

 

ထို့ကြောင့် ယူနန်ပြည်နယ်တွင် လိုအပ်သည့် ကုန်ပစ္စည်းများ၊ စားသောက်ကုန်များ တင်သွင်းမည်ဆိုပါက တရုတ်အစိုးရက တရုတ်ကုန်သည်များကို ဖမ်းဆီးစစ်ဆေးမှုလျှော့ပေးပြီး မလိုအပ်သည့် ကုန်ပစ္စည်းများကို ဖိ အားပေး ဖမ်းဆီးလေ့ရှိကြောင်း ကုန်သည်များထံမှ သိရသည်။

 

ဝယ်လိုအား လျော့ကျမှုကြောင့် ပြည်ပမှတင်သွင်းပြီး တစ်ဆင့်ခံ နယ်စပ်ကုန်သွယ်ရေးဖြင့် တရုတ်နိုင်ငံသို့ ရောင်းချနေသည့် သကြားက ယခုရက်ပိုင်းတွင် တစ်အိတ်လျှင် ယွမ် ၃၀ ခန့် ဈေးနှုန်းကျဆင်းလာသည်။ သ ကြားတစ်အိတ်လျှင် ၂၄၀ ယွမ် (ကျပ် ၄၆,၀၀၀) မှ ၂၁၃ ယွမ် (ကျပ် ၄၀,၀၀၀ ခန့်)သို့ ဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။

 

သင်္ကြန်ပွဲတော်အပြီးက စတင်၍ တရုတ်ကုန်သည်များက မြန်မာ့ဆန်ကိုတစ်ရက်လျှင်အိတ် ရေလေးသောင်းခန့် တိုးမြှင့်ဝယ်ယူပြီး ဈေးနှုန်းကိုလည်း ယခုနှစ်ဆန်းတွင် တစ်အိတ်လျှင် ၁၀ယွမ် (၁,၉၂၀ ကျပ်) ဈေးတိုးမြှင့်ပေးပြီး ၀ယ်ယူကြောင်း ကုန်သည်များထံမှ သိရသည်။

 

ယခင်က တရုတ်ကုန်သည် များသည် မြန်မာနိုင်ငံမှ ဆန်ကို တစ်ရက်လျှင် ပျမ်းမျှ အိတ်ရေနှစ် သောင်းခန့်သာ ၀ယ်ယူခဲ့သည်။

 

လက်ရှိ၌ မူဆယ်မြို့တွင် နွေ ရှယ်အမျိုးအစား ဆန်တစ်အိတ်လျှင် ယွမ် ၁၅၀ (၂၈,၈၀၀ ကျပ် ခန့်) ဈေးရှိကြောင်း မူဆယ်ကုန် စည်ဒိုင်စာရင်းများအရ သိရသည်။

 

တရုတ်နိုင်ငံမှ ဆန်ဝယ်လိုအား မြင့်တက်လာခြင်းကြောင့် ပြည်တွင်းမှ မူဆယ်နယ်စပ်ကုန် သွယ်ရေးဇုန်သို့ နေ့စဉ် ဆန်အိတ်ရေ လေးသောင်းမှ ငါးသောင်းကြား ၀င်ရောက်နေသည်။

Source: 7 day news

Read times Last modified on Wednesday, 19 September 2018 13:46
Rate this item
(1 Vote)